Pages

Starting blog with Wordpress  

Wednesday, October 21, 2009


Step 1

ကဲ..။ ဘယ်လိုလုပ်သလဲ စ ရအောင်..။ ပထမဆုံး wordpress.com ကို သွားပါ။ Sing Up Now! မှာ click လုပ်ပါ။ Sing Up page ကို ရောက်သွားပါလိမ့်မယ်..။ အဲဒီမှာ Username (img 1), Password & Confirm (img 2), Email Address (img 3) တွေ မှန်အောင်ဖြည့်ပါ..။

21

(img 1)

32

(img 2)

41

(img 3)

နောက်တော့ Legal Floatsam မှာ Terms of service (img 4) ကို သဘောတူပါကြောင်း Check လုပ်ပေးပါ..။ Gimme a blog! (img 5) မှာ click လုပ်ပါ..။ ပုံမှန်အားဖြင့်တော့ ရွေးပြီးသား ဖြစ်နေတတ်ပါတယ်..။

51

(img 4)

11

ပြီးရင် Next မှာ click လုပ်ပါ။

Step 2

blog domain ကို ရွေးရပါတယ်..။ အနည်းဆုံး စာလုံးလေးလုံးပါဝင်ရပါမယ်..။ နာမည် ထပ်နေတယ်ဆိုရင်တော့ ပြန်လည်ရွေးချယ်ရပါမယ်..။ blog title ကို ကိုယ်နှစ်သက်တဲ့ Title တစ်ခုပေးပါ..။ Language မှာတော့ English ပဲ ထားပေးပါ..။ တကယ်လို့ ကျွန်တော်တို့ ဘလော့ကို search engine မှာရှာလို့တွေ့စေချင်တယ် ဆိုရင်တော့ Privacy မှာ On ထားပေးပါ..။ မလုပ်ချင်ရင် ဖြုတ်ထားလို့ရပါတယ်..။ ပြီးရင်တော့ Signup မှာ နှိပ်ပါ..။

Step 3

ဒီအဆင့်မှာတော့ Account Activate လုပ်ပေးရဖို့ပါ..။ ကျွန်တော်တို့ရိုက်ထည့်လိုက်တဲ့ mail address ကို wordpress က စာလှမ်းပို့ထားပါလိမ့်မယ်..။ အဲဒီလင့်ခ်ကနေ activate လုပ်ပြီး ကျန်တဲ့ step တွေ ဆက်လုပ်ရမှာပါ..။

ဒါဆိုရင် ကိုယ့်နာမည်နဲ့ blog တစ်ခု wordpress.com မှာ ဖန်တီးပြီး ဖြစ်သွားပါပြီ..။

wordpress က PHP နဲ့လုပ်ထားတာပါ..။ blogspot မှာ သုံးတဲ့ function တချို့ကိုလည်း ဒီမှာသုံးလို့ရပါတယ်..။ နောက်တစ်ချက် blogspot မှာရေးခဲ့စာတွေကိုလည်း ဒီဘက်ကို သယ်လာလို့ရပါတယ်..။ wordpress က ရိုးရှင်းတယ်..။ Template တစ်ခုပြောင်းချင်တယ်ဆိုဦး လွယ်လွယ်ကူကူ ကိုယ်ကြိုက်တာရွေး ကလစ်ခေါက်လိုက်ရုံပါပဲ..။ Install လုပ်ပြီး သုံးချင်တယ်ဆိုရင်တော့ ကိုယ်ပိုင် ဟို့စ်တင်နဲ့ ဒိုမိန်းနဲ့ ရှိနေမှ အဆင်ပြေပါတယ်..။


AddThis Social Bookmark Button
Email this post


Design by Amanda @ Blogger Buster