Pages

လူးဝစ်စ်ဘာရဂမ်ရဲ့ အိမ်  

Saturday, November 28, 2009

သယ်၇င်းတို့ေ၇ ... တော်တော်လေးကိုမှ နေခြင်စဖွယ်ကောင်းပြီး
ကဗျာလဲဆန်တဲ့ အိမ်လေးတစ်လုံးပါ။
အဲဒီလိုအိမ်လေးတစ်လုံးပိုင်ဆိုင်ပြီး ချစ်သူနဲ့ အတူနေ၇မယ်ဆို၇င်တော့ဗျာ ... ။

မက္ကဆီကိုနိုင်ငံ၊ မက္ကဆီကိုစီးတီးမှာ၊ (၁၉၄၇)ခုနှစ် ကတည်းက တည်ဆောက်ခဲ့တာပါ၊ ခုတော့ ယူနက်စကိုက အသိအမှတ် ပြုထိန်းသိမ်းထားတဲ့ အိမ် တဖြစ်လဲ ပြတိုက် ဖြစ်နေပါပြီ။ အိမ်လေးက မထင်မရှားရပ်ကွက်မှာပဲ တည်ရှိတာဆိုတော့ ဗိသုကာက အဲဒီပတ်ဝန်းကျင်မှာ ရှိတဲ့ အဆောက်အအုံတွေရဲ့ အသွင်အပြင်ကို မပျောက်စေရပါဘူး၊ အရောင်တွေကိုလည်း ဒေသခံတွေ သုံးတတ်တဲ့ မူလအရောင်ကိုပဲ အများဆုံး အသုံးပြုထားတယ်။

အိမ်ရှေ့ကို ရောက်တယ်ဆိုရင်ပဲ အရောင်တွေကို တွေ့ရပါပြီ၊ ဒီအရောင်တွေကို တွေ့ရင်ပဲ ဒီဗိသုကာလို့ သိနိုင်တာမျိုး။ ဒီဗိသုကာရဲ့ ဒီဇိုင်းတွေမှာ ပြင်ညီချပ်တွေနဲ့ အရောင်တွေနဲ့ပဲ ဖွဲ့စည်းထားတတ်ပါတယ်၊ အဲဒါသူ့ရဲ့ ကိုယ်ပိုင်ဟန်ပဲ။ ဒီအိမ်လေးမှာ ဗိသုကာလက်ရာရယ်လို့ ထူးခြားစွာတွေ့ရမှာက အရောင်တွေရယ်၊ အလင်းရောင် သုံးထားတာရယ် ပြီးတော့ ဥယျာဉ်အသေးစားလေး ၇ယ်ပါပဲ။



 အိမ်ရှေ့တံခါးကနေ ၀င်လိုက်ရင် ဒီလိုအရောင်တွေနဲ့ ဖွဲ့စည်းထားတဲ့ ခန်းမငယ်လေးကို အရင်ရောက်မယ်၊ လှေကားတွေကို တက်ရပါလိမ့်အုံးမယ်၊ အပေါ်မှာ အလင်းရောင်က ဆီးကြို နေလိမ့်မယ်၊ ဗိသုကာပေးချင်တဲ့ ဗိသုကာရသက အဲဒီလိုပါပဲ။



ဧည့်လမ်းညွှန်နဲ့ သွားရင် သူ အရင်ခေါ်သွားမယ့် နေရာကတော့ ဒီပြတင်းရှိတဲ့နေရာပါပဲ၊ အပြင်ဖက်က စိမ်းလန်းတဲ့ မြင်ကွင်းနဲ့ သဘာဝအလင်းရောင်၊ သဘာဝကရတဲ့ အရောင်တွေကို အတွင်းကနေ ကြည့်ရူခံစားပေရော့ပဲ။



ပြီးတော့ ကိုးပေ အမြင့်ရှိတဲ့ စာအုပ်စင်၊ ပရိဘောဂတွေအားလုံးကို ဗိသုကာ လူးဝစ်စ်ကိုယ်တိုင် ဒီဇိုင်းရေးဆွဲ ပြုလုပ်ထားတာဖြစ်ပါတယ်။





အဲဒီလှေကား၊ နံရံကနေ အစွန်းထုတ်ထားတာ၊ ဘေးကနေကြည့်ရင် ဖြူဖွေးတဲ့နံရံမှာ လိုင်းလေးဆွဲထားသလိုပဲတဲ့။



ဗိသုကာ လူးဝစ်စ်ဟာ မြင်းကို ကြိုက်နှစ်တတ်သူမို့ မြင်းရုပ်ထုတွေကို သူ့ရဲ့ဒီဇိုင်းဖွဲ့စည်းမူမှာ ထည့်ထားတတ်တယ်၊ သူဒီဇိုင်းထုတ်ခဲ့တဲ့ မြင်းစောင်းအဆောက်အအုံမှာ ဆိုရင်လည်း ဒီလိုပဲ ပန်းခရမ်းရောင်အတော်များများကို သုံးထားပါသေးတယ်။ အဲဒီအဆောက်အအုံမှာ ဒီဇိုင်းအစိပ်အပိုင်းတခုအနေနဲ့ ရေကို ထည့်သွင်း ဒီဇိုင်းလုပ်ထားပါသေးတယ်။






AddThis Social Bookmark Button
Email this post


Design by Amanda @ Blogger Buster