Pages

VCD ကာရာအိုကေ စာတန်းထိုးနည်း  

Thursday, November 19, 2009

VCD သီချင်းတွေကို သီချင်းစာသားထိုးတာတွေဟာပုံမှန်အားဖြင့်တော့ Adobe Premier နဲ့ Title Deko ကိုသုံးပါတယ်။ အချိန်တော့နဲနဲပေး၇ပါတယ်။
အချိန်လဲအကုန်သက်သာပြီး၊လုပ်၇တာအ၇မ်းလဲမခက်တဲ့
software လေးကိုစမ်းပြီးသုံးကြည့်စေခြင်ပါတယ်။
စာတန်းထိုးဖို့အတွက် လိုအပ်တဲ့ Software တွေက Divxland Media Subtitler ပါ။ ပြီးတော့ VirtualDub ရယ်၊ Xvid Encoder ရယ်ပါ။ စုစုပေါင်း သုံးမျိုးပါ။ အကုန်လုံးဟာ Free ပေးတာဖြစ်ပြီး http://www.divxland.org/ မှာ ရနိုင်ပါတယ်။

စလုပ်ဖို့အတွက် Notepad ထဲမှာ Myanmar Font နဲ့ (Unicode Font သုံးမရပါ) သီချင်းစာသားတွေကို အဖြတ်လိုက် တကြောင်းချင်း ရိုက်ထည့်ရပါမယ်။ ပြီးရင် တစ်နေရာမှာ သိမ်းလိုက်ပါ။ နောက် Divxland Media Subtitler ကို ဖွင့်ပြီး စာသားထည့်မယ့် Video ဖိုင်ကို ဖွင့်ရပါတယ်။

ပြီးတော့ အစောက Notepad နဲ့ ရိုက်ထားတဲ့ စာသားဖိုင်လေးကို ဖွင့်ရပါတယ်။ ပြီးတဲ့အခါမှာ သီချင်းကို Play လုပ်ပြီး အဲဒီ Program မှာပါတဲ့ Apply ခလုတ်လေးကို နှိပ်လိုက်၊ လွှတ်လိုက်လုပ်ပြီး အသံနဲ့ စာနဲ့ ကိုက်အောင် လုပ်ရပါတယ်။ ပြီးသွားရင် ဖိုင်ကို သိမ်းရပါတယ်။ သူက Subtitle ဖိုင်လေး တစ်ဖိုင်ကို ထုတ်ပေးပါလိ့မ်မယ်။ ဒီနေရာမှာ သတိပြုရမှာက သိမ်းတဲ့အခါမှာ ဖိုင် Format ကို SubStation Alpha ကို ရွေးရပါတယ်။

ပြီးရင်တော့ File ကနေ Embed Subtitle ကို ရွေးရုံပါပဲ။ အဲဒီအခါမှာ VirtualDub Program ရှိတဲ့ နေရာကို ရွေးရတာတို့၊ Xvid Encoder ကို သုံးရတာတို့ စတာတွေကို လုပ်ပေးရပါတယ်။
နောက်ဆုံးမှာတော့ စာတန်းထိုးပြီးသား ဗွီဒီယိုသီချင်းတစ်ပုဒ်ကို အချိန်တိုလေးအတွင်းမှာ ဖန်တီးလို့ ရသွားပြီပေါ့။

လုပ်နည်း အသေးစိတ်ကို http://www.divxland.org/ မှာ လေ့လာလို့ရပါတယ်။ အခု software တွေနဲ့ လုပ်တာ တွေဟာ စာတန်းထိုးရုံ သက်သက်ဖြစ်ပြီး အသံအတိုင်း highlight လုပ်တာကိုတော့ လုပ်မရပါဘူး။ ပြီးတော့ Myanmar Font တွေနဲ့ ပတ်သတ်ပြီး နည်းနည်းပြဿနာ ရှိပါတယ်။ ရ မပေါ်တာတို့ ဘာတို့ ဖြစ်ပါတယ်။ Gandamar-Letter1 Font နဲ့ကတော့ လုံးဝအဆင်အပြေဆုံးပဲ
လို့ သိ၇ပါတယ်။

AddThis Social Bookmark Button
Email this post


Design by Amanda @ Blogger Buster