Pages

အဖြူအမဲ ဓါတ်ပုံလေးကို ရောင်စုံဓါတ်ပုံပြောင်းမယ်  

Tuesday, December 1, 2009


ပထမဆုံး photoshop ကနေ Black & white ပုံလေးကို ဖွင့်လိုက်ပါ။ File >> open (Key Ctrl+O) (သို့) ဖွင့်ထားသော Folder ထဲကနေ Photoshop ထဲကို မောက်စ်ဖြင့် ဖိဆွဲကာ ထည့်လိုက်ပါ။ Photoshop ထဲကို ပုံကလေး ရောက်သွားပြီဆိုလျှင် ပုံတွင်ပြထားသည့်အတိုင်း ဆက်လက်လုပ်ဆောင်လိုက်ပါ။ (မှတ်ချက်။ ။မိမိ ရွေးချယ်ထားသောပုံတွင် အရမ်းမဲနက်ခြင်း မရှိပါက ယခုပြုလုပ်မည့်အဆင့်ကို လုပ်ဆာင်ရန်မလိုပါ။)


Image >> Adjustments >> Levels (or) Key => Ctrl+L



ထိုအခါ Box လေးတစ်ခုပေါ်လာပါမည်။ အောက်ပါအတိုင်း အနီဝိုင်းလေးပြထားသောနေရာကို မောက်စ်နှင့် ကလစ်တစ်ချက်ထောက်ပြီး ပုံပေါ်ရှိ အမဲဆုံး အနက်ဆုံးနေရာတစ်ခုကိုထောက်လိုက်ပါ။ ထိုအခါ ပုံသည်ယခင်ကထက်ပိုမို တောက်ပလာပါလိမ့်မည်။ မိမိပုံသည် နဂိုရှိရင်းစွဲက မရမ်းမည်းနေလျှင် သိသာမည်မဟုတ်ပါ။ ထို့နောက် အနီပြထားသောနေရာ၏ ညာဘက် တစ်ခုကျော် အစိမ်းရောင်ပြထားသော နေရာကို မောက်စ်နှစ် တစ်ချက်ကလစ်ပါ။ ထို့နောက် ပုံပေါ်ရှိ အဖြူဆုံးနေရာကို ထောက်လိုက်ပါ။ ပုံသည် ပိုမို လင်းသွားသည်ကိုတွေ့ရမည်။ လုပ်ဆောင်မှုများ ပြီးဆုံးလျှင် OK ပေးလိုက်ပါ။



ထို့နောက် ဒုတိယအဆင့်အနေနှင့် ဓါတ်ပုံအား RGB Color စနစ်မှ CYMK Color စနစ်သို့ပြောင်းပါမည်။ အောက်ပါအတိုင်းဆက်လက်လုပ်ဆောင်ပါမည်။ Image >> Mode >> CYMK Color



အမှန်ခြစ်ကလေးသည် RGB Color တွင်ပြနေမည်။ အဘယ်ကြောင့်ဆိုသော် မူရင်းပုံသည် RGB Color စနစ်ဖြင့် ပြုလုပ်ထားသောကြောင့်ဖြစ်သည်။ CYMK Color ကို ကလစ်ထောက်လိုက်မှသာ CYMK Color စနစ်သို့ပြောင်းသွားပါသည်။ ထို့နောက် အောက်ပါအတိုင်း CYMK Color စနစ်ကို အသုံးပြုကာ Color ပုံတစ်ခုကို ဖန်းတီးသွားပါမည်။ Layer Box တွင် ပုံပေါ်သို့ကလစ်ထောက်ပြီး Ctrl+j ကိုနှိပ်လိုက်ပါ။ ထိုအခါ layer အသစ်တစ်ခုပေါ်လာပါမည်။ Ctrl+J ကိုအသုံပြုကာ Copy လုပ်လိုက်ခြင်းဖြစ်ပါသည်။ ထိုသို့မရပါက အောက်ပါအတိုင်းလုပ်ဆောင်နိုင်ပါသည်။ ထိုLayer ကိုမောက်စ်ဖြင့်ဖိဆွဲကာ ပုံတွင်အနီဝိုင်း ကလေးဖြင့်ပြထားသော နေရာကိုဆွဲထည့်ပါ။ Layer ကိုမောက်စ်ဖြင့် ဖိဆွဲလိုက်သောအခါ မောက်စ် မြှားကလေးသည် လက်အသွင်ပြောင်းသွားပြီး ဆုပ်ကိုင်ထားသည့် ပုံပေါ်နေပါသည်။ သို့မှသာ အလုပ်လုပ်ဆာင်မှာဖြစ်သည်။ မဖြူဝိုင်းလေးကန့်လန့်ဖြတ် ပေါ်နေလျှင် မရသေးပါ။ (သို့မဟုတ် ထိုlayer ပေါ်တွင် မောက်စ်၏ ညာဘက်ကစ်ထောက်ကာ Duplicate layer ကိုကလစ်လိုက်ကာ Ok ပေးခြင်းဖြင့် ပြုလုပ်နိုင်ပါသည်။) Ctrl+J သည် အမြန်ဆုံးနည်းသာ ဖြစ်ပါသည်။ ထိုသို့ Copy ပြုလုပ်လိုက်သောအခါ layer Box တွင် layer နှစ်ခုပြနေပါမည်။



ထို့နောက် Copy ကူးလိုက်သောLayer ကို Color ပြောင်းပါမည်။ အောက်ပါပုံများအတိုင်း အဆင့်ဆင့်ဆက်လက်လုပ်ဆောင်ပါ။ Image >> Adjustments >> Curves ( Key => Ctrl+M)



Box တစ်ခုပေါ်လာမည်။ အောက်ပါအတိုင်းသာ ဖြည့်လိုက်ပါ။ ပထမပုံလေးအတိုင်း အနီဝိုင်းလေး ပြထားသော နေရာကို ကလစ်ပါ။ ထို့နောက် Cyan ကို ကလစ်ပေးပါ။ ပြီးလျှင် ဒုတိယပုံတွင်ပြထားသော အနီဝိုင်းအတွင်းမှ လေးထောင့်အမဲစက်ကလေးကို မောက်စ်နှင့် ဖိကာ လိုအပ်သလို အပေါ်အောက် ကစားပေးနိုင်ပါသည်။ ပုံတွင်ပြထားသည့်အတိုင်းထားလိုက်ပါ။ ထိုနည်းအတိုင်းပင် အောက်ရှိ ပုံများအတိုင်းသာ ဆက်လက်လုပ်ဆောင်သွားပါ။



black ကိုတော့ ပြင်စရာမလိုပါ။ ထို့နောက် OK ပေးလိုက်ပါ။ အောက်ပါပုံအတိုင်း Color ပုံဖြစ်လာပါမည်။ သို့သော် ပြီးပြည့်စုံသောပုံတစ်ပုံမဖြစ်သေးပါ။ (မှတ်ချက်။ ။ အနီဝိုင်းကလေးအတွင်းရှိ အမဲစက်ကလေးကို မောက်စ်ဖြင့် ထောက်ကာ စိတ်ကြိုက်ပြုပြင်ဖန်းတီးနိုင်ပါသည်။ ထိုအမဲစက်ကလေးများကို တစ်စက်မက အသုံးပြုနိုင်ပါသည်။ မျည်းကြောင်းပေါ်တွင်(အမဲစက် မရှိသော နောက်ထပ်တစ်နေရာ) မောက်စ်ကို ထောက်လိုက်သည်နှင့် အမဲစက်နောက်တစ်စက်ထပ်မံပေါ်လာပါမည်။ မိမိစိတ်ကြိုက်စမ်းသပ်ကြည့်ပါ။)



ထို့နောက် Polygonal Lasso Tool ကိုအသုံးပြုကာ ဆံပင်အရောင်ကို ပထမပြောင်းပါမည်။ Polygonal Lasso Tool ကိုကလစ်လိုက်ပါ ထို့နောက် ပုံတွင်ပြထားသည့်အတိုင်း ဆံပင်ရှိရာနေရာကို ကွက်ကာ မောက်ဖြင့် နည်းနည်းချင်း ဖြည်းဖြည်းချင်း ထောက်လိုက် လွှတ်လိုက် ပြုလုပ်ရင်း ရွေးချင်သွားပါမည်။



စမှတ်နှင့်ဆုံးမှတ်ဆုံသွားသော အခါ လိုင်းကလေးများပြေးနေပါမည်။ ထိုအခါ ဆံကေသာကို ရွေးချယ်ပြီးသား ဖြစ်သွားပါပြီ။ ထို့နောက် Layer Box တွင် Color ပုံ Layer ပေါ်သို့် ကလစ်ထောက်ကာ Ctrl+J နှိပ်လိုက်ပါ။ ထိုအခါ ဆံကေသာပုံ သက်သက် layer အသစ်တစ်ခုပေါ်လာပါလိမ့်မည်။ အဘယ်ကြောင့်ဆိုသော် ကျွန်တော်တို့ Polygonal Lasso Tool ကိုအသုံးပြုကာ ဆံ ပင်ကိုသာ ရွေးချယ်ထားသောကြောင့် ဖြစ်ပါသည်။ ရွေးချယ်ထားခြင်းမရှိပါက Color layer တစ်ခုလုံးကို Copy ကူးမည်ဖြစ်သည်။



ဆံပင်ပုံ layer ကိုကလစ်ထောက်ကာ ရွေးချယ်လိုက်ပါ။ အထူးရွေးချယ်နေစရာမလိုပါ။ လုပ်ဆောင်မှု ပြုလုပ်လိုက်တိုင်း ထို layer အသစ်ကို ရွေးချယ်ပြီးသားဖြစ်နေမှာပါ။ အဘယ်ကြောင့် ကလစ်ထောက်ခါ ခဏခဏရွေးချယ်နေရပါသနည်းဆိုလျှင် အကြောင်းကိစ္စတစ်ခုခုကြောင့် အခြား layer များပေါ်သို့ ကလစ်ထောက်ထားမိလျှင် မိမိပြုလုပ်သော effect များ ထို layer ပေါ်သို့ သက်ရောက်သွားမည် ဆိုးသောကြောင့် ဖြစ်ပါသည်။ ရွေးချယ်ပြီးလျှင် အောက်ပါအတိုင်းဆက်လက် လုပ်ဆောင်ပါ။ အထက်တွင် ပုံဖြင့်ဖော်ပြထားသဖြင့် မဖော်ပြတော့ပါ။( Ctrl+M ကိုနှိပ်လိုက်ပါ) Image >> Adjustments >> Curves (Key => Ctrl+M) ပေါ်လာသော Box တွင် အောက်ပါပုံလေးအတိုင်းပြင်လိုက်ပါ။ ဆံပင် အရောင်ပြောင်းပုံနှင့် ပုံတစ်ခုလုံးအရောင်းပြောင်ပုံ နည်းစနစ်ခြင်း အတူတူပင်ဖြစ်သည်။ ကိန်းဂဏန်းများသာ ကွာခြားသွားပါသည်။ ကျွန်တော်ထားသော ကိန်းဂဏန်းများမှမဟုတ်ပါ။ မိမိတို့ စိတ်ကြိုက်ပြုပြင် ဖန်တီးနိုင်ကြပါသည်။ စိတ်ကြိုက်အရောင်များသုံးနိုင်ပါသည်။




စိတ်ကြိုက်ပြုပြင်ပြီးပါက OK ကိုကလစ်လိုက်လျှင် ဆံပင်အရောင်ပြောင်းလဲသွားပါသည်။ ထို့နောက် မျက်လုံးအရောင်များကို ထိုနည်းအတိုင်းပင် ဆက်လက်ပြောင်းသွားပါမည်။ ယခုပြုလုပ်ရမည့်အချက်ကို အနည်းငယ်သတိပြုစေလိုပါသည်။ ရွေးချယ်ရမည့် Layer ကိုမမှားမိစေရန်သတိပြုပါ။ ယခုရွေးချယ်မည့် Layer မှာ ဆံပင်နှင့် မူရင်း Black&white layer အကြားရှိ Color layer ဖြစ်ပါသည်။ Color layer ကို မောက်စ်ဖြင့် ကလစ်ထောက်ပြီး ရွေးလိုက်ပါ။ ထို့နောက် Polygonal Lasso Tool ကိုရွေးပါ။ မျက်ခုံးနေရာကို ရွေးချယ်ပါမည်။ ပုံကိုအနည်းငယ်အကြီးချဲ့လိုက်ပါ။ Keyboard မှ Ctrl နှင့် + ကိုတွဲနှိပ်ပါ။ Zoom ချဲ့ပြီးလှိုလျှင် Ctrl နှင့် + ကိုနှိပ်ပါ။ Zoom ချုံ့လိုလျှင် Ctrl နှင့် - ကိုတွဲနှိပ်ပါ။ မျက်နှာနေရာကို ကောင်းမွန်စွာမြင်ရပါက မျက်ခုံးနေရာကို Polygonal Lasso Tool ကိုသုံးကာ အောက်ပါအတိုင်းရွေးချယ်ပါသည်။



ပထမမျက်ခုံးကို Polygonal Lasso Tool နှင့် ရွေးချယ်ပြီးပါက ဒုတိယမျက်ခုံးကို ရွေးချယ်ရန် Shift Kye ကို နှိပ်ထားပြီး ဆက်ဆွဲပါ။ (မှတ်ချက်။ ။ Shift Key ကိုနှိပ်ထားခြင်းဖြင့် ထပ်ပေါင်းမည်ဟု အဓိပ္ပါယ်ရပါသည်။ Ctrl Key ကိုနှိပ်ထားလျှင်တော့ အနှုတ်သဘောဆောင်ပါသည်။ ) မျက်ခုံးနှစ်ခုလုံးကို ရွေးချယ်ပြီးလျှင် Layer Box မှ Color layer(layer name = Background copy) ကို မောက်စ်ဖြင့် ကလစ်ပါ။ ထို့နောက် Ctrl+J ကိုနှိပ်ပါ။ ထိုအခါ အောက်ပါအတိုင်း Color layer နှင့် ဆံပင် layer နှစ်ခုအကြားတွင် မျက်ခုံးပုံ layer အသစ်တစ်ခုပေါ်လာပါမည်။



ထို့နောက် မျက်ခုံးအရောင်ကို ဆံပင်အရောင်ကဲ့သို့ပင် အောက်ပါအတိုင်း အရောင်ပြောင်းလဲသွားပါမည်။
Ctrl+M ကိုနှိပ်ပါ။ ကိန်းဂဏန်းများကို အောက်ပါပုံများအတိုင်း ဆောင်ရွက်ပါ။



ပြုပြင်ပြီးလျှင် Ok ပေးလိုက်ပါ။ ထိုနည်းအတိုင်းပင် မျက်လုံးနှင့် နှုတ်ခမ်းများ သွားများကိုပါ အရောင်ပြောင်းလဲ ပေးလိုက်ပါ။ ထိုအခု အောက်ပါပုံအတိုင်း Color ပုံလေးတစ်ပုံရသွားပါလိမ့်မည်။ (မှတ်ချက်။ ။ မျက်လုံးနှင့် နှုတ်မ်းများ သွားများကို အရောင်ပြောင်းမည်ဆိုလျှင် အရင်ဆုံး Layer Box မှ Color layer(Brockground copy) ကို မောက်စ်နှင့် အရင်ဆုံးရွေးချယ်ရန်မမေ့ပါနှင့်။)

AddThis Social Bookmark Button
Email this post


Design by Amanda @ Blogger Buster