Pages

ကာလာပုံလေးကို အဖြူအမဲလှလှလေးပြောင်းမယ်  

Wednesday, December 2, 2009


မင်္ဂလာပါ ... ဒီတစ်ခါတော့ ကာလာဓါတ်ပုံလေးတစ်ပုံကို အဖြူအမဲပုံလေးအဖြစ် ပြောင်းလဲဖန်တီးကြ ရအောင်ပါ။ ဘာများထူးဆန်းလို့လဲ Photoshop မှာ Ctrl+Shift+U ကိုနှိပ်လိုက်တာလေးနဲ့ အဖြူအမဲ ပြောင်းသွားတာပဲလို့ ပြောမယ်ဆိုလဲ ရပါတယ်။ ဒါပေမယ့် အဖြူအမဲ ပြောင်းသွားတာချင်း မတူပါဘူး။ ဒီအတိုင်း ပြောင်းယူလိုက်တာနဲ့ ဘယ်လိုများ ကွာခြားလဲဆိုတာ ကြည့်ကြရအောင်။


ဒီပုံလေးကတော့ ပြောင်းပြီးသွားတဲ့ ပုံလေးပါ။


ပထမဆုံးအနေနဲ့ Photoshop မှာ မိမိပြောင်းလိုတဲ့ပုံကို ဖွင့်လိုက်ပါ။ ပြီးလျှင် အောင်ပါအတိုင်း လုပ်ဆောင်ပါ။ (Key => Ctrl+Shift+U) Image >> Adjustments >> Desaturate (Key=> Ctrl+Shift+U)


အခုဆိုရင် ပုံလေးဟာ အဖြူအမဲကိုပြောင်းသွားပါလိမ့်မယ်။ ပြီှးလျှင် Image >> Adjustments >> Lavels (Key => Ctrl+L)



Box လေးတစ်ခုပေါ်လာပါလိမ့်မည်။ အောက်ပါပုံတွင် အနီဝိုင်းလေးနှင့်ပြထားသော နေရာကို မောက်စ်ဖြင့် တစ်ချက်ထောက်ကာ ဓါတ်ပုံပေါ်ရှိ အမဲနက်ဆုံးမဟုတ်သော အနီးစပ်ဆုံးအမဲနေရာလေး တစ်ခုကိုထောက်လိုက်ပါ။ (မျက်စေ့ရှုပ်သွားလားမသိဘူး အမဲဆုံးနေရာကိုထောက်လျှင် ဓါတ်ပုံအရောင်သည် ပိုမဲသွားမည်မဟုတ်ပါ။ ဓါတ်ပုံကို နည်းငယ်ပိုမိုမဲနက်စေချင်သောကြောင့် အရမ်းမမဲသော နေရာကိုထောက်ခြင်းဖြစ်ပါသည်။)



မောက်ကလေးနှင့် ဓါတ်ပုံအနည်းငယ်မဲလာသည်အထိလိုက်ထောက်ကြည့်ပါ။ အရမ်းမဲသောနေရာကို ထောက်မိပါက ဓါတ်ပုံသည် ပိုဖြူလာပြီး အမဲရောင်ဖျော့သောနေရာကို ထောက်မိသောအခါ ဓါတ်ပုံသည် ပိုမဲနက်လာသည်ကိုတွေ့ရပါမည်။ အနည်းငယ်မဲသွားလျှင်ရပါပြီ။ ထို့နောက် အောက်ပါပုံလေးပြထားသည့် အတိုင်း ထားလိုက်ပါ။ ထိုအနီဝိုင်းပြထားသောနေရာလေးများကို မောက်စ်ဖြင့်ဖိဆွဲကာ ဘယ်ညာရွှေ့ခြင်း ဖြင့်လည်း အဖြူအမဲ အရောင်ကို မိမိစိတ်ကြိုက်ဖန်တီးနိုင်ပါသည်။



စိတ်ကျေနပ်ပြီဆိုလျှင် OK ပေးလိုက်ပါ။ ထို့နောက် Image >> Mode >> CYMK Color



အခုဆိုလျှင် JPG Color စနစ်မှ YCMK Color စနစ်သို့ပြောင်းသွားပါပြီ။ အဲဒီနောက်မှာတော့ Ctrl+M ကိုနှိပ်လိုက်ပါ။ Box တစ်ခုပေါ်လာပါလိမ့်မည်။ ပုံတွင်ပြထားသည့်အတိုင်း အနီဝိုင်းနေရာလေးကို ထောက်လိုက်ပါ။ ပြီးနောက် အောက်ပါပုံလေးများအတိုင်း အဆင့်အဆင့်လုပ်ဆောင်လိုက်ပါ။



cyan ကိုအရင်ရွေးလိုက်ပါ။ပုံ(၁) ပြီးလျှင် အောက်က နှစ်ခုကိုဆက်ရွေးပြီး ပုံများတွင်ပြထားသည့်အတိုင်း ထားလိုက်ပါ။ပုံ(၂) ၊ ပုံ(၃) ။ ပုံတွင် အနီဝိုင်းလေးပြထားသော နေရာကို မောက်စ်ဖြင့် မိကာ ရွှေ့နိုင်ပါသည်။ ထိုသို့ရွေ့လိုက်လျှင် လေးထောင့်ကွက်ကလေးထဲရှိ ကန်းဂဏန်းများပြောင်းလဲသွားသည် ကိုတွေ့ရပါမည်။(မှတ်ချက်။ ။ ယခုတော့ ပုံပါအတိုင်းသာထားလိုက်ပါ။)



အားလုံးပြင်ပြီှးလျှင် OK ပေးလိုက်ပါ။ ထို့နောက်
Image >>Mode >> RGB Color



CYMK Color စနစ်မှ RGB Color စနစ်သို့ပြန်ပြောင်းခြင်းဖြစ်ပါသည်။ ထိုသို့မပြောင်းခဲ့မိလျှင် အချို့ Command များကို အသုံးပြုမရဖြစ်တတ်သည်။ ထို့ကြောင့် RGB Color စနစ်သို့ ပြောင်းရခြင်းဖြစ်သည်။ ပြီးလျှင် Ctrl+J ကိုနှိပ်လိုက်ပါ။ layer ကို Copy ကူးလိုက်ခြင်းဖြစ်သည်။ ထို့နော် အောက်ပါအတိုင်းလုပ်ဆောင်ပါ။
Image >> Adjustments >> Variations



အောက်ပါအတိုင်းပုံလေးတွေ ပေါ်လာပါမည်။



more Yellow ဟုပြထားသော ပုံလေးကို ၄ ချက်လောက် မောက်စ်ဖြင့် ကလစ်လိုက်ပါ။ ပြီးလျှင် အိုကေပေးလိုက်ပါ။ ပုံလေးသည် အ၀ါရောင်ပြောင်းသွားပါမည်။
ထို့နောက် အောက်ပါအတိုင်းဆက်လုပ်ပါ။ Overlay ပေးလိုက်ပါ။ Opacity ကို ၅၀ ထားပါ။



ထို့နောက် Ctrl+J နှိပ်ပါ(Copy ကူးခြင်းဖြစ်သည်)။ ရှင်းလင်းချက်များ အရင်ကျွန်တော်တင်ခဲ့သော ပို့စ်များတွင် ပါပြီးဖြစ်သည်။ ထို့နောက်
Image >> Adjustments >> Hue/Saturations ( Key=> Ctrl+U)



Box တစ်ခုပေါ်လာမည်။ အောက်ပါပုံအတိုင်းထားလိုက်ပါ။



ပြီှးလျှင် OK ပေးလိုက်ပါ။ ထို့နောက် Ctrl+J နှိပ်ပါ။(Copy ကူးခြင်း)။ ပြီးလျှင် Ctrl+U ကိုနှိပ်ပါ။ စောစောကအတိုင်း Box ပေါ်လာပါမည်။ အောက်ပါပုံလေးအတိုင်းထားပြီး OK ပေးလိုက်ပါ။



ပြီှးလျှင် Layer >> Merge Visible (Key Ctrl+Shift+E)



Layer Box ရှိ Layers အားလုံးကိုပေါင်းလိုက်ခြင်းဖြစ်သည်။ ပြီးလျှင် Ctrl+Shit+U ကိုနှိပ်ကာ အဖြူအမဲကာလာကို ပြောင်းလိုက်ပါ။ ထို့နောက် Ctrl+M ကိုနှိပ်ပါ။ Box တစ်ခုပေါ်လာမည်။ အောက်ပါပုံလေးအတိုင်း အဖြူအမဲကို ချိန်ပြီး ကာလာတင်လိုက်ပါ။



OK ပေးလိုက်သောအခါ မိမိစိတ်ကြိုက် အဖြးအမဲပုံလေးထွက်လာပါပြီ ။ ထိုသို့ပြုလုပ်လိုက်သော ဓါတ်ပုံလေးသည် အရမ်းအဖြူရောင်တောက်နေပါလျှင် အောက်ပါအတိုင်းလုပ်ဆောင်လိုက်ပါ။



Foreground Color ကို အမဲရောင်ပြောင်းလိုက်ပါ။ ပြီးလျှင် Alt+Del နှိပ်ကာအမဲရောင်ဖြည့်လိုက်ပါ။
(Alt+Del = foreground color ဖြည့်ခြင်း ၊ Ctrl+Del = Background color ဖြည့်ခြင်း )ထို့နောက် ၄င်း layer ကို Overlay ပေးလိုက်ပါ။ ထိုအခါ အမဲရောင်များသောပုံလေးတစ်ခု ဖြစ်လာပါလိမ့်မည်။

AddThis Social Bookmark Button
Email this post


Design by Amanda @ Blogger Buster