Pages

Mark Elliot Zuckerberg  

Wednesday, December 16, 2009

ကျွန်တော်တို့ နေ့ စဉ်နီးပါးသုံးဆွဲနေတဲ့ social wesite တစ်ခု၇ှိပါတယ်။
သယ်၇င်းတို့ သိကြပြီးဖြစ်မှာပါ။ အဲဒါကတော့ Facebook ပါ။
Friedster, zorpia အစ၇ှိသဖြင့်ပေါ့လေ...။Facebook ကဲ့သို့ social wesite တွေတော်တော်များများ၇ှိပါတယ်။ အသုံးလဲပြုကြပါတယ်။
အဲဒီ site တွေထဲကမှ Facebook ၇ဲ့ တည်ထောင်သူလဲဖြစ်၊ လက်၇ှိ Facebook မှာ
CEO တာဝန်ကိုယူထားသူလဲဖြစ်သူ Mark Elliot Zuckerberg ဆိုတဲ့
လူငယ်လေးတစ်ယောက်အကြောင်းကိုနဲနဲလောက်ဖေါက်သည်ချခြင်ပါတယ်။
ကျွန်တော်တို့ ဟာ Facebook ကိုသုံးနေ၇င်း၊
Facebook ကိုတည်ထောင်ခဲ့သူ၇ဲ့ 
အကြောင်းလဲသိထားမယ်ဆို၇င်ပိုမကောင်းဘူးလားဗျာ။
ဘာပဲဖြစ်ဖြစ်အားကြအတုယူစ၇ာကောင်းသလို
ဗဟုသုတလေးလဲ၇တာပေါ့ဗျာ ... ဟုတ်ဘူးလား။ ဖတ်ကြည့်လိုက်ကြအုံးပါနော်။

Mark Elliot Zuckerberg



အမည် ............. Mark Elliot Zuckerberg
မွေးဖွား ............ ၁၉၈၄၊ မေလ၊ ၁၄၇က်။
ဇာတိ .............. ဝှိုက်ပလိန်း၊ နယူးယောက်၊ အမေ၇ိကန်ပြည်တောင်စု။
ပိုင်ဆိုင်မှု ......... US$ 1.5 Billion ( 2008 )
ပညာေ၇း ........ Phillips Exeter Academy, Harvard University
ဘာသာ ........... ဘာသာမဲ့

Time Magazine ကေ၇ွးချယ်ထားတဲ့အလွှမ်းမိုးနိုင်ဆုံးလူ ၁၀၁ ဦးမှာ
သူ့ ၇ဲ့ အဆင့်က ၅၂ ပါ။
ဂျူးလူမျိုးမိခင်ဖခင်တို့ ကမွေးဖွားခဲ့တဲ့ အမေ၇ိကန်ဖွားဂျူးလူမျိုးတစ်ဦးပါ။
သူ့ မိဘတွေကတော့ သွားဆ၇ာဝန်နဲ့ သမားတော်ကြီးတွေပါ။
သူဟာအသက်အငယ်ဆုံး ဘီလံနာတစ်ဦးဖြစ်ပါတယ်။
အလယ်တန်းကျောင်းသားဘဝထဲက ပ၇ိုဂ၇မ်တွေကိုစတင်ေ၇းသားခဲ့ပါတယ်။
အထက်တန်းအောင်တော့ Microsoft ကသူ့ ကိုခေါ်ဖို့ ကြိုးစားခဲ့ပေမဲ့ သူဟာလက်မခံခဲ့ပဲ
Harvard University ကိုပဲသွားခဲ့ပါတယ်။
၂၀၀၄၊ ဖေဖေါ်ဝါ၇ီမှာ Facebook ကိုသူ့ သူငယ်ချင်းတစ်ယောက်နဲ့ 
စပြီးလွှင့်တင်ခဲ့ပါတယ်။
စစခြင်းမှာတော့ Harvard University ကျောင်းသားအခြင်းခြင်းအပြန်အလှန်
ဆက်သွယ်ကြဖို့ ပဲ၇ည်၇ွယ်ခဲ့တာပါ။
ဒါပေမဲ့ စတန်းဖို့ ဒ်၊ ဒါးမောက်၊ ကိုလံဘီယာ၊ ကော်နယ်လ်၊ ယေးလ် အစ၇ှိတဲ့ University
တွေကိုပါပြန့် နှံသွားပြီး ယနေ့ အချိန်မှာတော့နိုင်ငံတကာမှ လူကြီးလူငယ်မေ၇ွးအသုံးပြုနေသော၊ အောင်မြင်နေတဲ့ social website တစ်ခုဖြစ်လာတော့ပါတယ်။
ပထမဆုံး Facebook office လေးကို ကာလီဖိုးနီးယားပြည်နယ်၊
ပါလိုအယ်လ်တိုမြို့ လေးမှာစတင်တည်ထောင်ခဲ့ပါတယ်။
Facebook ဟာအခုဆို၇င် ဒေါ်လာ ၁၅ ဘီလီယံတန်ကြေး၇ှိနေပါပြီ။
Facebook ၇ဲ့ ၇ှယ်၇ာ ၁.၆ % ကို Microsoft က
ဒေါ်လာသန်း ၂၄၀ နဲ့ ဝယ်ယူထားပါတယ်။
Forbes Magazine ၇ဲ့ ၂၀၀၈ ခုနှစ်ဖေါ်ပြမှုအ၇ သူဟာ အမေ၇ိကန်နိုင်ငံ၇ဲ့ 
အချမ်းသာဆုံးလူ ၄၀၀ ထဲမှာအငယ်ဆုံးဖြစ်ပြီး၊
၃၂၁ ယောက်မြောက်အချမ်းသာဆုံးအမေ၇ိကန်နိုင်ငံသားပါ။
Mark Elliot Zuckerberg ၇ဲ့ ပုံ၇ိပ်တစ်ချို့ ကိုဖေါ်ပြပေးလိုက်ပါတယ်ခင်ဗျာ။








Thanks.



AddThis Social Bookmark Button
Email this post


0 comments: to “ Mark Elliot Zuckerberg

Design by Amanda @ Blogger Buster