Pages

စင်္ကာပူဒေါ်လာ @ 2009 (Bye bye)  

Wednesday, January 6, 2010

စင်္ကာပူ တစ်ဒေါ်လာ ပေးဈေးနှုန်းထားကတော့ . .
စင်္ကာပူ ပင်နင်ဆူလာဈေးကွက်အတွင်း . .
ပုံမှန်ဈေး (ပျမ်းမျှဈေးဟုလည်း ဆိုနိုင်ဖွယ်ရှိသော) ပမာဏနှုန်းထားအဖြစ် 715 Ks မှာရှိနေကြပြီး . .
အချို့ နေရာများ . . 718 Ks ဝန်းကျင်မှာ ရရှိနေတာကြောင့် . .

ခရစ်သက္ကရာဇ် ၂၀၀၉ ခုနှစ်ကြီးကိုတော့ အပိတ်ဈေး 718 Ks ဖြင့်လက်ပြနှုတ်ဆက်သွားပြီလို့ ပြောလို့ရပါမယ်ခင်ဗျာ။

၂၀၀၉ ခုနှစ် တစ်နှစ်တာလုံးအတွင်း စင်္ကာပူဒေါ်လာ ပေးဈေးနှုန်းထားများကို ပြန်လှည့်ကြည့်လိုက်ပါက - အနိမ့်ဆုံးရောက်ရှိခဲ့တဲ့ စင်္ကာပူတစ်ဒေါ်လာ ပေးဈေးဟာ ဖေဖော်ဝါရီလလယ်ပိုင်းလောက်မှာ စတင်ခဲ့သလို ခြောက်ရာကျပ်အောက် ရောက်သွားခဲ့တာ ဖြစ်ပြီး အတိအကျညွှန်းရလျှင် ၆၄၀ ကျပ်အထိ အနိမ့်ဆုံးရှိသွားခဲ့ဖူးပါတယ်။
အမြင့်ဆုံးပေးဈေးနှုန်းထားအနေနဲ့တော့ ၇၉၀ ကျပ်ကို ပြန်ကျော်ပြီး အရင်ရွှေခေတ် ၈၀၀ ကျပ်နား ရောက်ဖို့ နေနေသာသာ ၇၉၀ ကျပ်ကိုတောင် မကျော်ခွနိုင်တော့ပဲ ၇၈၈ ကျပ်ဝန်းကျင်နားမှာပဲ တစ်ဆို့နေခဲ့သလို အောက်ဖက်သို့ တစ်ရွေ့ ရွေ့ နဲ့ ပြန်လှိမ့်ဆင်းသွားခဲ့တာကြောင့် ခုလို ၇၁၈ ကျပ်နဲ့ပဲ တာ့တာပြသွားခဲ့တာဖြစ်ပါတယ်။

ဟိုးအရင် ၂၀၀၇၊ ၂၀၀၈ ခုနှစ်များကလို ရွှေထီးဆောင်းခေတ် နဲ့ စိန်ထီးဆောင်းခေတ်သဖွယ် ဖြစ်ခဲ့ဖူးတဲ့ စင်္ကာပူတစ်ဒေါ်လာပေးဈေး ၈၀၀ ကျပ်ကျော်၊ ၉၀၀ ကျပ်ကျော်နှုန်းထားများကို ၂၀၀၉ ခုနှစ်အတွင်း တစ်ရက်ရက်မှာ ပြန်ရောက်လေဦးမလားလို့ မျှော်တလင့်လင့်လုပ်မိကြပေမဲ့ တကယ့်ကို ဘယ်တော့မှ ပြန်မရောက်တော့မဲ့အတိုင်း နေသွားခဲ့ပါပြီ။

ဒီနေ့ ဒီဇင်ဘာ ၃၁ရက်နေ့အပြီး နောက်နေ့ မနက်ဖြန် ဇန်နဝါရီလ ၁ ရက်နေ့မှာ ရောက်တော့မဲ့
၂၀၁၀ ခုနှစ်ကြီး အချိန်ကာလတွေမှာ . . . စင်္ကာပူတစ်ဒေါ်လာ ပေးဈေးနှုန်းထားဟာ . . . အခြေအနေ အကြောင်းကြောင်းကြောင့် . . သမိုင်းတစ်ပတ်ပြန်လည်တတ်သလို ၈၀၀ ကျပ်ကျော်၊ ၉၀၀ ကျပ်ကျော် အထိ . . .
ဖြစ်သွားနိုင်ခဲ့မယ် ဆိုရင်ဖြင့် . . . .။

P.S. Mr. SailOrMoon မှပြန်လည်ကူးယူဖေါ်ပြပေးခြင်းဖြစ်ပါသည်။

AddThis Social Bookmark Button
Email this post


Design by Amanda @ Blogger Buster