Pages

ဘုရား ဂုဏ်တော်ကိုးပါး  

Saturday, January 23, 2010

ဘုရားဂုဏ်တော် ကိုးပါး ပါဠိ

ဣတိပိသော ဘဂ၀ါ -
၁။ အရဟံ
၂။ သမ္မာသမ္ဗုဒ္ဓေါ
၃။ ၀ိဇ္ဇာစရဏသမ္ပန္နော
၎။ သုဂတော
၅။ လောက၀ိဒူ
၆။ အနုတ္တရော ပုရိသဒမ္မသာရထိ
၇။ သတ္ထာ ဒေ၀မနုဿာနံ
၈။ ဗုဒ္ဓေါ
၉။ ဘဂ၀ါ ။

ဘုရားဂုဏ်တော်ကိုးပါး အနက်

(၁) အရဟံဂုဏ်တော်။ ။ သော ဘဂ၀ါ၊ သစ္စာလေးဆင့် ခိုင်လုံးရင့်ကာ ပွင့်လာခေါင်ဖျား ထိုအောင်တော်မူ မြတ်စွာဘုရားသည်။ ဣတိပိ၊ ဤသို့ ကိလေသာတို့မှ ကင်းဝေးတော်မူခြင်း၊ ကိလေသာရန်သူတို့ကို ပယ်သတ်တော်မူခြင်း၊ သံသရာစက်၏ အကန့်အထောက်တို့ကို ဖျက်ဆီးတော်မူခြင်း၊ ပူဇော်အထူးနှင့်တကွ ပစ္စည်းလေးပါးတို့ကို ခံယူတော်မူထိုက်ခြင်း၊ မကောင်းမှုကို ပြုလုပ်ဖွယ် ဆိတ်ကွယ်ရာ မရှိခြင်းဟူသော အကြောင်းကြောင့်လည်း။ အရဟံ၊ "အရဟ" ဟူသော ဂုဏ်တော်မြတ်နှင့် ပြည့်စုံတော်မူပါပေ၏။

(၂) သမ္မာသမ္ဗုဒ္ဓေါဂုဏ်တော်။ ။ သော ဘဂ၀ါ၊ ထိုမြတ်စွာဘုရားသည်။ ဣတိပိ၊ ဤသို့ သယမ္ဘူဥာဏ်တော်မြတ်ဖြင့် မိမိအလိုလို ကိုယ်တော်တိုင်သာလျှင် ကြွင်းမဲ့ဥဿုံ အလုံးစုံသော ဉေ ယျဓံတရားဟူသမျှတို့ကို ကောင်းစွာမဖောက်မပြန် အမှန်ထိုးထွင်း အလင်းထင်ပေါ် သိမြင်တော်မူသော အကြောင်းကြောင့်လည်း။ သမ္မာသမ္ဗုဒ္ဓေါ၊ " သမ္မာသမ္ဗုဒ္ဓ" ဟူသော ဂုဏ်တော်မြတ်နှင့် ပြည့်စုံတော်မူပါပေ၏။

(၃) ၀ိဇ္ဇာစရဏသမ္ပန္နောဂုဏ်တော်။ ။ သော ဘဂ၀ါ၊ ထိုမြတ်စွာဘုရားသည်။ ဣတိပိ၊ ဤသို့ ၀ိဇ္ဇာသုံးပါး ၀ိဇ္ဇာရှစ်ပါး စရဏတရားတစ်ဆယ့်ငါးပါးတို့နှင့် ပြည့်စုံတော်မူသော အကြောင်းကြောင့်လည်း။ ၀ိဇ္ဇာစရဏသမ္ပန္နော၊ " ၀ိဇ္ဇာစရဏသမ္ပန္န" ဟူသော ဂုဏ်တော်မြတ်နှင့် ပြည့်စုံတော်မူပါပေ၏။

(၄) သုဂတဂုဏ်တော်။ ။ သော ဘဂ၀ါ၊ ထိုမြတ်စွာဘုရားသည်။ ဣတိပိ၊ ဤသို့ ငြိကပ်မှုကင်း သန့်ရှင်းလှစွာ ကြွသွားတော်မူခြင်း၊ ကောင်းသော နိဗ္ဗာန်သို့ ဦးတည်၍ ကြွချီတော်မူခြင်း၊ အစွန်းတရားနှစ်ပါးမှ ကင်းလျက် အမှန်လမ်းဖြင့်ကြွသွားတော်မြူ

ခင်း၊ သင့်တင့်လျောက်ပတ် ကောင်းမြတ်သော စကားတော်ကိုသာ မြွက်ဆိုတော်မူခြင်း ဟူသော အကြောင်းကြောင့်လည်း။ သုဂတော၊ " သုဂတ" ဟူသော ဂုဏ်တော်မြတ်နှင့် ပြည့်စုံတော်မူပါပေ၏။

(၅) လောက၀ိဒူဂုဏ်တော်။ ။ သော ဘဂ၀ါ၊ ထိုမြတ်စွာဘုရားသည်။ ဣတိပိ၊ ဤသို့ သတ္တလောက သင်္ခါရလောက သြကာသလောက တည်းဟူသော လောကသုံးပါးတို့ကို လည်းကောင်း၊ လောက၏သဘာဝ လောက၏ဖြစ်ကြောင်းတရား လောက၏ချုပ်ငြိမ်းမှုနှင့် လောက၏ချုပ်ရာ နိဗ္ဗာန်သို့ရောက်ကြောင်း အကျင့်ကောင်းကိုလည်းကောင်း အကြွင်းမရှိ သိမြင်တော်မူသော အကြောင်းကြောင့်လည်း။ လောက၀ိဒူ၊ " လောက၀ိဒူ" ဟူသော ဂုဏ်တော်မြတ်နှင့် ပြည့်စုံတော်မူပါပေ၏။

(၆) အနုတ္တရော ပုရိသဒမ္မသာရထိဂုဏ်တော်။ ။ သော ဘဂ၀ါ၊ ထိုမြတ်စွာဘုရားသည်။ ဣတိပိ၊ ဤသို့ သီလဂုဏ်၊ သမာဓိဂုဏ်၊ ပညာဂုဏ်၊ ၀ိမုတ္တိဂုဏ်၊ ၀ိမုတ္တိဥာဏဒဿနဂုဏ်တော်တို့ဖြင့် မိမိထက်သာလွန်သူ တစ်စုံတစ်ယောက်မျှ မရှိခြင်း၊ မယဉ်ကျေးသော လူနတ် ဗြဟ္မာ သတ္တ၀ါတို့ကို ယဉ်ကျေး လိမ္မာအောင် ဆုံးမတော်မူခြင်း၊ ယင်းသို့ဆုံးမရာ၌ အတုမရှိ အောင်မြင်တော်မူခြင်းဟူသော အကြောင်းကြောင့်လည်း။ အနုတ္တရော ပုရိသဒမ္မသာရထိ၊ " အနုတ္တရော ပုရိသဒမ္မသာရထ" ဟူသော ဂုဏ်တော်မြတ်နှင့် ပြည့်စုံတော်မူပါပေ၏။

(၇) သတ္ထာ ဒေ၀မနုဿာနံဂုဏ်တော်။ ။ သော ဘဂ၀ါ၊ ထိုမြတ်စွာဘုရားသည်။ ဣတိပိ၊ ဤသို့ ဗြဟ္မာနတ်လူ သုံးဘုံသူတို့အား ပစ္စုပ္ပန်သံသရာ နှစ်ဖြာအကျိုးဖွင့်ဖြိုးစေခြင်း
ဌာ သင့်တင့်လျောက်ပတ် ကောင်းမြတ်သော အဆုံးအမကို ပေးတော်မူတတ်ခြင်း၊ ဘ၀ကန္တာရခရီးထဲမှ သတ္တ၀ါတို့ကို ထုတ်ဆောင် ကယ်တင်တော်မူတတ်ခြင်းဟူသော အကြောင်းကြောင့်လည်း။ သတ္ထာ ဒေ၀မနုဿာနံ၊ " သတ္ထာ ဒေ၀မနုဿာန" ဟူသော ဂုဏ်တော်မြတ်နှင့် ပြည့်စုံတော်မူပါပေ၏။

(၈) ဗုဒ္ဓဂုဏ်တော်။ ။ သော ဘဂ၀ါ၊ ထိုမြတ်စွာဘုရားသည်။ ဣတိပိ၊ ဤသို့ သစ္စာလေးပါး မြတ်တရားကို ထင်းရှားပိုင်ပိုင် ကိုယ်တော်တိုင်လည်း သိတော်မူခြင်း၊ သူတပါးတို့ကိုလည်း မိမိနည်းတူ သိမြင်စေခြင်းဌာ ဟောကြားပြသ ဆုံးမတော်မူခြင်းဟူသော အကြောင်းကြောင့်လည်း။ ဗုဒ္ဓေါ၊ "ဗုဒ္ဓ" ဟူသော ဂုဏ်တော်မြတ်နှင့် ပြည့်စုံတော်မူပါပေ၏။

(၉) ဘဂ၀ါဂုဏ်တော်။ ။ သော ဘဂ၀ါ၊ ထိုမြတ်စွာဘုရားသည်။ ဣတိပိ၊ ဤသို့ အလေးပြုအပ်ခြင်း၊ မာရ်ငါးပါးကို ဖျက်ဆီးအောင်မြင်ပြီး ဖြစ်ခြင်း၊ ဣဿရိယ၊ ဓမ္မ၊ ယသ၊ သိရီ၊ ကာမ၊ ပယတ္တတည်းဟူသော ဘုန်းတော်ခြောက်ပါးနှင့် ပြည့်စုံတော်မူခြင်းစသော အကြောင်းကြောင့်လည်း။ ဘဂ၀ါ၊ " ဘဂ၀ါ" ဟူသော ဂုဏ်တော်မြတ်နှင့် ပြည့်စုံတော်မူပါပေ၏။

Mail ထဲကရတာပါ။


AddThis Social Bookmark Button
Email this post


Design by Amanda @ Blogger Buster