Pages

ကာတွန်း ၀င်းမြင့်အောင် နှင့် ကဗျာ  

Friday, January 15, 2010

''ခေတ်ဆန်သူ တပည့်မတို့ သတိရပေရှာ၊
အဓိက စေတနာငယ်၊
မေကညာခင်ထွေး။
ဆရာမ လွန်ကြင်နာလျှင်၊
သွန်သင်တာ မှတ်တော့ မနှေး။

ကာလဖြင့် ပျက်ချင်ပြီ၊
ဖက်ရှင်တွေ ရှုပ်ထွေး၊
အရှက်တွင် အဟုတ်ဝေးပါပေါ့၊
လှုပ်လှုပ်ကလေး တုံတုံ။

ဖန်ပေါင်းချောင် ရေအတွင်း၊
ရွှေငါးကြင်း လွတ်သည်သို့ကြုံ။

အင်္ကျီက အပါးစုံသည်၊
အသား ပုံဝါဝင်းလို့၊
ကျပ်တင်းတင်းတရားကွာ၊
ခါးကတစ်ထွာ။

မောင်အဘ အားနာလျှင်၊
မှားတာကို ပြင်ကြစို့လေး။

မြန်မာညွန့်ညှိုး မကုန်အောင် အမျိုးဂုဏ် ဆယ်ကြစို့လေး''





P.S. Mail ထဲက၇တာပါ။ ကာတွန်းဆွဲသူကတော့ ဝင်းမြင့်အောင်ပါ။
ကဗျာေ၇းသူကတော့ ဘယ်သူလဲမသိပါဘူး။
ကျွန်တော်ကတော့ အကောင်းမြင်ဝါဒသမားပါ။
ဘာကိုမှပြောစ၇ာကိုမ၇ှိပါဘူးခင်ဗျာ။
ကာတွန်းဆ၇ာ၇ဲ့  လက်၇ာနဲ့ ၊
ကဗျာေ၇းသူ၇ဲ့ေ၇းဖွဲ့ ပုံကိုသဘောကြလို့  share လိုက်တာပါ။

ခောတ်ဆန်သူများေ၇ ...
အချစ်ပေါ့မသွားကြနဲ့ အုံး။
သူတို့ေ၇းတာပြောတာကိုထောက်ခံပါတယ်၊
သဘောကြပါတယ်လို့ ပြောတာဟုတ်ဘူးနော်။
ကဗျာဆ၇ာနဲ့ ကာတွန်းဆ၇ာ၇ဲ့ 
အနုပညာကိုသဘောကြတာပါ။
ကျွန်တော်ကတော့ အကောင်းမြင်ဝါဒသမားပါလို့ ပြောပြီးသားနော်။

AddThis Social Bookmark Button
Email this post


Design by Amanda @ Blogger Buster