Pages
အိမ်မလွမ်းတလွမ်းသူ  
Saturday, January 30, 2010
ဖုန်းကတ်ကလေးကို သွားဝယ်လိုက်သည်.. ပြီးတော့ ဂဏန်းရှစ်လုံးနှိပ်ရသည်။ 
ပြီးတော့ ဘာသာစကားရွေးရပြန်သည်။ ပြီးတော့ဂဏန်းပေါင်းများစွာထပ်နှိပ်ရပြန်သည်။
U have 10 $ remaining ဆိုတဲ့မိန်းကလေးတစ်ယေက်အသံကိုစတင်ကြားရသည်။
ပြီးမှအိမ်က ဖုန်းနံပါတ်လေးကို နှိပ်ခွင့်ရသည်.. 951+…. .. .. …. ဂဏန်းများနှိပ်ပြီးသည်နှင့် ...
U have 26 mins remaining for this call ဆိုပြီးကြားရပြန်သည်။
သြော် ဒုက္ခပါလား.. ဖုန်းကဖြင့် ၀င်သည် မ၀င်သည် မသိသေး.. 
ဖုန်းကတ်လေး တစ်ခုကို S$ 8.50 ပေးရသည်.. ထိုကတ်လေးဖြင့် ထိုင်းကိုဆိုလျှင် ၁ နာရီကျော် စကားပြောလို့ရသည်.. အိန္ဒိယကိုတော့ မိနစ် ၉၀ ရသည်ဟုဆိုသည်.. ကျွန်တော်သိသမျှ အာရှနိုင်ငံအားလုံးနီးပါး မိနစ် 100 ဝန်းကျင်အသုံးပြုနိုင်ကြတာတွေ့ရသည်.. 
မြန်မာပြည်ကိုခေါ်လျှင်တော့ ဖုန်းကတ်တစ်ကတ်ကို ၂၆ မိနစ်ပဲ အသုံးပြုလို့ရသည်..
ဒါတောင်  ဖုန်းခေါ်တာလာမကိုင်လို့ ကြာနေလျှင် ထပ်ဖြတ်.. ဖုန်းမ၀င်လျှင် မအားလျှင်ဖြတ်.. 
လူကြီးမင်းနဲ့ တိုးရင်ထပ်ဖြတ် ... ဆက်သွယ်မှုဧရိယာပြင်ပဆိုရင်လဲဖြတ် ...
လူကြီးမင်းခေါ်ဆိုသော Phone သည် တတ်ဆင်ထားခြင်းမရှိပါရှင် ..ဆိုတာမျိုးကပါသေး။ 
မသိရင်ကိုကပဲ မရှိတဲ့ Phone No ကိုရူးကြောင်ကြောင်နဲ့ ခေါ်နေသလိုလို .. 
ဖြတ် .. ဖြတ် ... ဖြတ် ...
အဲဂလိုတွေဖြတ်လို့ အားရပြီဆိုမှဖြင့်ကံကောင်းပြီး
တကယ်တမ်း အိမ်က ဖုန်းကိုင်ပြီဆိုလျှင် စကားပြောချိန်က ၁၅ မိနစ် စာသာကျန်သည်.. အမေ့အသံ အဖေ့အသံ ကြားရရုံလေးတင်.. 
ချစ်သူ့ အသံကိုကြားရရုံလေးတင် ...
ဘာစကားမှ သေခြာမပြောအားပါ.. မလွယ်ဘူးနော်..
Phone card တစ်ခုလုံးခေါ်နေတာနဲ့ ပဲကုန်သွားပြီး 
စကားတစ်လုံးမှ မပြောလိုက်ရပါဘူးဆိုရင်
အပိုတွေပြောတယ်များထင်မလားမသိ။
" လူကြီးမင်းခေါ်ဆိုသော Phone သည် .... "
အဲဒီစကားပြောသောမိန်းကလေးအသံကိုကြားရသည့်အချိန်နှင့်
လူကြီးမင်းနဲ့ တိုးသောအချိန်ကပိုများမည်။
စိတ်ပါလျှင်လူကြီးမင်း မကလေးနှင့် ကလေးပါမွေးလို့ ရနိုင်သည်။
ထို့ ကြောင့် ...
ထိုထိုသောအကြောင်းများကြောင့် ...
ကျွန်တော် မောင်ဇေယျာလှိုင်လေးသည် ...
လွမ်းခြင်ရက်နှင့် မလွမ်းရဲသောကြောင့်
အိမ်မလွမ်းတလွမ်းသူဖြစ်လာရသည်။
ချစ်သူနဲ့ တကွ၊ မိဘညီအစ်ကိုမောင်နှမ ...
သယ်ရင်းများပါမကျန် မောင်ဇေယျာလှိုင်လေးအား
နားလည်ပေးကြခြင်းဖြင့် ကုသိုလ်ယူကြပါကုန်လော့ ... ။
Thanks.
AddThis Social Bookmark Button
Email this post
Design by Amanda @ Blogger Buster