Pages

G mail တွင် attachment နဲ့မဟုတ်ဘဲ ပုံပို့ နည်း  

Friday, January 15, 2010

mail မှာ attachment ဖိုင်နဲ့ ပုံတွေတွဲ ပို့တာကို အားလုံးသိပြီးဖြစ်မှာပါ..
အခု ကျွန်တော်ပြောချင်တာက attach ဖိုင်မဟုတ်ဘဲ
text box ထဲမှာ ပုံကို ထည့်ပြီးပို့ လို့ ရတဲ့နည်းပါ.
သိပြီးသားဆိုရင်တော့  တောင်းပန်ပါတယ်။
Text box ထဲမှာ ပုံထည့် ပို့ တာ ဘာထူးခြားချက်ရှိလဲဆိုတော့
လှုပ်ရှားနေတဲ့ပုံလေးတွေထည့်လို့ ရတာပေါ့ဗျာ.
နောက်ပြီးမေးလ် လက်ခံတဲ့သူဆီမှာလည်း ချက်ချင်းမြင်ရတာပေါ့...
အဲဒါဆိုရင် ဟိုဘက်မေးလ်ဖတ်တဲ့သူဆီမှာ အရုပ်လေးတွေက အသက်ဝင်နေတာပေါ့ဗျာ
ဘယ်လိုလုပ်ရလဲဆိုတော့...Gmail setting > Lab ထဲက အောက်ပိုင်းနားလောက်မှာ
Inserting images ဆိုတဲ့ box မှာ
enable ပေးလိုက်ပါ ..ပြီးရင် save ပေးပါ..
နောက်ပြီး စာပို့ တဲ့အခါ emotion ပုံလေးတွေ အများကြီးထည့်ချင်တယ်ဆိုရင် 
သူ့ အောက်မှာ Extra Emoji ဆိုတာရှိပါတယ်
အဲဒါကိုလည်း enable ပေးပြီး save ပါ..



ပြီးရင် compose mail သွားပြီးကြည့်ကြည့်လိုက်ပါ...
Bold.. Underline စတာတွေရေးထားတဲ့ အတန်းမှာ
အပြာရောင်အကွက်လေးတွေ့ ပါလိမ့်မယ်
ကိုပုံထည့်ချင်တဲ့နေရာမှာ cursor ချပြီးအဲဒါလေးကိုကလစ်လုပ် ၊
ကိုထည့်မယ့်ပုံကို browse လုပ်ပြီး add image လုပ်လိုက်ရင်
ပုံလေးက text ထဲမှာပေါ်နေပါလိမ့်မယ်..
လှုပ်ရှားနေတဲ့ပုံလေးတွေဆိုရင် အရမ်းမိုက်ပါတယ်..
ပုံက size လည်းchange လို့ ရပါတယ်..
ကဲ...အားလုံးပဲ စမ်းသပ်ကြည့်လိုက်ကြပါခင်ဗျာ..


AddThis Social Bookmark Button
Email this post


Design by Amanda @ Blogger Buster