Pages

Gmail Ninja  

Friday, January 15, 2010

ကျွန်တော်တို့၏ Gmail တွင် အီးမေးလ် အသစ် ၁၀၀ ရောက်နေသည်ဆိုပါစို့။ ၄င်းတို့အားလုံးကို အကုန်အစင် ကြည့်ရန် အချိန်မည်မျှ ယူရမည်နည်း။ တစ်နာရီလား။ ငါးမိနစ်လား။ အရေးကြီးသည့် စာများကို မည်သို့ ရှာဖွေပြီး၊ ထိုအရေးကြီးစာကို မည်သို့ ချက်ချင်း အကြောင်းပြန်မည်နည်း။ ထိုစာကို နောက်ထပ် အသုံးပြုနိုင်ရန် မည်သို့ အမှတ်အသား ပြုထားမည်နည်း။ Gmail တွင် ပါရှိသည့် အင်္ဂါရပ်များ (Features) ဖြစ်သည့် stars, filters, keyboard shortcuts နှင့် labels များကို ထိထိရောက်ရောက် အသုံးပြုပါသလား။ Gmail Labs တွင် ပါရှိသည့် Tasks, Canned Responses စသည်တို့ကို အသုံးပြုဖူးပါသလား.. လူတစ်ဦးချင်းစီတိုင်းတွင် ၄င်းတို့၏ အီးမေးလ်များကို အသုံးပြုသည့် နည်းလမ်းများ၊ စီမံခန့်ခွဲပုံများ - ကိုယ်စီ ရှိကြပြီး တစ်ဦးနှင့်တစ်ဦး ခြားနားကြသည်။
သို့သော် အချို့သောသူများသည် ၄င်းတို့၏ အီးမေးလ်များကို အခြားသူများထက် ပိုမိုထိရောက်ကောင်းမွန်စွာ စီမံခန့်ခွဲ၊ အသုံးပြုနိုင်ကြသည်။ တစ်နေ့တွင် အီးမေးလ်စောင်ရေ အနည်းငယ်မျှသာ ၀င်ရောက်နေစေကာမူ - ကျွန်တော်တို့၏ Inbox များတွင် ရောက်ရှိလာသည့် စာများကို ပိုမိုလွယ်ကူစွာ အသုံးပြုနိုင်သည့် လွယ်ကူရိုးစင်းသော နည်းလမ်းများ၊ ပျော်ရွှင်စရာ နည်းလမ်းများ ရှိသည်။

အချိန်သည် တန်ဘိုးရှိသည့်အတွက် Gmail Gmail အသုံးပြုနည်းများကို စုစည်းပြီး Google မှ - "Gmail နင်ဂျာ တစ်ယောက် ဖြစ်အောင်" "Become a Gmail Ninja" ဟူသည့် အမည်ဖြင့် www.gmail.com/tips တွင် Gmail ကို လွယ်ကူ၊ လျင်မြန် ထိရောက်စွာ အသုံးပြုနိုင်သည့် နည်းလမ်းများကို နင်ဂျာတို့၏ ခါးပတ်အဆင့်များအတိုင်း - ခါးပတ်ဖြူ၊ ခါးပတ်စိမ်း၊ ခါးပတ်နက်၊ ပညာရှင် - စသည့် ပျော်ရွှင်စရာ အဆင့်များဖြင့် လေ့လာနိုင်စေရန် ဖန်တီးပေးထားသည်။

သင်သည်လည်း Gmail NInja တစ်ဦးဖြစ်ပြီး သင်၏ အဖိုးတန်နည်းလမ်းများကို အခြားသူများအား ဝေမျှလိုပါက https://spreadsheets.google.com/viewform?formkey=cmIyZ08xLXhTeWQ2eW...... တွင် သွားရောက် ဝေမျှနိုင်သည်။


AddThis Social Bookmark Button
Email this post


0 comments: to “ Gmail Ninja

Design by Amanda @ Blogger Buster