Pages

Gmail > Setting > Labs  

Saturday, January 30, 2010

အဲဒီကို Setting ထဲက Labs ကနေသွားရင်ရပါတယ်။ ပြီးရင် သုံးချင်တာလေးတွေကို Enable လုပ်ပေးလိုက်ပါ။ ကျွန်တော့်အတွက် အဆင်ပြေနေတာတွေက -

> Forgotten Attachment Detector >> ဒါက စာထဲမှာ Attached is the document for blah blah blah ဘာညာရေးထားပြီး ဖိုင် ထည့်ဖို့မေ့သွားရင် ဖိုင်မပါဘူးဆိုပြီး သတိပေးတဲ့ လုပ်ဆောင်ချက်ပါ။ သတိထားရမှာက Attached ဆိုတဲ့ စာလုံး စာကိုယ်ထဲမှာ မပါရင်တော့ သူ detect မလုပ်နိုင်ပါဘူး။

> Undo Send >> ဒါကတော့ ပို့လိုက်ပြီးတော့မှ စာမှာ အမှားပါတာတို့ လိုသွားတာတို့ မပြောသင့်တာတွေ ပြောလိုက်မိတာတို့ဆိုရင် ပြန်ပြီး undo လုပ်တာ။ သူက ပုံမှန်အားဖြင့် ၁၀ စက္ကန့် အတွင်း ပြန်ပြင်ခွင့်ရှိတယ်။ Message ကို ပို့ပြီးတာနဲ့ အပေါ်မှာ Undo လုပ်မလားလို့ မေးလိမ့်မယ်။ လုပ်မယ်ဆို ကလစ်နှိပ်လိုက်တာနဲ့ ခုနက မပို့ရသေးတဲ့ အခြေအနေကို ပြန်ရောက်သွားလိမ့်မယ်။ ဒါပေမယ့် ပို့ပြီးပြီးချင်း refresh တို့ inbox တို့ ကိုနှိပ်လိုက်ရင်တော့ ဒီလုပ်ဆောင်ချက် သုံးလို့မရပါဘူး အတည်ဖြစ်သွားပါလိမ့်မယ်။ တစ်ခါက ရုံးမှာ အိပ်ချင်မူးတူးနဲ့ စာနဲ့ attachment နဲ့က တလွဲစီဖြစ်သွားတာ။ တော်သေးတယ်။ Undo ပြန်လုပ်လိုက်လို့။း)

> Don't Forget Bob >> ဒါက ကိုယ်ပို့နေကျသူတွေကို ဂျီမေးကမှတ်ထားပြီး နောက်အခေါက်တွေ ပို့တဲ့အခါ ဒီလူကျန်သေးလား ဟိုလူကိုရော ပို့ဦးမလားဆိုပြီး သတိပေးတာလေးပါ။ စဉ်းလည်း မစဉ်းစားရတော့ဘူး ရိုက်လည်းမရိုက်ရတော့ဘဲ သူပြလာတာလေးတွေ ကလစ်နှိပ်ရုံပဲဆိုတော့ လက်ရော ဦးနှောက်ရော သက်သာတာပေါ့။

> Got the wrong Bob >> ဒါကတော့ ကိုယ်ရွေးထားတဲ့ နာမည်က နာမည်ခပ်ဆင်ဆင် တစ်ယောက်နဲ့ မှားနေလားဆိုပြီး သတိပေးပါတယ်။

> Insert the image >> ဒါကတော့ ပုံတွေကို သက်သက် attach မလုပ်ဘဲ စာကိုယ်ထဲမှာ တစ်ခါတည်း ထည့်တာပါ။ ပုံတစ်ပုံ ချင်းစီရဲ့ အောက်မှာ စာတွေ ရေးလို့ရတာပေါ့။

> Google Calendar >> ဒါကတော့ ပြက္ခဒိန် အသေးစားလေး။

> Google Documents >> ဒါကတော့ google documents အနှစ်ချုပ်ပေါ့။


>
Sender Time >> ဒါကတော့ ကျွန်တော်အရမ်းကြိုက်တဲ့ လုပ်ဆောင်ချက်ပဲ။
ကိုယ့်ဆီကို ဘယ်သူက ဘယ်နေရာက ပို့တယ်ဆိုတာ သိနိုင်တော့ Spam လား Phishing
လား ဘယ်လိုလူလဲဆိုတာ ခန့်မှန်းလို့ရပါတယ်။ အဲဒီ လုပ်ဆောင်ချက်ကို
ဖွင့်ထားလိုက်ပါ။ ပြီးရင် Mail Header မှာရှိတဲ့ Show Details ကို
နှိပ်လိုက်ရင် Sender Timezone (--GMT) နဲ့ အခု ဘယ်အချိန်ရှိပြီဆိုတာလည်း
ပြောထားတယ်။ ဂျီမေးလ်ရဲ့ ရည်ရွယ်ချက်ကတော့ ကိုယ့်ကို မေးလ်ပို့လာတဲ့သူကို
(အလုပ်၊ တခြား၊ များသောအားဖြင့် ရေမြေခြား အလုပ်) ကိစ္စတစ်ခုခုကြောင့်
ဖုန်းဆက်ဆက်သွယ်မယ်ဆိုရင် သူအိပ်ချိန်လား အလုပ်ချိန်လား
နားလည်ပေးနိုင်အောင် လို့ဆိုပါတယ်


အဲဒီ Labs တွေအပြင် တခြားအများကြီးရှိသေးတယ်။ ကိုယ်နဲ့ အဆင်ပြေတာတွေ ရှိဦးမှာပါ။

သက်သာ ပျော်ရွှင်ပါစေဗျာ။


AddThis Social Bookmark Button
Email this post


0 comments: to “ Gmail > Setting > Labs

Design by Amanda @ Blogger Buster