Pages

itmen  

Friday, January 15, 2010

itmen ဆိုတာ အိုင်တီနည်းပညာတိုးတက်ဖို့ ရေးသားနေကြတဲ့ Blog တစ်ခုပါ။
it ကိုစိတ်ဝင်စားတဲ့ လူငယ်လေးတစ်စု၇ဲ့ ကြိုးစားထားတဲ့ Blog လေးပါ။
တော်တော်လေးလဲကောင်းပါတယ်။
ကျွန်တော်အမြဲဝင်ဖတ်နေတဲ့ blog လေးတစ်ခုပေါ့။
ခုတော့ မြန်မာပြည်မှာ itmen ကိုဝင်ကြည့်လို့ ဝင်ဖတ်လို့ မ၇တော့ဘူးတဲ့။

ကျွန်တော်ဟာ ခဏခဏပြောခဲ့ပါတယ် အကောင်းမြင်ဝါဒသမားတစ်ယောက်ပါလို့ လေ ...။
တော်ရုံဆို၇င်ကျွန်တော်ကအကောင်းဘက်ကပဲတွေးပါတယ်။
အကောင်းဘက်ကပဲကြည့်လေ့၇ှိပါတယ်။
ဒီအဖြစ်အပျက်ကိုကြတော့ဘယ်လိုပြော၇မှန်းကိုမသိတော့ပါဘူး။
itmen ကိုကြိုးစားတည်ဆောက်အသက်သွင်းနေတဲ့
လူငယ်တစ်ယောက်ကတော့ အောက်ပါအတိုင်းပဲ
တော်တော်လေးကို၇င်နဲ့ အမျှပေါက်ကွဲထားတာကိုဖတ်မိလိုက်၇တော့ ...
စိတ်မကောင်းလဲဖြစ်မိပါတယ်။
ကိုယ်ချင်းလဲအတော်လေးစာမိပါတယ်ခင်ဗျာ ...။

IT Men is Banned

Cbox မှာ အော်ခဲ့ကြ၊ မေးလ်တွေ ပို့ကြတော့မှ itmen ကို ပုဂံက ဘန်းလိုက်ပြီဆိုတာကို သိခဲ့ပါတယ်။ စစကြားချင်း အရမ်းအံ့သြမိပါတယ်။ ဘာကြောင့်လဲ၊ ဘာတွေပါလို့လဲလို့ ဘန်းတဲ့အကောင်တွေကို ပြန်မေးချင်တယ်။ အစကတည်းက ဘန်းခံရမှာကြောက်လို့ ဘာမှမပါအောင် ရှောင်ပြီး ရေးခဲ့ပါတယ်။ ကျွန်တော် ယူဆတာက ဘန်းခံရရင် အလွယ်တကူနည်းနဲ့ ၀င်လို့မရတော့ဘူး။ အဲဒီအခါမှာ နည်းပညာပြန့်ပွားမှု နည်းသွားမယ်လို့ ယူဆပါတယ်။ ဒါကြောင့်လည်း ဘာမှမပါအောင် ရှောင်ရေးခဲ့ပါတယ်။ တစ်ချို့ကိစ္စတွေများ ရေးချင်လိုက်တာ လက်ကိုယားနေတာ။ အဘန်းခံရရင် စာဖတ်သူတွေ ဘလော့ဂ်ကို ၀င်ရတာ အခက်အခဲ ဖြစ်မှာ မို့ မရေးခဲ့ပါဘူး။

ပုဂံက ဘန်းတဲ့အကောင်သေး၊ အကောင်ကြီးများ ခင်ဗျား။ ကျွန်တော်ကတော့ ကျွန်တော်တို့လူငယ်တွေ တော်ပါစေ၊ တတ်ပါစေတော့ဆိုပြီး တတ်နိုင်သလောက်လေးနဲ့ ကိုယ်သိသလောက်လေးကို ဘလော့ဂ်လုပ်ပြီး ရှယ်ယာလုပ်နေပါတယ်။ ခင်ဗျားတို့ကတော့ ဒီတိုင်းပြည်ကတော့ လူငယ်တွေ တတ်သွားမှာ၊ တော်သွားမှာ အရမ်းကြောက်နေတယ် ထင်ပါရဲ့နော်။ လက်ရှိအစိုးရကို Anti လုပ်နေတဲ့ ဘလော့ဂ်တွေ၊ site တွေကို ဘန်းတာကို မပြောလိုပါဘူး။ အိုင်တီနည်းပညာတိုးတက်ဖို့ ရေးသားနေကြတဲ့ ဘလော့ဂ်တွေ၊ site တွေထိ ဘန်းတာကိုတော့ နားမလည်ဘူး။ ခွင့်မလွှတ်နိုင်တော့ဘူး။

နည်းပညာအရ မဖြစ်နိုင်တာ ဘာမှမရှိဘူး။ မင်းတို့တွေ ဘယ်လိုပဲ ဘန်းဘန်း၊ ရအောင် ကျော်နေကြတာပဲ။ ကျော်လို့ ရနေတာပဲ။ မင်းတို့တာဝန်က သခင်ခိုင်းတဲ့အတိုင်း ဘန်းပေးရမှာပေါ့ ဟုတ်ဘူးလား။ ကျော်ရမှာကတော့ ငါတို့ရဲ့ တာဝန်ပေါ့ကွာ။

Ref :- http://itmen.myanmarbloggers.org/

AddThis Social Bookmark Button
Email this post


0 comments: to “ itmen

Design by Amanda @ Blogger Buster