Pages

Learning about DOF  

Tuesday, January 26, 2010

DOF ဆိုတာကတော့ Depth Of Field ကိုအတိုခေါ်လိုက်တာပါပဲ။
Depth Of Field ဆိုတာဘာလဲပြန်နွေးခြင်တယ်ဆို၇င်တော့၊
ကျွန်တော်ရေးခဲ့ပြီးတဲ့ What is aperture ? မှာပြန်ဖတ်ကြည့်လိုက်ကြပါနော်။
အခုကတော့ ကျွန်တော်တို့ portraits image တစ်ခုမှာ
မျက်နှာကို close up ရိုက်ယူပြီး DOF ဖမ်းတဲ့အခါ၊
မျက်နှာရဲ့ တစ်ချို့ အပိုင်းတွေက focus မိပြီး၊
တစ်ချို့ အပိုင်းတွေကတော့ out of focus ဖြစ်သွားတဲ့ ပြသနာကို
လေ့လာမိသလောက်ပြန်လည်တင်ပြပေးပါ့မယ်။

အောက်ပါပုံကိုလေ့လာကြည့်ကြပါခင်ဗျာ။


ကလေးငယ်ရဲ့ မျက်လုံးဟာ sharp ဖြစ်နေပြီး၊
နားရွက်နှင့် နှာခေါင်းကတော့ sharp မဖြစ်တာကိုတွေ့ ကြရမှာပါ။
aperture f/4 နဲ့ ရိုက်ယူထားတဲ့ large aperture DOF image လေးပါ။
ထိုကြောင့် ရလာဒ်က quite narrow DOF ဖြစ်နေပြီး၊
ထင်ရှားတဲ့နေရာကထင်ရှား၊ မထင်ရှားတဲ့နေရာကမထင်ရှားဖြစ်နေရတာပါ။

ဒီတော့ ဒီလို image မျိုးရိုက်ယူတဲ့အခါ swallow DOF / narrow DOF
မဖြစ်အောင်ဘယ်လိုလုပ်ကြမလဲ ?

သင့်၏ aperture ကို increase လုပ်ပေးရပါမည်။
ဆိုလိုသည်မှာ f/4 ဖြင့်ရိုက်ယူသောအခါ၊ လိုခြင်သလောက် focus မဖြစ်သဖြင့်၊
focus နေရာပိုမိုလာအောင် aperture ကို increase ၊
bigger number / smaller aperture setting ကိုပြောင်းပေးရပါမည်။
ထိုသို့ သင့်တော်သော aperture ကိုပြောင်းပေးနိုင်ရန် ...
မည်သည့် aperture size သည်သင်၏ lens ၊
aperture range ၏ဗဟို ဖြစ်သည်ကိုသိထားရန်လက်တွေ့ စမ်းသပ်ပါ။
ထို့ မှသာ သင်၏ DOF ကိုလိုအပ်သည်အထိ increase လုပ်လာနိုင်မည်ဖြစ်ပြီး၊
သင်၏ image ကလည်းပိုပြီး sharp ဖြစ်လာပါလိမ့်မည်။

smaller aperture ကိုအသုံးပြုခြင်းဆိုသည်မှာ ...
သင်၏ lens ကို ပိုမိုနည်းစွာ ဖွင့်ပေးပြီး၊
light ကိုလည်းပိုမိုနဲစွာပဲဝင်ခွင့်ပေးသည်ဆိုတာကိုတော့သင်မေ့ထားလို့ မရပါ။
ထိုကြောင့်၊ ထိုကဲ့သို့ သောအခြေအနေမျိုးများတွင် :-

LIGHT YOUR SUBJECT
သင်၏ subject ကို light ပိုမိုရစေရန်ကြိုးစားပေးပါ။
flash အသုံးပြုခြင်း၊
ပြုတွင်းပေါက်များကိုဖွင့်ပေးပြီး သဘာဝအလင်းရောင်ဝင်လာနိုင်ရန်ဖန်တီးပေးခြင်း၊
စသည်ဖြင့်နည်းလမ်းအမျိုးမျိုးကိုအသုံးပြုပြီး light ပိုမိုရလာစေရန်ပြုလုပ်ပါ။

INCREASE THE ISO
ISO setting ကို increase လုပ်ပေးခြင်းလဲပြုလုပ်နိုင်ပါသည်။
Noise ပိုများလာနိုင်သည်ကိုတော့သတိပြုရန်လိုပါသည်။

DECREASE SHUTTER SPEED
moving subject များကိုသင်ရိုက်ယူသောအခါတွင်မူ၊
မည်မျှထိသာ shutter speed ကို decrease လုပ်နိုင်သည်ဆိုသော
limit ကရှိပါတယ်။ ဒါပေမဲ့ smaller aperture ကိုသုံးတော့မယ်ဆိုရင်တော့၊
decrease shutter speed သည်
ထေပေးလို့ ဖြစ်နိုင်စရာအချက်တစ်ခုဖြစ်နေသည်ကတော့အမှန်ပဲဖြစ်ပါတယ်။


Thanks.

AddThis Social Bookmark Button
Email this post


0 comments: to “ Learning about DOF

Design by Amanda @ Blogger Buster