Pages

MRT စီးသူများ ၂.  

Saturday, January 23, 2010

MRT စီးသူများ ၂ လို့ ပဲနာမည်ပေးလိုက်ပြီဗျာ။
MRT စီးသူများ ၇ှိပါသေးတယ်။ မကြည့်၇သေးဘူးဆို၇င်တော့သွားကြည့်လိုက်ကြပါအုံးနော်။
အစကနေပြန်ပြော၇၇င်တော့၊ ဒီလိုဗျ ...
MRT စီး၇င်းနဲ့ စိတ်ဝင်စားတဲ့ image လေးတွေကို၊ ကျွန်တော့် hand phone ထဲမှာပါတဲ့
camera နဲ့ ၇ိုက်ယူထားတာတွေပါ။
ကြည့်လဲ၇ိုက်၇သေးတယ်ဗျ။
ပြသနာမတက်နိုင်မဲ့ image တွေဖြစ်ဖို့ လဲသတိထား၇သေးတယ်ဗျာ။
ကဲစလိုက်ကြ၇အောင်နော်။





မြင်တဲ့အတိုင်းပဲဗျာ။ချာတိတ်ပေါက်စလေး။ အလွန်ဆုံး၇ှိမှသူ့ အသက်က ၅နှစ်၊ ၆နှစ်ဝန်းကျင်ပေါ့။
မျက်မှန်လေးတတ်လို့  ကျွန်တော့်ဘေးမှာထိုင်ပြီး၊
game ကိုစိတ်ဝင်တစားဆော့နေပုံလေးကချစ်ဖို့ မကောင်းဘူးလားဗျာ။
အပြစ်လဲကင်းစင်တဲ့မြင်ကွင်းလေးပါ။
( Sg မှာတော့ ကလေး ၁၀၀ မှာ ၉၀ ကဒီလိုပဲ။ မျက်မှန်လေးတွေကိုယ်စီနဲ့ ပါ။
ပြီးတော့ မိဘ၊ ဘာညာမပါကြပဲ ဒီလိုပဲသူတို့ လို၇ာခ၇ီးကိုသွားနေကြတဲ့မြင်ကွင်းကတော့
ထူးပြီးဆန်းမနေတော့ပါဘူး။
Ygn မှာဆို၇င်တော့ Universityေ၇ာက်တာတောင်စိတ်မချလို့ 
မိဘတွေကလိုက်ပို့ လိုက်ကြိုလုပ်ခြင်ကြသေး။
ကွာတာတွေကတော့တော်တော်ကိုကွာပါတယ် )

ဒါကြောင့်သူမသိလောက်ပါဘူးဆိုပြီး
phone ထဲက camera နဲ့ ခုလိုအနီးကပ်၇ိုက်ယူလိုက်တော့ ...
click ဆိုတဲ့ capture ဖမ်းသံမြည်သွားပါလေေ၇ာ။
အဲဒီမှာဒီချာတိတ်က မျက်လုံးလေးအပြူးသာနဲ့ ၊
ခင်ဗျားကြီးဘာလုပ်လိုက်တယ်ဆိုတာကျွန်တော်သိနေတယ်နော်ဆိုတဲ့အချိုးနဲ့ 
ကျွန်တော်ကိုစိုက်ကြည့်တယ်ဗျ။
ဒီတော့ ကျွန်တော်ကလဲ၊ ဘာလဲဟ ...
ငါဘာလုပ်မိလို့ တုန်းဆိုတဲ့အချိုးကိုချက်ချင်းဖမ်းပြီး
သူကိုပြန်စိုက်ကြည့်နေလိုက်၇တာပေါ့။
အဲ့ဒီလို ချာတိတ်နဲ့ ကျွန်တော်မျက်လုံးခြင်းစကားတွေပြောတိုက်ခိုက်ကြပြီး၊
" U R nearly 2 die. See !!! "
ဟီးဟီး၊ ခပ်တည်တည်နဲ့ သူ၇ဲ့  game ကို လက်ညိုးထိုးပြလိုက်တော့မှ၊
ချာတိတ်လည်း game ထဲကသူ့ ဇာတ်လိုက်ကို မသေအောင်အသေအကြေပြန်ကြိုးစား၇ပြီမို့ 
ကျွန်တော်လဲသူ့ ၇ဲ့ အကြည့်ဒဏ်တွေကလွှတ်သွား၇ပါတော့တယ်။
ဟူ ... မလွယ်ပါလားနော် ... ။





ကုလားကြီးလဲအိပ်၊ တရုတ်မလေးလဲအိပ်၊
အိပ် ... အိပ် အတူတူအိပ်။ ဟီး ...။
" မင်းတို့ နှစ်ယောက်အတူအိပ်နေကြတယ်နော် " လို့ 
သွားများပြောလိုက်မိ၇င်တော့လား ...
ကုလားကြီးကတော့သိဘူး၊
တရုတ်မလေးကတော့စိတ်ဆိုးသွားမယ်ထင်တာပဲနော် ... ဟဲဟဲ။






massage ရိုက်သူကရိုက်၊ သီချင်းနားထောင်သူကနားထောင်၊
အိပ်တဲ့သူကအိပ်၊ ကိုယ်သန်၇ာသန်၇ာပါပဲ။
MRT စီးနေတဲ့အချိန်ခဏလေးအတောအတွင်းမှာ၊
အားလုံးကိုခဏမေ့ထားပြီး စိတ်ဖြေလျှော့တယ်ခေါ်မလား၊
ဘာလားတော့သိဘူး။
ဟီးဟီး ကြီးကြီးကျယ်ကျယ်ကလဲပြောခြင်သေး၊
ပြောကလဲမပြောတတ်၊
တော်တော်လဲဟုတ်တဲ့ ဇေယျာလှိုင်နော် ...။

Thanks.


AddThis Social Bookmark Button
Email this post


Design by Amanda @ Blogger Buster