Pages

About My First Time Group Outing  

Sunday, February 21, 2010

ဒီလိုဗျာ ...
အစကနေပြန်ပြောရရင်တော့၊
http://www.myanmarlensman.com/
ဆိုတဲ့မြန်မာဓါတ်ပုံဝါသနာရှင်များစုစည်းရာနေရာလေးတစ်ခုရှိတယ်ဗျာ။
အဲ့ဒီ့က member တွေက ပဲများဘူး။ close & open ဖြစ်တယ်။
ဒါနဲ့ ပဲကျွန်တော်လဲ အဲ့ဒီနေရာလေးမှာကျေနပ်စွာပျော်နေခဲ့တာပေါ့ဗျာ။

ဒီလိုနဲ့ တစ်ရက်မှာပေါ့ ...
ပျက်စီးယိုယွင်းနေတဲ့ တိုက်အိုတိုက်ဟောင်းတွေကိုရိုက်ခြင်လှပါရဲ့ 
ဆိုပြီးအစဆွဲထုပ်ချင်ခြင်းတတ်သူက ... Kar Kar

အဆင်းမှာတွန်းတယ်ခေါ်မလား ?
အချွန်နဲ့ မတယ်ခေါ်မလား ?
Link တစ်ခုကိုပေးပြီးအားပေးအားမြောက်လုပ်သူကတော့ ...
Australia က member Phyo Wai Kyaw
( Old French Embassy အကြောင်းရေးထားတဲ့ post တစ်ခု )

သွားကြမဲ့နေ့ ရက်နဲ့ အချိန်ကိုသတ်မှတ်ပေးပြီး အရောက်ပို့ တာကတော့ Harry

အိုးစည်ဗုံပေါင်းနဲ့ ပွဲဖြစ်အောင်ဘေးကနေပတ်မကြီးတီးပေးသူ၊
မီးလောင်ရာမှာအားပေးအားမြောက်လုပ်သူအောက်စီဂျင်သမားလေးက
ကျွန်တော် Zay Yar Hlaing


ပွဲစည်အောင်အမိုက်ခံပြီးအားသက်သရောလိုက်ပါလာကြသူများကတော့ ...
Thet Pine Hmu
Soe Thi Ha
Chan Nyein Kyaw
( နံမည်တွေမှာ Link ချိတ်ထားပေးတာမို့  ကိုတွေမောင်တွေမတတ်တော့ဘူး
sorry all of my bros... )

ဒီလိုနဲ့ ပေါ့ဗျာ ...
ကျွန်တော်တို့ သတ်မှတ်ထားတဲ့ 20.02.10. 4:30 pm Sg time မှာ
Holland Road ပေါ်က Gleneagle Hospita Bus Stop မှာဆုံကြပါတယ်။
Nikon သမားကကျွန်တော်အပါအဝင် ၃ ယောက် ...
Soe Thi Ha
Kar Kar
Zay Yar Hlaing
Canon သမားက ၃ ယောက် ...
Thet Pine Hmu
Harry
Chan Nyein Kyaw
ဇီး - ဇီးပေါ့ခင်ဗျာ။ ဒါနဲ့ ပဲ Nikon, Canon မခွဲခြားပဲ ညီညွတ်စွာ၊
စကားတပြောပြောနဲ့ ကျွန်တော်တို့ စတင်ချီတက်ကြတာပေါ့ခင်ဗျာ။
နေရာကသေချာမသိဘူးဆိုတော့ Map အားကိုးပြီးလျှောက်လိုက်ကြတာ
လမ်းတွေမှား၊ ချွေးတွေပြန်ပေါ့ဗျာ။
နာရီဝက်ကျော် တစ်နာရီနီးပါးလောက်ကြာတော့မှပဲ အဒီဟာကြီးကိုရှာတွေ့ တော့တာဗျ။
( မြင်ရောင်လှည့်ပါ မစသူ Phyo Wai Kyaw )



Left to right
Harry , Thet Pine Hmu , Kar Kar , Soe Thi Ha , Zay Yar Hlaing ,Chan Nyein Kyaw

တွေ့ တွေ့ ခြင်းဆောက်နဲ့ ထွင်းဆိုသလိုပါပဲ။
အဝင်ဝမှာ ဖြတ်သန်းသွားလာခွင့်မပြု၊
သင့်အားစောင့်ကြည်နေသည်ပေါ့ဗျာ ...
အဲဒီ့ သတိပေးကြော်ညာကြီးကပြူးကနဲ၊ ဘွားကနဲပဲဗျ။
သို့ ပေမဲ့ ဖြတ်သန်းသွားလာတာမဟုတ်ဘူး၊
ဓါတ်ပုံဝင်ရိုက်တာကွလို့ ...အတောင် ၂၀ ဝတ်မင်းယောင်္ကျားတို့ ရဲ့ စိတ်ဓါတ်နဲ့ 
ကျွန်တော်တို့ တွေကြွေးကျော်ပြီးခပ်တည်တည်ပဲ
အထဲကိုဝင်၊ဘာပြောကောင်းမလဲတက်ညီလက်ညီတစ်ဖြောင်းဖြောင်းနဲ့ ကို ရှုကြတော့တာပဲဗျာ။
အဲ့ဒီမှာစတွေတယ်ခေါ်ရမလား ...
ကျွန်တော်တို့ က အဲ့ဒါကြီးကို ရှု၊
အဲ့ဒါကြီးရဲ့ နေရာတစ်ကာမှာတတ်ထားတဲ့ cctv တွေကကျွန်တော်တို့ ကိုပြန်ရှု၊
ဟုတ်တော့ဟုတ်နေတာပဲဗျ။ ဘာမှမဖြစ်ရင်၊ ဘာမှမဖြစ်ဘူးပေါ့ဗျာ။
ဖြစ်ပြီဆိုမှဖြစ်ပြီမှတ်ပေါ့ဗျာ။ ( ဘာမှတော့မဖြစ်ခဲ့ဘူးဗျ၊ ဘယ်နေ့ ကျမှ အိမ်မှာအိပ်ပျော်နေတုံးလာဆွဲမလဲတော့မသိပါဘူး )


သွားကြတဲ့သူတွေထဲမှာ ကျွန်တော်ကအညံဆုံးနဲ့ ၊သဘာမရှိဆုံးဗျ။
ဒါကြောင့်အနုပညာဆန်သောပုံများကိုတော့ သူတို့ တွေရှုကြလိမ့်မယ်၊
ငါကတော့ documentary လောက်ပဲ ရှုတော့မယ်လို့ စိတ်ကူးပြီး၊
documentary image တွေတော်တော်များများကိုကျွန်တော်ရှုခဲ့ပါတယ်ခင်ဗျာ။
HDR လုပ်ကြည့်ဖို့ တော့တစ်ချို့ တစ်လေ ရှုခဲ့ပါသေးတယ်။
ခုတော့အားသေးဘူးဗျ။ နောက်မှပဲလုပ်တော့မယ်။
ကျွန်တော်ရှုခဲ့တဲ့ documentary image တွေထဲက ၂၁ ပုံကို
ဒီနေရာ မှာတင်ပေးထားတယ်ဗျာ။ စိတ်ဝင်စားရင်တော့အားပေးနိုင်ကြပါတယ်။


ဒီလိုနဲ့ ပေါ့ဗျာ ...
မကြောက်မရွံ အားရအောင်ရှုကြပြီးသကာလ၊
လာလမ်းအတိုင်းပြန်လျှောက်လာရင်းလမ်းမှာ၊
ခြံစည်းရိုးကျော်ဝင်ပြီး ဓါတ်ပုံရိုက်ဖို့ ကြိုးစာခဲ့ကြသေးတယ်ဗျာ။


အဲ့ဒီကနေမှ ကျွန်တော်တို့ ဒုတိယနေရာကိုသွားကြသေးတယ်ဗျာ။
That Pine Hmu ရဲ့  post ထဲမှာရေးပြီးသားလဲဖြစ်၊
ကျမ်းလေးနေမှာဆိုးတာလဲဖြစ်သောကြောင့်အဲဒီအကြောင်းကိုတော့
ကျွန်တော်အသေးစိတ်မရေးတော့ဘူးဗျာ။
ဒီနေရာလေး မှာသွားဖတ်ကြည့်ကြပါဗျာ ... နော်။

အဲ့ဒီ့ဒုတိယနေရာမှာပြီးတော့ ... ကျွန်တော်တို့  City Hall ကို
Bus နဲ့ ချီတက်ကြတယ်ဗျာ။ Bus ပေါ်မှာစကားအပြောကောင်းလို့ 
ဆင်းရမဲ့မှတ်တိုင်ကကျော်၊ လမ်းပြန်လျှောက်ရသေးတာပေါ့ဗျာ။
အဲ့ဒီတစ်လျှောက်လုံးမှာလဲကျွန်တော်ကထုံးစမ်အတိုင်း၊
တောင်ရိုက်မြောက်ရိုက်ပေါ့ဗျာ။
အဲဒီ့ image လေးတွေကတော့ဖြေးဖြေးခြင်းတင်သွားပေးပါ့မယ်။


ဒီလိုနဲ့ ပေါ့ဗျာ ...
နောက်ဆုံးအဆုံသတ်လေးကတော့၊
City Hall MRT နားက ရွှေမြန်မာများအားပေးနေကြ 99 Beer Bar လေးပေါ့ဗျာ။
အဲ့ဒီ Bar လေးမှာ BB သောက်ကြရင်း၊ myanmarlensman အကြောင်းဆွေးနွေးကြ၊
အတွေ့ အကြုံလေးတွေ နဲ့  ပညာရပ်ပိုင်းဆိုင်ရာလေးတွေကို
ရင်းရင်းနှီးနှီးဖလှယ်ကြနဲ့ ပေါဗျာ ....
ပြောရင်းသောက်၊ သေက်ရင်းပြောလိုက်တာ၊
Last Train မှီအောင်စကားဝိုင်းကိုအတင်းကာရောရပ်ပြီးပြန်ခဲ့ရပါကြောင်း။
( မိန်းမကမှာလိုက်လို့ နောက်ကျလို့ တော့မဖြစ်ဘူးဆိုတဲ့ ကိုကာကာ၊
Beer Bar လဲရောက်ရော၊
စကားစပ်လို့ တောင်မှပြန်ကြရအောင်လို့ ပြောသံမကြားခဲ့ရပါတော့ကြောင်း )

ဖြည့်စွက်ချက် ... ကျွန်တော်အဲ့ဒီ့မှာရှုခဲ့တဲ့ HDR image တွေကိုစိတ်ဝင်စားလို့ ၊
ကြည့်ခြင်ကြတယ်ဆိုရင်တော့ ဒီနေရာလေး မှာ click လိုက်ပါဗျာ။


Thanks.


AddThis Social Bookmark Button
Email this post


Design by Amanda @ Blogger Buster