Pages

CandleRockPerformance  

Monday, February 1, 2010










ကိုအောင်မြိုင်သင်း @ ဆရာမြိုင်
စာရေးဆရာကြီးဦးအောင်သင်း၏ချစ်လှစွာသောသားငယ်လေး၊
ကျွန်တော်နဲ့ တစ်ရပ်ကွက်ထဲနေစမ်းချောင်းသား၊
ရုပ်ရေနှင့်မလိုက်အောင်ချစ်ခင်သူပေါသည်။
အထူးသဖြင့်ကောင်မလေးများကဘာလို့ မှန်းမသိ၊
ပစ်ခပ်ပြီးကြွေကျသွားတတ်၏။
ထူးခြားသောပါရမီရှိသူဟုပြောရင်မမှားနိုင်၊ ဂီတကိုရူးသွပ်၏။လေ့လာ၏။လိုက်စား၏။
အခုလိုဆိုနေတီးနေရရင်ကျေနပ်ပျော်ရွှင်နေသူဖြစ်၏။











TITLE ...          TheCandleRockPerformance
DATE ...           30.01.10
TIME ...            6:30PM To 11PM
LOCATION ... NTU Alumni Club
                         Singapore.


ကိုအောင်မြိုင်သင်းဦးဆောင်ပြီးစီစဉ်၏။ တီးခပ်သူ၊ သီချင်းဆိုသူ ...
အားလုံးအားလုံးဝါသနာရှင်များဖြစ်ကြ၏။ ဝါသနာရှင်များဟုဆိုသဖြင့်၊
အထင်မသေးလိုက်လေနှင့်၊ Pro သမားများကဲ့သို့ အလားတူအရည်အချင်းရှိကြ၏။
အားလုံး Sg တွင်လက်ရှိနေထိုင်ကျင်လည်နေသူများဖြစ်ကြ၏။














ဇေယျာလှိုင် ( အထူးမိတ်ဆက်ပေးရန်လိုမည်ဟုမထင် )
လူမိုက်နှင့်ငွေမည်သို့ နေသည်တော့မသိ။
ဇေယျာလှိုင်နှင့်ငွေကတော့ဘယ်တော့မှအတူမနေ။
ငွေမချမ်းသာပါ။ သို့ သော် ပျော်ရွှင်မှုတွေချမ်းသာ၏။
ဝါသနာတွေချမ်းသာ၏။ချစ်သူက အပြည့်အဝပေးထားသောကြောင့်
အချစ်တွေချမ်းသာ၏။ ယခုပွဲလေးတွင်ထုံးစမ်အတိုင်းတောင်ရိုက်
မြောက်ရိုက် ရိုက်ပေးရန်တာဝန်ယူရ၏ ။










ဥကာ @ အုတ်ကြီး @ အုတ်ကမြင်း
ကျွန်တော်နှင့်ငယ်စဉ်ကတဲကသွေးသောက်၊
ဘာသောက်ညာသောက်သယ်ရင်းဖြစ်၏။အလုံသား၊
အင်မတန်မှ ရိုးသားပြီး၊ ကူညီတတ်၏။
အားနာတတ်၏။ သယ်ရင်းများကိုအိမ်ကမိန်းမထက်ပိုချစ်တတ်၏။










ဗညား၊ ငယ်သယ်ရင်းတော့မဟုတ်ခဲ့၊
သယ်ရင်းအသစ်ဖြစ်၏။
သို့ သော်စတွေ့ စကပင် ငယ်သယ်ရင်းကဲ့သို့ ဖြစ်သွား၏။
သွေးသောက်၊ဘာသောက်ညာသောက်
သယ်ရင်းစရင်းထဲသို့ ခေါ်နေစရာမလိုပဲပါဝင်စီးမြောနိုင်ခဲ့သူဖြစ်၏။














ကျွန်တော်တို့ သုံးယောက်ထိုပွဲလေးတွင်ဆုံကြ၏။
ပွဲမစခင်ထဲကပျော်နေကြပြီဖြစ်၏။
YGN တွင်ထိုကဲ့သို့ ပျော်ခဲ့ရသောနေ့ ရက်များကို
လွှမ်း၏။ အတူပျော်ခဲ့သောသယ်ရင်းများကိုလဲ
လွှမ်း၏။ ယခုဇေယျာလှိုင်ကလဲ ယခင်က ဇေယျာလှိုင်ကိုပြန်လွှမ်း၏ ။
ဟိုဟာလွှမ်း၏။ ဒီဟာလွှမ်း၏။
လွှမ်း၏ ... လွှမ်း၏ ... လွှမ်း၏ ... ။

ပွဲစတော့တီးခပ်သူများကဒီလိုဒီလို တီးကြ၏။


ဆိုတဲ့သူများကလဲဒီလိုဒီလိုဆိုကြ၏။


ပျော်တဲ့သူတွေကလဲဒီလိုဒီလိုပျော်ကြ၏။


Dancing Floor သို့ ဒီလိုသွားကြပြန်၏။


ထိုကဲ့သို့ သီဆိုသူ၊ တီးခပ်သူ၊ အားပေးသူတို့ အကြားအပြန်အလှန်အပေးအယူမျှကြ၏။

ထိုကဲ့သို့ စတွေ့ သူချင်းရင်းနှီးစွာမိတ်ဖွဲ့ ကြ၏။


ထိုကဲ့သို့  Lucky Draw လေးများလဲဖေါက်ပေးခဲ့၏။

ထိုကဲ့သို့ ၊ ထိုကဲ့သို့ ၊ ထိုကဲ့သို့ လေးများစွာဖြင့်၊ ထိုည၊ ထိုပွဲလေးမှာ ...
မိသားစု၊ ဆွေမျိုး၊ သူငယ်ချင်းအသိုင်းအဝိုင်းများနှင့် ကျွန်တော်တို့ အားလုံးချစ်ကြသော
အမိမြန်မာပြည်ကြီးကို အကြောင်းအမျိုးမျိုးကြောင့်၊ မတတ်သာသဖြင့်ခဏခွဲခွါကာ၊
အလုပ်ဖိစီးမှုများ၊ အိမ်လွှမ်းခြင်းဝေဒနာများကိုရင်ဆိုင်ကျော်လွှားနေကြရသော
ကျွန်တော်တို့ အားလုံးအားလုံး ပျော်ရွှင်စွာဖြင့်စိတ်ထွက်ပေါက်ပေးခဲ့ကြပြီး
အောင်မြင်စွာထိုပွဲလေးကိုရပ်ဆိုင်းခဲ့ကြ၏။

P.S. ထိုပွဲလေးမှကျွန်တော့်၏တောင်ရိုက်မြောက်ရိုက် ရိုက်ချက်များကို
စိတ်ဝင်စားသောကြောင့်ထပ်ပြီးခံစားကြည့်ခြင်သေးတယ်ဆိုရင်တော့
ဒီနေရာ လေးကို click လိုက်ဗျာ။ ပုံပေါင်း ၆၀၀ ကျော်တင်ပေးထားပါတယ်။
အချိန်လဲရတယ်စိတ်လဲဝင်စားတယ်ဆိုရင်တော့သွားကြည့်ကြနော်။


Thanks.



AddThis Social Bookmark Button
Email this post


0 comments: to “ CandleRockPerformance

Design by Amanda @ Blogger Buster