Pages

How 2 using Photoshop to Create the Illusion of Depth of Field  

Thursday, February 18, 2010

ကျွန်တော့်ရဲ့  Using Photoshop to Create the Illusion of Depth of Field ဆိုတဲ့ title name နဲ့ 
image လေးကိုမှတ်မိကြအုံးမယ်ထင်ပါတယ်။
အခုဒီ Post မှာကျွန်တော်အဲ့ဒီ့ image ကိုဘယ်လိုလုပ်ခဲ့တယ်ဆိုတာကိုနဲနဲဖွခြင်ပါတယ်။
ဒီလိုဗျာ ...

Step 1 ... ကျွန်တော်တို့ အိမ်နားက food count တစ်ခုမှာ ...
Shutter Speed :- 1/500
Aperture :- f/5.6
ISO :- 200
Lens :- AF-S NIKKOR 18-55mm 1:3.5-5.6G နဲ့ ပုံလေးကိုရိုက်ယူပါတယ်။
ကျွန်တော်သုံးထားတဲ့ Lens ကရိုးရိုးပုံမှန် Lens ပဲဆိုတာအားလုံးသိကြမှာပါ။
ဒီတော့ ကိုယ်လိုခြင်သလောက် shallow depth of field မဖြစ်ဘူးပေါ့ဗျာ။



Step 2 ... ရိုက်ထားတဲ့ image ကိုပုံမှာဖေါ်ပြထားတဲ့အတိုင်း Photoshop မှာဖွင့်ပြီး၊
Background Layer ကို Lock ဖွင့်၊ ပြီးတော့ Layer Copy ၂ခုလုပ်၊
အပေါ်ဆုံး Layer ကို Selection၊ အလယ်က Layer ကို Background Copy လို့  နံမည်ပေးပါတယ်။





Step 3 ... Selection Layer ကို select လုပ်ပြီး၊ pan tool နဲ့ Path လုပ်ပါတယ်။
Photoshop မှာ selection ဖမ်းကြတဲ့အခါ၊ အသုံးပြုလို့ ရတဲ့ tool တွေအများကြီးရှိပါတယ်။
ဥပမာ ... Magic Wand tool, Lasso tool, Marquee tool စသည်ဖြင့်ပေါ့လေ ...။
ကိုယ်သန်ရာသန်ရာကိုသုံးကြတာပါပဲ။
ကျွန်တော်ကတော့ Pan tool ကိုသန်ပါတယ်။
Pan tool က တော်တော်လေးသပ်သပ်ရပ်ရပ်နဲ့  အသေးစိတ် selection လုပ်နိုင်လို့ ပါပဲ။
အောက်က image လေးကိုကြည့်လိုက်ပါ။ Pan tool နဲ့ ကျွန်တော် Path လုပ်ပြီးသွားတဲ့ပုံလေးပါ။


Step 4 ... Path လုပ်ပြီးတဲ့အခါမှာ၊ image ပေါ် right click ထောက်လိုက်ရင်၊
selection လုပ်ဖို့  box လေးတစ်ခုကြလာပါလိမ့်မယ်။
Make selection ကိုရွေးပေးလိုက်ပါ။
အဲဒီလိုရွေးပေးပြီးတဲ့အခါ နောက်ထပ် box လေးတစ်ခုထပ်ပြီးကျလာပါလိမ့်မယ်။
အဲ့ဒီ့ box ကတော့ Feather Radius ကိုချိန်ညိပေးမယ့် box ပါ။
ကျွန်တော်ကတော့ ဒီလုပ်ဆောင်ချက်မှာ Feather Radius ကို 2 Pixels ထားပါတယ်။
Pixels amount ကတော့ ပုံတစ်ခုနဲ့ တစ်ခုတူမှာမဟုတ်ပါဘူး။
ဒီလိုပဲ ဘယ်လောက်ထားရင်အကောင်းဆုံးဖြစ်မယ်ဆိုတာကိုစမ်းကြည့်ရမှာပါ။
Feather Radius ရဲ့ သဘောတရားကတော့ ...
image ကို selection လုပ်ပြီး ဖြတ်လိုက်တဲ့အခါ၊ ဘေးပတ်ပတ်လည်မှာ တုံးတိကြီးကျန်ခဲ့မနေပဲ၊
မသိမသာလေးဖွာထက်နေအောင်လုပ်ဆောင်တာပါ။
တုံးတိကြီးကျန်ခဲ့မယ်ဆိုရင် ... ဖြတ်ညှပ်ကပ်လုပ်ထားတာကြီးမှန်းသိသာသွားမှာပေါ့ဗျာ ...။


Step 5 ... Make selection လုပ်ပြီးတဲ့အခါမှာ ...
selection ဖြစ်နေတဲ့အပိုင်းက၊ ကျွန်တော် Path လုပ်ခဲ့တဲ့အပိုင်းပါ။
ဒီတော့ ... tool bar > select > inverse ဆိုပြီးလုပ်၊
ပြီးတော့ selection ဖြစ်နေတဲ့အပိုင်းကို Del လိုက်ရင် ...
ကျွန်တော် Path လုပ်ခဲ့တဲ့အပိုင်းလေးပဲကျန်ခဲ့တာကိုမြင်ကြရမှာပါ။
အောက်က Layer လေး၂ခုကို မျက်စိလေးသွားပိတ်ဖို့ တော့သတိမမေ့ကြနဲ့ အုံးနော်။
ဒါမှကျွန်တော်ပြထားသလို del လုပ်ပြီးကျန်ခဲ့တဲ့အပိုင်းကိုမြင်ရမှာ။




Step 6 ... အလယ်က Background Copy Layer ကို select လုပ်ပြီး၊
tool bar > filter > blur > gaussian blur ကိုသွားပါတယ်။
ပြီးတဲ့အခါ radius pixels ကိုတော့၊ ကိုယ်လိုသလိုချိန်ညိကြည့်ကြပေါ့ဗျာ။
ကျွန်တော်ကတော့ 53.0 ထားလိုက်ပါတယ်။
ပြီးရင် ok ကို click လိုက်ပေါ့ဗျာ။




Step 7 ... ပြီးတဲ့အခါ၊ selection layer ကို select လုပ်ပြီး၊
Eraser tool ကိုရွေးပါ။ ထိုနောက် brush size ကိုအဖွာ 300 ၊
mode ကို brush ၊ opacity ကို 30% ၊ flow ကိုတော့ 100 %
စသည်ဖြင့် setting လုပ်ပြီး၊ ဖြေးဖြေးခြင်းစိတ်ရှည်ရှည်နဲ့ ၊
ကိုယ်လိုခြင်သလိုရအောင်၊ Path လုပ်ခဲ့တဲ့ အပိုင်းပတ်ပတ်လည်ကိုလိုက်ပြီးတော့ဖျက်ပါတယ်။
ဖျက်ရတဲ့အကြောင်းအရင်းကတော့ ...
ကျွန်တော်တို့ အခုလုပ်နေတာက DOF image တစ်ခုလေဗျာ။
background copy layer ကို blur လုပ်ခဲ့လို့  background က blur ဖြစ်နေပေမဲ့၊
path လုပ်ပြီးဖြတ်ထုပ်ခဲ့တဲ့ အပိုင်း foreground က DOF image တစ်ခုနဲ့ မှမတူသေးတာ။
DOF image တစ်ခုဆိုတာက foreground မှာကိုပဲ focus ဖမ်းထားတဲ့နေရာကိုတွေကိုဗဟိုပြုပြီး
ပတ်ပတ်လည်မှာလဲ နဲနဲလေးတော့ blur ဖြစ်ကိုဖြစ်နေရမယ်လေ။
brush size 300 အဖွာကိုရွေးရတာကတော့ ...
အဖွာကိုမရွေးပဲ တုံးတိကိုရွေးလိုက်ရင်၊ ဖျက်တဲ့အခါအနားသားတွေကတုံးတိကြီးပျက်သွားပါလိမ့်မယ်။
ဒါကြောင့် size 300 အဖွာနဲ့ ၊ opacity 30 % ကို setting ထားလိုက်ရတာပါ။

 
Step 8 ... ကိုယ်လိုခြင်သလိုအားလုံးပြီပြီဆိုရင်တော့ ...
arrow လေး၂ခုပူးနေတဲ့နေရာကို click လိုက်ပြီး flatten image လုပ်ပါတယ်။
flatten image မလုပ်ပဲ save ခဲ့မယ်ဆိုရင် လုပ်ထားတဲ့ layer တွေကမပူးပေါင်းသွားပဲ၊
တစ်ခုခြင်းဒီအတိုင်းပဲ save သွားပါလိမ့်မယ်။
တစ်ခါထဲနဲ့ မပြီးသေးဘူး။ နောက်နေ့ တွေမှာထပ်လုပ်အုံးမယ်ဆိုရင်တော့ flatten image မလုပ်ပဲနဲ့  save ပါ။
file size တော့ကြီးပါတယ်။ 


Step 9 ... ကဲ ... သယ်ရင်းတို့ ရေ ...
ကိုယ့်ရဲ့ နံမည်တွေပါတွေထိုး၊ အားလုံးပြီးသွားပြီဆိုရင်တော့ ...
အောက်မှာမြင်ကြရတဲ့အတိုင်း၊ ပိုက်ပိုက်အများကြီးပေးဝယ်စရာမလိုပဲ
ရိုးရိုး lens နဲ့ ပဲ ကိုယ်လိုခြင်သလောက် shallow depth of field image လေးတစ်ခုကိုရရှိသွားပါတော့တယ်။
မောသွားပြီဗျာ။ သွားသောက်တော့မယ်။ ( coffee ကိုပြောတာနော် )
အားလုံးပဲ ပျော်ရွှင်နိုင်ကြပါစေဗျာ။




Thanks.



AddThis Social Bookmark Button
Email this post


Design by Amanda @ Blogger Buster