Pages

U wanna  

Saturday, February 6, 2010

ဘယ်လိုပုံစံနဲ့ ဖြစ်ဖြစ်ပေါ့လေ … သူများထမင်းအိုး ဒုတ်နဲ့ ထိုးရာတော့ ကျတာပါပဲ။ ဈေးနှုန်းကြီးမြင့်မှုတွေကြောင့် ဝယ်သုံးလို့ကလဲမဖြစ်ဆိုတော့ လက်ကိုင်တုတ်နဲ့ လမ်းလျှောက်ကြတာပေါ့။

ဝဘ်ဆိုဒ် ၈ ခုကို ညွှန်းပေးမယ်။ ၈ခုလုံးက sharing site တွေပဲ။ ဆော့ဝဲလ်၊ စာအုပ် စတာတွေကနေ သီချင်းနဲ့ ဇာတ်ကားတွေအထိ အချိန်နှင့်အမျှ upload တင်ပေးပါတယ်။ software တိုင်းကိုလည်း full version ဖြစ်အောင် လုပ်ဖို့ ကီး (သို့) crack တွေ ပါပါတယ်။ ကျနော် ကိုယ်တိုင်လည်း ထိုလင့်များမှနေ ဒေါင်းကြည့် သုံးကြည့်ပြီး တခြားအဆင်ပြေမယ့် နေရာတွေကနေ ပြန်တင်ပေးတာဖြစ်ပါတယ်။ အဲဒီတော့ ကိုယ်တိုင်လိုချင်တာရှာ၊ ကြိုက်သလိုဒေါင်းနိုင်ပါတယ်။ လင့်တိုင်းက အရမ်း အရမ်းကို Up to date ဖြစ်လွန်းလို့ ဒေါင်းမကုန်အောင်ပါပဲ။ တစ်ခုချင်းစီ ကြည့်လိုက်ပါဦး။

dl4all.com update အဖြစ်ဆုံးနဲ့ တင်ပေးတဲ့လူ အများဆုံးဆိုဒ်ပဲဖြစ်ပါတယ်။ လိုချင်သမျှ အကုန်ရှိပါတယ်။ အဲ ပိုကောင်းတာတစ်ခုက 18+ တွေ မရှိတော့ (လူတိုင်းအတွက်) နေရာတိုင်းမှာ ဖွင့်ကြည့်ဖို့ အဆင်ပြေတယ်လေ။ လိုချင်သမျှကို Search box မှ (သို့) categories မှ တဆင့်ရှာနိုင်သလို အသစ်တင်ပေးထားသမျှကိုလည်း ဘလော့တွေအတိုင်း ပုံတွေနှင့်တကွ ကြည့်နိုင်ပါတယ်။ *****

katz.cd ဘာလိုချင်လိုချင် Search box က ရှာရပေမယ့် 18+ ရှိတော့ သတိထားပေါ့။

softarchive.net မပြင်ခင်ကတော့ အရမ်းကောင်းတဲ့ဆိုဒ်ဗျ။ sharing ဆိုဒ်တွေထဲမှာ ဒီကောင့်ကို အရင်ဆုံးတွေ့ပြီး စလုပ်ဖြစ်တာ။ ဟိုတစ်လောက sever down သွားတယ်ဗျ။ အသစ်လည်း ပြန်လုပ်ရော အရင်အဟောင်းတွေ မရှိတော့ပဲ အကုန်အစကနေ ပြန်တင်တယ်။ အခုတော့ တော်တော်ပြန်များလာပါပြီ။ အဆင်မပြေတာက search box ဗျ။ ဘာတွေရှာပြီး ဘာတွေပြမှန်းမသိဘူး။ အရင်ကပါ … အခုလည်း .. . သိပ်မထူးပါဘူး … :P

downarchive.com ဒီဆိုဒ်လည်း တော်တော်အဆင်ပြေတယ်။ အထူးသဖြင့် categories တွေက တိတိကျကျလုပ်ထားတော့ ရှာရလွယ်တယ်။ ပို့စ်တိုင်းကို download လင့် မြင်ရဖို့ sign up လုပ်ရတာရယ်၊ ကျနော်နဲ့ မတည့်တဲ့ uploading ကနေ ရှယ်တာ များတာရယ်ကလွဲရင် တော်တော်ကောင်းပါတယ်။

www.centralddl.com ဒီဆိုဒ်ကတော့ အသစ်တွေ့ထားတာဗျ။ Categories ခွဲတာတော့ အရင်က dl4all အတိုင်းပဲ။ ကိုယ်တိုင်သာ စမ်းသပ်ကြည့်ပေတော့။

www.softlinkers.org သေချာတောင် မစမ်းဘူးသေဘူးဗျ။ torrent တွေနဲ့တောင် ပေးတယ်လို့ပြောတယ်။ အဆင်ပြေမပြေ မသိသေးပါ။ စမ်းကြည့်ပြီး ပြောကြပါ။

www.fullandfree.info ဒီဆိုဒ်က အပြင်အဆင်တော့ နည်းနည်း ညံ့တယ်ဗျ။ ဆော့လ်ဝဲလည်း သိပ်မများဘူး။ ဒါပေမယ့် ဂိမ်းနဲ့ သီချင်းတွေများတယ်။ ကြိုက်တတ်ရင် အဆင်ပြေမှာပါ။

www.realdl.com dl4all အတိုင်းပဲ စတိုင်ဖမ်းပြီး ပြင်ဆင်ထားတယ်။ share တာလဲ ဒီပုံစံပဲ။ ညီအစ်ကိုလားတောင်ထင်ရတယ်။ တင်ပေးကြတဲ့ uploader တွေလည်း တော်တော်များများတူနေကြတာကိုး။ မြန်မာဖိုရမ်တွေလိုပဲပေါ့။ သူတစ်ယောက်ပဲ ဟိုမှာလည်းတင်၊ ဒီမှာလည်းတင် …။

အခု ကျနော်စမ်းကြည့်လို့ အဆင်ပြေတာတွေ၊ သုံးခဲ့တာတွေအားလုံးကို ရှယ်လိုက်ပါတယ်။ မိမိသိထားတဲ့ အခုလို ဆိုဒ်တွေရှိရင်လည်း အခြားသူတွေကို ရှယ်ခဲ့ပါဦး။



AddThis Social Bookmark Button
Email this post


0 comments: to “ U wanna

Design by Amanda @ Blogger Buster