Pages

Water Drop On DVD  

Tuesday, March 30, 2010

step 1 ... clean the DVD first to remove dust.
after that, put on the small piece of dark blue cloth.

step 2 ... use a drinking straw with my thumb over one end to dispense some water drops in the way i want them arranged on the back of a DVD in and around the rainbow effect.

step 3 ... set my camera on the tripod.

step 4 ... set my camera setting in M mode with
Shutter Speed :- 1/3s
Aperture :- f/22
ISO :- 200

step 4 ... try to focus water drop on the DVD.

step 5 ... shoot.

not use any flash. used my room lighting only.
that's all. thanks.



Thanks.

AddThis Social Bookmark Button
Links to this post Email this post


When The Sun Go Down  

Saturday, March 27, 2010




Thanks.

AddThis Social Bookmark Button
Links to this post Email this post


နေညိုချိန် ၂  



Thanks.

AddThis Social Bookmark Button
Links to this post Email this post


အချစ်အက္ခရာ A to Z  



Mail ထဲကရတာလေးပါ။ ဘာရယ်မဟုတ်ဘူးဖတ်ကြည့်ကြပါအုံး။


Accept (လက်ခံသည်)

"လောကကြီးမှာ ခြောက်ပစ်ကင်းသူမရှိပါဘူး"
သူ့ကိုချစ်တယ်ဆိုရင် သူ့အားနည်းချက်အပါအဝင် သူ့ရဲ့အရာအားလုံးကို လက်ခံနိုင်ရပါမယ်။

Belief (ယုံကြည်ခြင်း)

အချစ်မှာ ယုံကြည်ခြင်းတွေ လိုပါတယ်။ တစ်ဘက်သားကို မယုံကြည်ဘဲ အမြဲသံသယအမေး၊ သံသယအတွေးတွေနဲ့ အချစ်ကိုမယုံကြည်ခဲ့ရင် နောက်ဆုံးမှာ လမ်းခွဲခြင်းနဲ့ပဲ အဆုံးသတ်ရပါလိမ့်မယ်။

Care (ဂရုစိုက်ခြင်း)

တစ်ဘက်သားကို ဂရုစိုက်တယ်ဆိုတာ သူ့အပေါ်ထားတဲ့ ကိုယ့်ရဲ့အရေးပေးမှုကို ပြသနေသလိုပါပဲ။ဖုန်းလေးတစ်ချက်နဲ့ "အလုပ်ပင်ပန်းလား?"ဆိုတဲ့ ဂရုစိုက်တဲ့ အမေးလေးမေးနိုင်သလို "မိုးအေးပြီနော်... အနွေးထည်ထပ်ဖို့ မမေ့နဲ့နော်"ဆိုတဲ့ မက်ဆေ့လေးလည်း ပို့နိုင်ပါတယ်။ ဒီလို ဂရုစိုက်မှုတွေက တစ်ဘက်သားအတွက် တကယ့်အသုံးမနိုင်ဝင်ပေမယ့် အနည်းဆုံးတော့ သူ့စိတ်ကို နွေးထွေးကြည်နူးစေနိုင်ပါလိမ့်မယ်။

Devoted (သစ္စာခိုင်မြဲသည်)

လူတစ်ယောက်ကိုချစ်ပြီဆိုရင် သစ္စာခိုင်မြဲရတယ်။ လှေနံနှစ်ဖက်နင်းတာက ကိုယ်ချစ်တဲ့သူကို နာကျင်ဝမ်းနည်းစေတဲ့အပြင် နောက်ဆုံးမှာ လမ်းခွဲတာနဲ့ပဲ အဆုံးသတ်ရတတ်တယ်။

Enjoy (ကျေနပ်စွာခံစားသည်)

တစ်ဘက်သားရဲ့အရာအားလုံးကို ကျေကျေနပ်နပ်လက်ခံတဲ့အပြင် အချစ်ကြောင့်ဖြစ်လာတဲ့ ပျော်ရွှင်၊ ကြည်နူးခြင်းတွေကိုလည်း ကျေကျေနပ်နပ်ခံစားသင့်ပါတယ်။ ဒါမှ ချစ်ခရီးလမ်းက ပိုတာရှည်တည်မြဲ ပျော်ရွှင်မှာဖြစ်တယ်။

Freedom (လွတ်လပ်မှု)

လက်ထပ်ပြီးအတူနေသည့်တိုင် တစ်ဘက်သားကို ကိုယ်ပိုင်လွတ်လပ်မှုနဲ့ လျှို့ဝှက်ချက်တချို့ ရှိစေသင့်တယ်။ ကိုယ်နဲ့အိမ်ထောင်ကျတာဟာ ထောင်ထဲရောက်သွားသလို အချုပ်နှောင်ခံတာမျိုး တစ်ဘက်သားကို မခံစားစေချင်ဘူး။ ဒါကြောင့် သူကိုယ်ပိုင်လွတ်လပ်မှုဆိုတာ ရှိသင့်ပါတယ်။

Give (ပေးဆပ်ခြင်း)

အချစ်ဆိုတဲ့အရာက ကိုယ်ပေးဆပ်တိုင်း ပေးဆပ်သလောက် ပြန်ရမယ့်အရာမဟုတ်ပါဘူး။ ဒါပေမယ့် မပေးဆပ်ရင်တော့ လုံးဝပြန်ရဖို့ မရှိပါဘူး။ ကိုယ်ပေးဆပ်သလိုမျိုး တစ်ဘက်သားက ပြန်ပေးဆပ်ခဲ့ရင် ဒါဟာ စစ်မှန်တဲ့အချစ်လို့ ပြောနိုင်ပါတယ်။

Heart (နှလုံးသား)

အချစ်မှာ အရေးအပါဆုံးအရာက နှလုံးသားတစ်စုံပဲဖြစ်တယ်။ တစ်ဘက်သားကို နှလုံးသားနဲ့ရင်းပြီး ချစ်သင့်တယ်၊ ကြင်နာနားလည်သင့်ပါတယ်။ တကယ်လို့ ချစ်ခြင်းမှာ နှလုံးသားတစ်စုံသာ မပါခဲ့ရင် အချစ်စစ်လို့မည်လိမ့်မှာ မဟုတ်ပါဘူး။

Independence (မမှီခို၊ အားမကိုးဘူး)

စကားပြောကောင်းတဲ့ချစ်သူက "ငါဟာ မင်းအတွက်မွေးဖွားလာတာပါ" လို့ပြောတတ်ကြတယ်။တကယ်တော့ လူတိုင်းမှာ ကိုယ်ပိုင်ရှင်သန်မှုတွေရှိကြတယ်တစ်ဘက်သားကို အလွန်အကျွံ မှီခို၊ အားကိုးတာက သူ့ကိုတာဝန်ပိုစေတဲ့အပြင် စိတ်ပင်ပန်းနွမ်းနယ်စေပါတယ်။

Jealousy (မနာလို၊ သဝန်တို)

သင့်တင့်တဲ့ မနာလို၊ သဝန်တိုမှုတွေက သူဟာ ကိုယ့်အတွက် ဘယ်လောက်အရေးပါကြောင်းတစ်ဘက်သားကို ခံစားစေတယ်။ သဝန်တိုဖို့ အကျိုးအကြောင်းညီမျှရမယ်ဆိုတာ မမေ့သင့်ပါဘူး။ အကျိုးအကြောင်း အဆက်အစပ်မရှိတဲ့ သဝန်တိုမှုတွေက တစ်ဘက်သားကို မလိုလားမှုတွေ ဖြစ်ပေါ်စေပါတယ်။

Kiss (အနမ်း)

အနမ်းတစ်ပွင့်က စကားအခွန်းထောင်သောင်းထက် သာလွန်ပါသတဲ့။ ညင်သာတဲ့အနမ်းတစ်ပွင့်နဲ့ ကိုယ့်မြတ်နိုးမှု၊ ကြင်နာမှုကို ပြသနိုင်ပါတယ်။ ဒါကြောင့် ကိုယ့်ချစ်တဲ့သူကိုနမ်းဖို့ မတွန့်တိုသင့်ပါဘူး။

Love (ချစ်တယ်)

ချစ်တာနဲ့ နှစ်သက်တာမတူပါဘူး။ ချစ်မိပြီဆိုရင် တစ်ဘက်သားအတွက် အရာရာပေးဆပ်ရဲပါတယ်။"ချစ်တယ်"ဆိုတဲ့စကားတစ်ခွန်းက တခြားတန်ဖိုးကြီးလက်ဆောင်တွေထက် တစ်ဘက်သားရဲ့ရင်ကို နွေးထွေးကြည်နူးစေပါတယ်။

Mature (ရင့်ကျက်)

တချို့က အချစ်ဦးနဲ့ ဘာကြောင့်အလွယ်တကူ ကွေကွင်းကြရသလဲ?
အကြောင်းက ငယ်ရွယ်စဉ် ရည်းစားထားချိန်မှာ ကလေးဆန်စိတ်တွေ များနေခဲ့လို့ဖြစ်တယ်။ ဘယ်သူကမှ အဆင်ခြေမရှိ စူစူအောင့်အောင့် မကြီးပြင်းတတ်တဲ့ကလေးကို အမြဲအလိုလိုက် ချစ်နိုင်မှာမဟုတ်ပါဘူး။ဒါကြောင့် လူရင့်ကျက်ရင် အချစ်လည်းရင့်ကျက်ပြီး လှပတဲ့အဖူးအပွင့်တွေ မြန်မြန်ဆန်ဆန် ဖူးပွင့်နိုင်မှာဖြစ်တယ်။

Natural (ပင်ကို၊ ပကတိ)

ချစ်စကြင်စမှာ လူတွေက ကိုယ့်အားနည်းချက်၊ အနာအဆာကို သိုဝှက်ပြီး ဟန်ဆောင်နေတတ်ကြတယ်။အဲဒီအားနည်းချက်တွေက နှစ်ကြာမှ တဖြေးဖြေး ပေါ်လာတတ်တယ်။ ချစ်စတည်းက ပကတိအတိုင်းချစ်မယ်၊ သဘာဝအတိုင်း ဟန်ဆောင်မှုတွေကင်းခဲ့ရင် အချစ်က ပိုတာရှည်တည်မြဲမှာဖြစ်တယ်။

Observe (ဂရုတစိုက် ကြည့်ရှုမှတ်သား)

တစ်ဘက်သားရဲ့ ဝါသနာ၊ ကြိုက်နှစ်သက်တာတွေကို ဂရုတစိုက်မှတ်သားခြင်းဖြင့် တစ်ဘက်သားကို ပိုနားလည်စေသလို တစ်ခါတလေမှာ သူ့ကို ထူးဆန်းအံ့သြအောင် လုပ်နိုင်ပါတယ်။ ဥပမာ- မဂ္ဂဇင်းအတူကြည့်တုန်း စာအုပ်ထဲကနာရီကို သူသဘောကျကြောင်းပြောခဲ့ရင် သူ့မွေးနေ့မှာ သူအံ့သြဝမ်းသာအောင် လက်ဆောင်ပေးတာမျိုးဖြစ်တယ်။ အဲဒီလို တစ်ဘက်သားရဲ့အကြိုက်ကို ဂရုစိုက်တတ်တဲ့စိတ်က လက်ဆောင်ပစ္စည်းတွေထက် ပိုတန်ဖိုးရှိကြောင်း တစ်ဘက်သားကို ခံစားစေနိုင်ပါတယ်။

Protect (ကာကွယ်စောင့်ရှောက်)

ယောက်ျားလေးချစ်သူက မိန်းကလေးချစ်သူကို ကာကွယ်စောင့်ရှောက်တယ်ဆိုတာ သဘာဝပါ။ ဒါပေမယ့် မိန်းကလေးချစ်သူကလည်း ယောက်ျားလေးချစ်သူရဲ့ လေးစားမှု၊ မျက်နှာသာပေးမှုကို ကာကွယ်စောင့်ရှောက်ပေးရပါမယ်။ လူတွေကြားမှာ သူ့အရှက်မရဖို့၊ ထိခိုက်နာကျင်မှုတွေ မရဖို့ သတိထားရပါမယ်။

Quarter (ခွင့်လွတ်သည်းခံ)

ခွင့်လွတ်သည်းခံခြင်းတွေ အချစ်မှာမရှိမဖြစ်တဲ့ အရာတွေဖြစ်တယ်။ တစ်ဘက်သားရဲ့အမှားကို ပြည့်ဝတဲ့သဘောထားတဲ့ ခွင့်လွတ်သင့်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ သူဟာ ကိုယ့်ရဲ့အချစ်ဆုံးသူ ဖြစ်နေလို့ပါပဲ။

Receive (လက်ခံ)

ကိုယ့်အတွက် ချစ်သူပေးဆပ်တဲ့အရာတိုင်းကို ကြိုက်သည်ဖြစ်စေ၊ မကြိုက်သည်ဖြစ်စေစိတ်ပျက်သွားတဲ့အမှုအရာမျိုး၊ စိတ်အနှောင့်အယှက်ဖြစ်သွားတဲ့ ပုံစံမျိုး ထုတ်မပြသင့်ပါဘူး။ အဲဒီအပြုအမှုတွေက သူ့ကို စိတ်ဓာတ်ကျအားငယ်စေပါတယ်။ ကိုယ့်အတွက် ချစ်သူပေးဆပ်တာကို ကျေနပ်ပျော်ရွှင်တဲ့အသွင်နဲ့ လက်ခံပေးသင့်ပါတယ်။ ဒါဟာ နှစ်ဦးသားရဲ့ အကြင်နာကို ပိုမိုခိုင်မြဲစေပါတယ်။

Share (မျှဝေ)

တကယ်ချစ်ကြပြီဆိုရင် ဘဝရဲ့ပျော်ရွှင်၊ ဝမ်းနည်းခြင်းတွေကို အတူတကွမျှဝေသင့်ပါတယ်။ ဒါဟာ ဘဝဖော်တစ်ဦးရဲ့ အရိုးရှင်းဆုံး ဝတ္တရားပဲဖြစ်တယ်။

Tender (နူးညံ့)

အချစ်မှာ နူးညံ့မှုတွေရှိသင့်ပါတယ်။
အချစ်မှာ နူးညံ့မှုတွေကင်းခဲ့ရင် အချစ်က ချစ်စရာမကောင်းတော့ပါဘူး။

Understand (နားလည်)

တစ်ဘက်သားရဲ့ အမူအကျင့်ကို နားမလည်နိုင်ခဲ့ရင် အချစ်ဟာ အထီးကျန်ပြီးဆက်ဆံရေးမဲ့သွားနိုင်ပါတယ်။ တစ်ဘက်သားရဲ့ ရှုထောင့်ကနေပြီး တွေးတောခံစားပေးခြင်းအားဖြင့် တစ်ဘက်သားကို ပိုနားလည်စေနိုင်ပါတယ်။

Veracity (ဖြောင့်မှန်၊ မှန်ကန်ခြင်း)

အချစ်မှာ ဖြောင့်မှန်၊ မှန်ကန်ခြင်းတွေ အဆတစ်ရာလိုပါတယ်။ ကိုယ်ကလည်း ကိုယ့်ချစ်သူကို "အပြောသမား" တစ်ယောက် မဖြစ်စေချင်သလို သူကလည်း ကိုယ့်ကိုဖြစ်စေချင်မှာ မဟုတ်ပါဘူး။အချင်းချင်း အချစ်ညာစားသူ မဖြစ်စေချင်ကြပါဘူး။

Wait (စောင့်သည်)

အချစ်မှာ စောင့်တာက အခြေခံလိုအပ်ချက်လေးဖြစ်တယ်။ တစ်ဘက်သားနဲ့ အတူကြီးပြင်းရှင်သန်သင့်ပါတယ်။ ခရီးလမ်းဆုံးထိ တစ်ဦးကိုတစ်ဦး ဖေးမစောင့်စားသင့်ပါတယ်။ ကိုယ်အရင် ခြေလှမ်းလှမ်းပြီး တစ်ဘက်သားကို နောက်ချန်ထားရစ်ခဲ့လို့ မသင့်ပါဘူး။

X (အမြှောက်သင်္ကေတ)

ချစ်သူအပေါ်ထားတဲ့ ကိုယ့်အချစ်ကို နေ့တိုင်းဆတိုးပြီး မြှောက်သွားခဲ့ရင် အချစ်ကအလိုလိုနေရင်း အဆုံးမရှိဖြစ်သွားနိုင်ပါတယ်။

Yield (အလျော့ပေး)

နှစ်ယောက်အတူနေချိန်မှာ ငြင်းခုန်မှုက ရှိစမြဲဖြစ်တယ်။ နောက်ခြေတစ်လှမ်းဆုတ် အလျော့ပေးတာက ဒေါသမုန်တိုင်းကို ငြိမ်းအေးစေပါတယ်။ နောက်ပြီး ပြဿနာကို သဲသဲကွဲကွဲ မသိခင် "လမ်းခွဲကြရအောင်" ဆိုတဲ့စကားကို အလွယ်တကူမပြောမိဖို့ သတိထားရပါလိမ့်မယ်။ စိတ်တွေငြိမ်သွားမှပြဿနာရင်းမြစ်ကိုရှာပြီး ဖြေရှင်းနည်းတွေ ရှာတာဟာ အကောင်းဆုံးဖြစ်တယ်။

Zero (စမှတ်)

အိမ်ထောင်ရေးတည်မြဲပြီလို့ မှတ်ယူတာပဲဖြစ်ဖြစ်၊ အချစ်ရေးခိုင်မြဲပြီလို့ ထင်မြင်တာပဲဖြစ်ဖြစ် ချစ်နေချိန်မှာ အရင်ညားစ၊ ချစ်စ၊ ကြင်နာစက ခံစားချက်မျိုး၊ စိတ်သဘောထားမျိုးထားဖို့ မမေ့သင့်ပါဘူး။ တည်မြဲပြီလို့ မှတ်ယူပြီး အချစ်ကို ပစ္စလက္ခမထားဘဲ၊ အနယ်မထိုင်စေဘဲ နေ့တိုင်းအချစ်ကို အသစ်အသစ်အဖြစ်နဲ့ ချစ်နိုင်၊ ခံစားနိုင်ခဲ့ရင် အချစ်ဟာ အမြဲနုပျိုလန်းဆန်းနေမှာဖြစ်တယ်

AddThis Social Bookmark Button
Links to this post Email this post


အိမ်ပြန်ချိန်  

Friday, March 26, 2010


သူတို့ တွေအိမ်ပြန်ကြပြီဗျာ။ ကျွန်တော်ကတော့ ခဏနားခိုရာကိုပြန်ပြီ။
ကျွန်တော့်ရဲ့ တစ်ကယ့်အိမ်ဆိုတဲ့နေရာကိုပြန်ရဖို့ ဆိုတာကတော့ ... ။

Thanks.

AddThis Social Bookmark Button
Links to this post Email this post


နေညိုချိန်  

Sunday, March 21, 2010

နေညိုချိန်၊ တိမ်တောက်ချိန်၊ နွားရိုင်းသွင်းချိန်၊
အကျည်းတန်လှချိန်၊ စည်းဆာချိန်၊
ကိုကို၊ ဦးဦးနဲ့ တစ်ချို့ သောဖိုးဖိုးများ လေပျိုချိန်၊
ကြိုက်သလိုတင်စားဗျာ ... လှတာကတော့တအားပဲဗျာ။


Thanks.

AddThis Social Bookmark Button
Links to this post Email this post


I'm Waiting ( How I Took It )  



မနေ့ က Singapore မှာတစ်နေကုန်ကိုမိုးရွာတယ်ဗျာ။
ဒါနဲ့ ပဲဒီ Image လေးတွေကိုရှုဖို့  idea ရသွားတာပါ။
တစ်နေကုန်ရွာနေတဲ့မိုးကိုညဖက်ကျရင်လဲဆက်ပြီးရွာပါစေလို့ ဆုတောင်းနေတာဗျ။
ကျွန်တော်ရှုခြင်တဲ့ idea ကအပေါ်မှာမြင်ကြတဲ့အတိုင်းအမှောင်ထဲမှာဖြစ်နေလို့ ပါ။

ဒီလိုနဲ့ ပေါ့ဗျာ ... ကျွန်တော်လိုခြင်တဲ့အမှောင်ကြီးစိုးတဲ့အချိန်လဲရောက်ရော၊
camera ရယ၊် tripot ရယ်၊ ထီးရယ်၊ LED ဓါတ်မီးရယ်ကိုယူပြီးအိမ်အောက်ကိုဆင်းတော့တာပဲဗျာ။
သယ်ရင်းတစ်ယောက်ကိုလဲမရမကအတင်းခေါ်သွားခဲ့ပါတယ်။
ကျွန်တော် camera ကိုင်ပြီဆိုရင်၊
အခန်းထဲကအတူနေသယ်ရင်းတွေကလန့် လန့် နေကြတယ်ဗျ။

လိုခြင်တဲ့အမှောင်အနေအထားကတော့ရပါပြီ။ ဒါပေမဲ့ လိုခြင်တဲ့ မိုးသည်းမှုကတော့မရတော့ဘူးဗျ။
မိုးကဖွဲဖွဲလေးပဲရွာနေတော့တာ။ ဘာပဲဖြစ်ဖြစ်ချမယ်ကွာဆိုပြီးစတင်ပြင်ဆင်ပါတော့တယ်။
camera ကို tripot မှာထောင်၊ setting ကို M Mode မှာ ...
Shutter Speed ... 10s
Aperture ... 8
ISO ... 200 မှာထားချိန်လိုက်တယ်ဗျာ။
Aperture ကို 8 ထားရတာကတော့ မိုးစက်လေးတွေကိုသေခြာပေါ်စေခြင်လို့ ဗျ။
မိုးကဖွဲဖွဲလေးပဲရွာနေတာဆိုတော့ဗျာ၊ စမ်းကြည့်အခါကျွန်တော်လိုခြင်သလိုမရဘူး။
ဒါနဲ့ ပဲ Aperture ကို 4.5 ပြောင်းလိုက်တယ်ဗျာ။ မိုးစက်တွေလိုခြင်သလိုမရမဲ့အတူတော့၊
ချောမောလှပတဲ့ကျွန်တော့်ရဲ့ အခွက်ကိုပဲရအောင်ယူလိုက်တော့မယ်ဆိုတဲ့စိတ်ကူးနဲ့ ပေါ့ဗျာ။
ဟဲဟဲ ...။ ကဲစပြီဗျာ။ လုပ်ဆောင်ပုံ အဆင့်ဆင့်ကတော့ ....

step 1 ... camera ကို tripot မှာထောင် setting ကို M Mode မှာ၊
Shutter Speed ... 10s
Aperture ... 4.5
ISO ... 200 ထား။

step 2 ... LED အဖြူရောင်ဓါတ်မီးကို အလင်းအရမ်းစူးပြီးကျမနေစေပဲ၊
ခပ်ပါးပါးလေးနဲ့ ဖွာပြီးကျလာအောင်၊
ဓါတ်မီးအဝကို ပလစ်စတစ်အဖြူရောင်အနောက်ကိုအုပ်ပြီးကပ်၊
ပြီးတော့ ထီးကိုဖွင့်၊ ထီးရွက်နဲ့ အနီးဆုံးထီးရိုးမှာ LED ဓါတ်မီးကို တွဲပြီးချည်။

step 3 ... မရမကခေါ်ချလာတဲ့သယ်ရင်းကို object တည်မဲ့နေရာမှာခဏရပ်ခိုင်း၊
သယ်ရင်းရဲ့ မချောမောမလှပတဲ့အခွက်ကို focus ဖမ်း၊ လိုခြင်တဲ့ focus မိပြီဆိုတော့မှ
camera မှာ focus ကို M ကိုပြောင်းပြီး focus lock လုပ်။

step 4 ... camera ကို timer setting ပြောင်းပြီး timer ပေး၊
LED ဓါတ်မီးကိုဖွင့်၊ ထီးကိုကိုင်ပြီး ခုနကသယ်ရင်းကိုရပ်ခိုင်းခဲ့တဲ့
object တည်နေရာမှာပဲလေးပေးပြီးရပ်၊
( သယ်ရင်းရဲ့ ပုံကိုမရှုပဲ၊ ကျွန်တော့်ပုံကိုကျွန်တော်ပြန်ရှုရတာကတော့၊
ကျွန်တော်ပေးမဲ့ photo title name ကြောင့်ပါ။ ပြီးရင်အဲ့ဒီ image တွေကို
ချစ်သူစီပို့ ပေးပြီး၊ သနားအောင်လုပ်အုံးမှာလေ။ ဟီး ... အကြံကအဲ့ဒီလို ... )

step 5 ... ရလာတဲ့ image ကို Photoshop ပေါ်တင်၊
မိုးဖွားလေးတွေသေချာမပါတော့၊ မိုးဖွားအင်တွေကိုဖန်တီး။
ကျန်တာတွေကိုတော့ဘာမှမပြောင်းဘူး။ ပုံထွက်အတိုင်းပါပဲ။

ကဲ ... ဒါပါပဲဗျာ။ ဒီလိုနဲ့ ပဲ ချစ်သူရဲ့ နှစ်လုံးသားကို ကိုင်လှုပ်နိုင်မဲ့၊
Image လေးနှစ်ခုကိုရရှိသွားတော့တာပါပဲဗျာ။

Thanks.

AddThis Social Bookmark Button
Links to this post Email this post


Attap Valley Night  




Thanks.

AddThis Social Bookmark Button
Links to this post Email this post


How I took It  

Monday, March 15, 2010

ကျွန်တော်တို့ တွေအားလုံး ...
ကျွန်တော်တို့ ကြိုးစားအချိန်ပေးပြီးရှာဖွေတွေ့ ရှိထားတဲ့နည်းပညာများနဲ့ 
အတွေ့ အကြုံများကို၊ ဒီနေရာလေး ကနေမျှဝေကြဖို့ ဖိတ်ခေါ်ပါတယ်ခင်ဗျာ။

ကျွန်တော်အရင်စလိုက်ပါ့မယ်။
အားလုံးပဲပါဝင်စီးမျောလာကြမယ်လို့ ကျွန်တော်မျှော်လင့်ပါတယ်ခင်ဗျာ။






ဒါလေးကတော့ဒီလိုဗျ။

step 1 ... ထုံးစမ်အတိုင်း camera ကို tripod နဲ့ ထောင်ပြီး setting လုပ်ပါတယ်။
ကျွန်တော်လုပ်လိုက်တဲ့ setting ကတော့ ...
M Mode မှာ Shutter speed က 20s ၊ Aperture က f/5.6 ၊ ISO က 400 ပါ။

step 2 ... အခန်းမီးကိုပိတ်၊ camera ကိုမျက်နှာမူပြီးသွားရပ်၊Led 1W
အဖြူရောင်ဓါတ်မီးကို ready ကိုင်ထားပြီး၊ ကို night ကြီးပေးလိုက်တဲ့
remote ကလေးကိုသုံးပြီး click လိုက်တယ်။

step 3 ... click ပြီးတော့စိတ်ထဲကစပြီးအမှတ်စဉ်မှတ်တယ်။
၁..၂..၃..၊ ၃ လဲရောက်ရော၊ ဓါတ်မီးကိုဖွင့်၊ ဓါတ်မီးကထွက်တဲ့ Light
ကအဖြူရောင်ဖြစ်တာကြောင့်ပုံမှာမြင်ရတဲ့အတိုင်းအနီရောင်မျိုးလေးရအောင်၊
ဓါတ်မီးအဝကိုလက်မနဲ့ ပိတ်ထားလိုက်တယ်။

step 4 ... ပြီးတော့မြင်တဲ့အတိုင်းပဲ ဓါတ်မီးကိုကောက်ကြောင်းလေးတွေအတိုင်းအမှတ်စဉ်မှတ်ပြီး၊ဖြည်းဖြည်းခြင်းဆွဲတယ်။
ထားထားတဲ့ shutter speed က 20s ဆိုတော့ အမှတ်စဉ် ၃ ကနေစပြီးဆွဲလိုက်တာ၊
အမှတ်စဉ် ၁၅ မှာရပ်လိုက်တယ်။
( အမှတ်စဉ် ၃ ကနေစပြီးအမှတ်စဉ် ၅ မှာရပ်လိုက်တာဟာ၊ ဒီ image တစ်ခုထဲအတွက်
ကျွန်တော့်ရဲ့ စိတ်ကြိုက်ပါ။
သယ်ရင်းတို့ စိတ်ကြိုက်ကဘယ်လိုဖြစ်မယ်တော့မသိပါဘူး။ စမ်းကြည့်ကြပေါ့နော်။ )

step 5 ... ပြီးတော့ငြိမ်ငြိမ်လေးရပ်နေလိုက်တယ်။ ဒါပါပဲ။
မြင်ရတဲ့ပုံအတိုင်းရတယ်ဗျာ။ ဘာဆိုဘာနဲ့ မှလဲမပြင်ထားဘူး။ ဘာအမျိုးအစား Flash ကိုမှလဲမသုံးထားပါဘူး။



step 1 ... အနက်ရောင်အဝတ်စတစ်ခုကိုယူ၊ အပေါ်ဘက်၊အလယ်နဲ့ အောက်ဘက် ဟိုဘက်အစ၊ဒီဘက်အစနှစ်ဘက်မှာ
အဝတ်လှန်းတဲ့ဝါလုံးကို ကလစ်နဲ့ တွဲပြီးတော့နံရံမှာကပ်ထောင်တယ်။
( studio မှာမဟုတ်တော့လဲဒီလိုပဲကြံဖန်လုပ်ရတာပေါ့ဗျာ။
အနက်ရောင်အဝတ်စကို background လုပ်ရတာကတော့အလင်းဖေါက်တာကို
ပိုပြီးထင်ရှားစေမယ်လို့ ယူဆမိလို့ ပါ။ )

step 2 ... camera ကို tripod နဲ့ ထောင်ပြီး setting လုပ်ပါတယ်။
ကျွန်တော်လုပ်လိုက်တဲ့ setting ကတော့
M Mode မှာ Shutter speed က 5s ၊ Aperture က f/5 ၊ ISO က 400 ပါ။

step 3 ... model ဖြစ်တဲ့သယ်ရင်းကိုအောင်ကို ပုံမှာမြင်ရတဲ့အတိုင်း နေခိုင်းပါတယ်။
ပြီးတော့ ... ကိုအောင်ရဲ့ ဘယ်ဘက်လက် ...

လက်ခလယ်နဲ့ လက်သူကြွယ်ကြားမှာ Led 1W
အဖြူရောင်ဓါတ်မီးကိုညှပ်ကိုင်ခိုင်းထားပြီး၊
ဓါတ်မီးရဲ့ အလင်းရောင်ထွက်တဲ့ အဝကို ဆီပုံးနဲ့ ကပ်ထားပြီး၊ ဓါတ်မီးကို မီးဖွင့်လိုက်ပါတယ်။

step 4 ... ကိုအောင်ရဲ့ မျက်နှာကို focus ဖမ်းပါတယ်။ လိုခြင်တဲ့နေရာကို
focus မိသွားတဲ့အခါမှာတော့
focus ကို M သို့ ပြောင်းပြီး Lock လုပ်လိုက်ပါတယ်။
ပြီးတော့ ... အခန်းမီးကိုလုံးဝပိတ်ပြစ်လိုက်ပါတယ်။ ဘာဆိုဘာမှကိုမမြင်ရတော့ဘူးပေါ့ဗျာ။
အဲ့ဒီမှာ ရှုလိုက်တော့တာပဲဗျာ။
ဘာအမျိုးအစား Flash ကိုမှလဲမသုံးထားပါဘူး။

step 5 ...  PS ( Photoshop ) မှာတင်လိုက်ပြီးအနောက်ကအဝတ်စအမဲ
နဲနဲတွန့် နေတာကို brush tool အဖွာလေးနဲ့ ဟိုတို့ ဒီတို့လုပ်ပြီးပြန်ဖြေတယ်။
ဒါပါပဲဗျာ။ တစ်ခြားဘာမှကိုထူးထူးထွေထွေပြင်ထားတာမရှိပါဘူး။
စမ်းကြည့်ပါ။ တစ်ကယ်ကို အဲ့ဒီ့အတိုင်းထွက်လာလိမ့်မယ်ဗျာ။

ကဲ ... သယ်ရင်းတို့ မှာလဲ၊ အချိန်တွေပေးခေါင်းတွေစား၊
ပိုက်ပိုက်တွေအကုန်ခံပြီးတော့ရှာဖွေထားတဲ့နည်းပညာလေးတွေ၊
ရှုရှုလုပ်ထားတဲ့ image လေးတွေရှိကြမှာပါ။
အားလုံးမျှဝေခံစားနည်းပညာယူလို့ ရအောင်၊
ဒီနေရာလေး မှာ share ကြရအောင်ဗျာ ... ။

လောလောဆယ်ကျွန်တော်ဖန်တီးပြီးသမျှအလားတူ image တွေကို
ကြည့်ဖို့ စိတ်ဝင်စားတယ်ဆိုရင်တော့ ...
ဒီနေရာ မှာသွားကြည့်နိုင်ပါတယ်ခင်ဗျာ။


Thanks.

AddThis Social Bookmark Button
Links to this post Email this post


FirstBlush  







Thanks.

AddThis Social Bookmark Button
Links to this post Email this post


Reflecting  

Saturday, March 13, 2010

ဘာရယ်မဟုတ်ဘူး။
ရေထဲမှာပြန်မြင်နေရတဲ့ အရောင်လေးတွေကိုသဘောကျမိလို့ ပါဗျာ။




Thanks.

AddThis Social Bookmark Button
Links to this post Email this post


ဟိုဘက်ကမ်းကမီးထိန်ထိန်  

Friday, March 12, 2010

Woodland မှာ Attap Valley Road ဆိုတာရှိပါတယ်။
အဲ့ဒီ Attap Valley Road ပေါ်မှာAttap Valley Power Gas Station ဆိုတာလေးရှိပါတယ်။
အဲ့ဒီ Station က instrument တွေကိုကျွန်တော်ကတစ်ပတ်မှာတစ်ခါတော့
maintenance လုပ်ဖို့ သွားရလေ့ရှိပါတယ်။
GNight Johar 1, 2 နဲ့  3 ကအဲ့ဒီ့ Station ရဲ့ အနောက်ဖက်ခြံစည်းရိုးကနေလှမ်းမြင်နေရတဲ့
Malaysia ဘက်ကမ်းက Johar Baru မြို့ ကလေးရဲ့  Night View လေးပါ။ 
အဲ့ဒီ့ View လေးကိုမနက်နေထွက်တဲ့အချိန်ကိုလဲရှုရှုလုပ်ဖို့ ကျွန်တော်တေးတာပါတယ်ခင်ဗျာ။


GNight Johar 1

GNight Johar 2


GNight Johar 3


Thanks.

AddThis Social Bookmark Button
Links to this post Email this post


MyLightPainting 3  

Saturday, March 6, 2010


Thanks.

AddThis Social Bookmark Button
Links to this post Email this post


Design by Amanda @ Blogger Buster