Pages

Gtalkboomber  

Tuesday, April 27, 2010

 P.S. ကျွန်တော့်ရဲ့ Mail ထဲကိုဒါလေးအကြောင်းဝင်လာလို့ ၊
စမ်းကြည့်လိုက်တယ်။ ကောင်းတယ်ဗျ။ သုံးရတာလဲလွယ်တယ်။
အသုံးလဲအတော်ဝင်မယ်လို့ ထင်မိပါတယ်။ 
ဒါကြောင့် share လိုက်တယ်ဗျာ။

နာမည်လေးကတော့ GTalk Boomber ပေါ့။ အဓိကက
ကိုယ်မိတ်ဆွေ GTalk Friend တွေအားလုံးကို Message ပို့ချင်တဲ့အခါ
အဆင်ပြေအောင်လို့ပါ။ သူငယ်ချင်း နည်းတဲ့သူ အတွက် သိပ်မလိုအပ်ပေမယ့်
သူငယ်ချင်းတွေ ရာထောင်ချီနေရင်တော့ အတော် ဒုက္ခရောက်ပါတယ်။

ကဲ အဲဒီမိတ်ဆွေတွေ အများကြီးကို Gtalk နဲ့ message ပို့ချင်ရင် တော်တော် ဒုက္ခရောက်တယ်။ 
ကိုယ့်ရဲ့ Gtalk မှာ Caption Message ရေးထားတော့လည်း ကိုယ်လည်း Online, 
သူလည်း Online ဖြစ်မှဖတ်လို့ရမှာ။
နောက် Gmail နဲ့ Group ဖွဲ့ပို့မယ်ဆိုတော့လည်း မေးလ်ဆိုတာ
သိတဲ့အတိုင်း Click တစ်ချက်နှိပ်ပြီး ဖွင့်ဖတ်မှ ဖတ်ဖြစ်တာလေ။ 
Gtalk message ကတော့ သူ online ဖြစ်မနေလည်း offline message အဖြစ်
ပို့ထားနိုင်တော့ အချိန်မရွေး သူ Online ဖြစ်လာတဲ့အခါမှာ “တုံ” ဆိုပြီး
မဖြစ်မနေ ဖတ်မိစေတာပေါ့။

www.itmgmg.com/zmdata/gtalkboomber.exe ကနေ ဆွဲချပြီး သုံးလို့ရပါတယ်။ 
သူကို သုံးဖို့ .NET Frame Work 2.0 ရှိဖို့တော့ လိုတယ်။ 
Vista သုံးတဲ့သူတွေကတော့ စက်ထဲမှာရှိပြီးဖြစ်နေလိမ့်မယ် XP သမားတွေကတော့ 
run လို့မရရင် Internet ကနေဆွဲချပြီး install လုပ်ဖို့ လိုပါလိမ့်မယ်။

သုံးတာကတော့ လွယ်ပါတယ်။ ကိုယ်ရဲ့ Gmail user name, Gmail password နဲ့ SignIn လုပ်။
ပြီးရင် ပေါ်လာတဲ့ သူငယ်ချင်းအမည်တွေထဲက ပို့ချင်တဲ့သူတွေကို Select လိုက်လုပ်။ 
တကယ်လို့အားလုံးကို ပို့ချင်တာဆိုရင် Select All ဆိုတာလေးကို ရွေး။ 
ပြီးရင် Nextနှိတ်။ နောက်တစ်မျက်နှာမှာ ကိုယ် ရေးချင်တာတွေ ထည့်ရေး
ပြီးရင် Send ဆိုတာနှိတ်လိုက်ရုံပါပဲ။ လွယ်မှ သိပ်လွယ်။
ကဲ ဒီလောက်ဆို Gtalk Boomber လေးနဲ့group message ပို့လို့ စမ်းလို့ ရမယ်ထင်ပါတယ်။ 

Peace !

AddThis Social Bookmark Button
Links to this post Email this post


Star Trials Photo ဖြစ်စေသတည်း ...။  

Saturday, April 24, 2010

Only ... Lonely, But Lovely.


ကဲ ...
ဒီလောက်တောင်ဖြစ်လှတာဗျာ ... လာထား။
Star Trials Photo Project ကိုရှုခြင်ပါတယ်ဆိုမှရှုမရဘူးဗျ။
ကြယ်တွေကိုမမြင်ရလို့ ။
ဒီတော့ ရှုလို့ ရတာကိုပဲရှုခဲ့တဲ့ ကျွန်တော်ရဲ့ 
Only ... Lonely, But Lovely. ကို ps နဲ့ ကြယ်လေးတွေထဲ့ပြစ်လိုက်တယ်ဗျာ။
Star Trials Photo ဖြစ်စေသတည်း ...။
ဟီး ...။

We R Fri ...

  Peace !

AddThis Social Bookmark Button
Links to this post Email this post


Way Back Home ?  

အိမ်ပြန်ခြင်ပြီဗျာ ...။
I wanna go back home ...
( go back to my county & my family )


Peace !

AddThis Social Bookmark Button
Links to this post Email this post


Myanmar-English, Elglish-Myanmar Dictionary  

Myanmar-English, Elglish-Myanmar နှစ်ဘာသာဖြင့် မိမိသိလိုသောစကလုံးကို internet ပေါ်မှတစ်ဆင့်ရှာဖွေအသုံးပြုနိုင်ပါပြီ။
၎င်းကိုမြန်မာအင်တာနက်လုပ်ငန်းမှအခမဲ့လွှင့်တင်ထားခြင်းဖြစ်ပါသည်။
အများအကျိုးပြု information service ဖြစ်ပြီး စာလုံးရေ ၃၃၀၀၀ ကျော်ပါဝင်ပါသည်။
MyanmarNLP.org.mm ရဲ့ Window English-Myanmar Translator ဆိုတဲ့ software ကိုအခြေခံထားပြီး၊
၎င်းကိုအသုံးပြုခြင်ပါက အောက်ပါ Link အတိုင်းသွားရောက်အသုံးပြုနိုင်ပါသည်။

Myanmar-English, Elglish-Myanmar Dictionary


Peace !

AddThis Social Bookmark Button
Links to this post Email this post


Outdoor Portrait Shoot @ Bukit Timah railway  

Tuesday, April 20, 2010

ဇာတ်လမ်းကစမယ်ဆိုရင်တော့ ... ဒီလိုဗျာ။
ကျွန်တော်တို့  မြို့ တော်ရန်ကုန်က ရထားလမ်းတွေနဲ့ အလားတူ၊
Sg နဲ့  Maly ကိုဆက်သွယ်ထားသောကိုလိုနီခောတ်ကရထားလမ်းအဟောင်းကြီးတစ်ခုရှိလေ၏၊
Location ကတော့ထို ရထားလမ်းကြီးပေါ်မှ
Bukit Timah Railway Station ရဲ့ အနီးမှာပါ။

အဲ့ဒီ့နေရာမှာရှုခြင်လှပါတယ်ဆိုပြီးအစဆွဲထုပ်သူက ... မသက်စု
စီစဉ်ပေးသူကတော့ .. ကို Night
ဝါသနာအရ Model လုပ်ပေးသူများကတော့ သဘောကောင်းတဲ့ ညီလေး ရဲနိုင်ဇော်၊
ညီမလေး Sweet နဲ့  လိုအပ်ချက်အရ Photographer ဘဝကနေ
Model ဘဝကို ခဏပြောင်းရရှာသော Harry

အဲ့ဒီလိုနဲ့ ပေါ့ဗျာ ... ကျွန်တော်တို့  18.April.2010 မနက် ၉နာရီနောက်ဆုံးထားပြီး
clementi bus interchange မှာလုစုကြတယ်ဗျာ။ အဲ့ဒီကနေမှ 154စီး
NgeeAnn Polyကျော်ပြီး ၂မှတ်တိုင်မှာ alightလုပ် .. ရှေ့နည်းနည်းဆက်လျှောက်သွားတော့ ..
တံတားကိုရောက်ပါလေရောပေါ့ဗျာ။

အဲ့ဒီ့နေရာကိုတန်းသွားပြီးကြိုစောင့်နေပါ့မယ်ဆိုတဲ့ ကိုအာတာလွတ် ကတော့နေရာတွေမှား၊
ရွာတွေလည်၊ ကျွန်တော့်ဆီက်ုဖုန်းတွေတဂွမ်ဂွမ်ဆက်၊ နေရာကိုမေး၊
အဲ့လိုတွေဖြစ်ပြီးမှ၊ တော်တော်လေးနောက်ကျမှရောက်လာခဲ့ရှာတယ်ဗျာ။
( တစ်ကယ်ပဲနေရာကိုမှားနေတာလား ? သူ့ ရဲ့ ချစ်ချစ်နဲ့ ပဲ အမျှင်တွေမပြတ်လို့ ဇာတ်လမ်းလုပ်ပြီး၊
ကျွန်တော့်ကိုဖုန်းခဏခဏဆက်နေတာလားတော့သိပါဘူး )

ကိုအာတာလွတ် ထက်နောက်ကျပြီးမှရောက်လာခဲ့သူများကတော့ ...
ကိုညီစု နဲ့ အပေါင်းအပါများပါ။

ဒီလိုနဲ့ အုပ်စုကအတော်တောင့်သွားပြီး၊ ပျော်ပျော်ပါးပါးရင်းရင်းနှီးနှီးနဲ့ ၊
စကြနောက်ကြရှုလိုက်ကြနဲ့ ဗျာ တော်တော်လေးကိုမှပျော်စရာကောင်းခဲ့တဲ့ outing လေးပါ။
မသက်စု ရဲ့ အာသီသကြောင့်ကျွန်တော်သယ်လာခဲ့တဲ့ဂစ်တာလေးကလဲ၊
တော်တော်အလုပ်ဖြစ်တယ်ဗျ။ သူကလဲ အဲ့ဒီ့နေ့ အတွက် မင်းသားတစ်လက်လိုပါပဲ။
သက်မဲ့ Model လေးတစ်ယောက်ပါပဲဗျာ။

ဒီလိုနဲ့ ပျော်ပျော်ပါးပါး အားရပါးရနေ့ ဝက်ကျော်ထိကျွန်တော်တို့ ရှုခဲ့ကြတာပေါ့ဗျာ။
Photographer ၊ Model အားလုံးအားလုံပဲ၊ ပျင်းပြလှတဲ့ Sg ရဲ့ နေရောင်ကိုအန်တုပြီး၊
လသာထဲမှာရှုနေသလို လုပ်နေကြတော့၊ အားလုံးရဲ့ မျက်နှာများဟာနေတွေလောင်ပြီး၊
ရှမ်းမလေးများလိုပဲ ပါးအို့ နီလေးများနဲ့  လှခြင်တိုင်းလှနေတော့တာပါပဲဗျာ။

ဒီလိုနဲ့ အားရအောင်ရှုကြပြီးသကာလ၊ ဝါးတီးဆွဲကြဖို့  McDonal ဆိုင်ကိုတက်ညီလက်ညီချီတက်ပြီး၊
ဆိုင်လဲရောက်ရော .. ဟိုဟိုဒီဒီက စားပွဲတွေကုလားထိုင်တွေကို့ ဆွဲလို့ ၊
ခပ်တည်တည်နဲ့  ဆက်လိုက်ကြပြီး၊ စားရင်းသောက်ရင်းက ထုံးစမ်အတိုင်း ...
ဟိုဟိုဒီဒီပွါးကြလေတော့တာပါပဲဗျာ။

ကဲ ... ကျေးဇူးတင်တဲ့ topic လေးစလိုက်ကြရအောင်ဗျာ။

အစဆွဲထုပ်သူ ... မသက်စု ကျေးဇူး။

စီစဉ်ပေးသူ .. ကို Night ကျေးဇူး။

နောက်ပြောင်မှုတွေကို ခါးစည်းခံပြီး၊ မညီးမညူ Model လုပ်ပေးခဲ့သော၊
သဘောကောင်းတဲ့ညီလေး ... ညီလေး ရဲနိုင်ဇော် နဲ့ ညီမလေး Sweet ... ကျေးဇူး။

လိုအပ်ချက်အရ Photographer ဘဝကနေ
Model ဘဝကို ခဏပြောင်းရရှာသော၊
Model ညီလေးရဲနိုင်ဇော်ကိုခေါ်လာပေးတဲ့ Harry လဲကျေးဇူး။

Camera ပျက်နေပေမဲ့ Lensman ပြီသစွာ၊ လာရောက်အားပေးကူညီပြီး၊
မှန်ထိုးပေးရှာတဲ့ ကိုသက်ပိုင် လဲကျေးဇူး၊

အထာမထားပဲပျော်ရွှင်ရင်းနှီးစွာနဲ့  လာရောက်ဆင်နွဲခဲ့သော Lensman များလဲကျေးဇူး။

Lensman အသစ်များဖြစ်လာကြတဲ့ သယ်ရင်းများကိုခေါ်လာခဲ့သော ကိုညီစု ကျေးဇူး။

Model ညီမလေး Sweet အားကြိုက်သလိုသာလုပ်ပေတော့ဆိုပြီး၊ Lensman များလက်ကိုအပိုင်စားပေးလိုက်သော ကိုတင် ( မယ်တင်မဟုတ်ဘူးနော်၊မသက်စုရေ )လဲကျေးဇူး။

ဂစ်တာလေးကို ကျွန်တော်နဲ့ စိတ်ချလက်ချထဲ့ပေးလိုက်တဲ့ ကျွန်တော့်ရဲ့ သယ်ရင်း ..
အောင်မင်းထွန်း ( အူဝဲ ) ကိုလဲကျေးဇူး။

သက်မဲ့ Model ဂီတာလေး ကိုလဲကျေးဇူး။

အားလုံးအားလုံး McDonal ကိုချီတက်ခါနီးမှ၊ ဂစ်တာကိုင်ပြီး Model လုပ်ပေးခဲ့ရှာသော
ကိုဇစ် ကိုလဲကျေးဇူး။

အစစွဲထုပ်သူ ကိုသက်ပိုင် ကြောင့် မိနစ်အနည်းငယ်အတွင်းမှာ၊
ဆေးလိပ်နှစ်လိပ်ကို မျက်လုံးတွေစပ်၊နှတ်ခမ်းတွေအပူခံဖွာပေးရပြီး Model လုပ်ပေးလိုက်ရရှာသော ..
သနားစရာကျွန်တော်မောင် ဇေယျာလှိုင် လေးအားလဲကျေးဇူး။
( အမှန်က သူ့ ရုပ်ကြီးကိုကျွန်တော်ခဏခဏခိုးရှုလွန်းလို့ လက်စားပြန်ချေတာ )

ချွေးသံတွေတရွှဲရွှဲနဲ့ စုပ်ပြတ်ထွက်နေသော ကျွန်တော့်ရဲ့ ရူပါကို မညာမတာဝိုင်းရှုကြသော
Lensman များကိုလဲကျေးဇူး။

ဇေယျာလှိုင် နဲ့ ငွေအတူမနေ ဆိုတာကိုနားလည်သဘောပေါက်ထားပေးပြီး၊
ကျွန်တော်လုပ်ခြင်ရာတွေလုပ်နေတာကိုခွင့်လွတ်ပေးထားကြရှာသော ...
ကျွန်တော့်၏ မိဘနှစ်ပါး နှင့် ချစ်သူ ယုအောင်လင်း ( ယုမီ ) တို့ ကိုလဲကျေးဇူး။
( ယူပြီးသွားရင်လဲဒီလိုပဲနားလည်ပေးမယ်လို့ ယူဆထားတယ်ချစ်သူ )

အားလုံးအားလုံးကိုကျေးဇူးပါလို့ ပြောကြားရင်း၊
ကျွန်တော်တို့ May.1 မှာပြုလုပ်မဲ့ Lensman ရဲ့ နှစ်ပတ်လည်တွေ့ ဆုံပွဲ

MyanmarLensman.com Annual BBQ Gathering လေးမှာပျော်ရွှင်စွာနဲ့ ပြန်ဆုံကြရအောင်လားဗျာ။

PS. ကျွန်တော်တို့ ရဲ့ သွေးသောက်ဘာသောက်ညာသောက်ရောင်း၇င်းကြီး
ကိုကာကာ မလာတဲ့အတွက်၊ အဲ့ဒီ့နေ့ လေးမှာ လွန်စွာမှသတိရမိပါကြောင်း။
ချစ်ချစ်ဆီမှ permit မရလို့ မလာဘူးလို့ ပဲယူဆလိုက်ပြီဖြစ်ကြောင်း။
ကျွန်တော့်ရဲ့ အဲ့ဒီ့နေ့ ကတောင်ရှုမြောက်ရှုများကိုစိတ်ဝင်စားလို့ ရှုစားတော်မူခြင်ကြရင်ဖြင့်၊
လောလောဆယ် ကျွန်တောတင်ထားပြီးသမျှကို အောက်က Link လေးတွေမှာ
သွားရောက်ကြည့်ရှုနိုင်ကြောင်း။

Portrait ကိုခုမှပထမဆုံးစပြီးရှုဘူးတာမို့နဲနဲတော့သီးခံပြီးရှုစားကြစေလိုကြောင်း၊
ပေးထားသော Link တွင်တင်ထားသောပုံအတော်များများမှာ
အရောင် နဲ့ အလင်းအမှောင်ကို Lightroom., Photoshop တွင်အနည်းငယ်ကစားထားမိကြောင်း
...... ပြောကြားရင်း ....။

ကျွန်တော်နဲ့ ရိုက်ဖေါ်ရိုက်ဖက်များ

Portrait

Story


Peace !

AddThis Social Bookmark Button
Links to this post Email this post


အပြာရောင်လမ်းခွဲ  

Monday, April 19, 2010

အစကတော့ဒီလို ...

 
အော် ... ခုတော့လဲ။
 
 
နေရစ်တော့ ...
 

ကျန်ရစ်ခဲ့တဲ့သူကလည်း အသစ်ရပြီ၊
ထားရစ်သူကလဲ ငါ့လက်ကလွတ်ပြီ ဆိုတဲ့အတွေးများနဲ့ ပေါ့ဗျာ။
ဟားဟား ...။ ပေါက်ကရတွေရှောက်ပြောနေတာ။
ကျွန်တော်ပျော်စရာလေးဖြစ်သွားအောင်လုပ်လိုက်တာပါ။
သက်ဆိုင်သူများအားလုံးနားလည်ကြမယ်လို့ မျှော်လင့်ပါတယ်ခင်ဗျာ။


Peace !


AddThis Social Bookmark Button
Links to this post Email this post


အပြစ်ကင်းသော သင်္ကြန်  

Saturday, April 17, 2010

Ygn ကကလေး လေးတစ်ယောက် သင်္ကြန်ရေကစားနေတဲ့ပုံရိပ်လေးတစ်ချို့ ပါ။
အပြစ်ကင်းတဲ့ ပုံရိပ်လေးတွေလို့ ယူဆမိလို့  post လေးရေးပြီးတင်လိုက်မိတာပါ။

သူလေးရဲ့ နာမည်က " သာလွန်ထက် " တဲ့ဗျ။ သူကဘယ်သူလဲ ?
ကျွန်တော်နဲ့ ဘယ်လိုပတ်သက်မှုရှိလဲဆိုတာကတော့မပြောတော့ပါဘူး။
ဒီပုံလေးတွေကို ကျွန်တော်ဆီရိုက်ပြီးပို့ ပေးတဲ့သူကတော့ ...
ကျွန်တော့်ရဲ့ ချစ်သူ " ယုမီ " ပါ။
ကျွန်တော့်ချစ်သူရဲ့ ရိုက်ချက်များကိုရှုစားလိုက်ကြပါအုံးဗျာ။





Peace !

AddThis Social Bookmark Button
Links to this post Email this post


2010 Sg သင်္ကြန်  

ဒီနှစ်သင်္ကြန်ကိုတော့ Sg မှာ တောင်ရိုက်မြောက်ရိုက်လုပ်မယ်လို့ အားခဲထားတာ။
မအားတာနဲ့ ဘာမှကိုမရိုက်ဖြစ်လိုက်ဘူး။ ပြီးခဲ့တဲ့ 4.April.2010 Sunday တုံးက၊
Sg မှာရှိတဲ့ Toparo ဘုန်းကြီးကျောင်းမှာ ကျွန်တော်တို့  Sg ကရွှေမြန်မာတစ်ချို့ 
ကိုယ့်အုပ်စုလေးနဲ့ ကိုယ် အလှုလုပ်ကြတယ်။ စတုသီသာကြွေးကြတယ်ပေါ့ဗျာ။
အဲ့ဒီမှာကျွန်တော်တို့  Co မှာရှိတဲ့ ရွှေညီအစ်ကိုများကလဲ စုပေါင်းပြီး အလှုလုပ်ကြပါတယ်။
ကျွန်တော်ကတော့ အလှုငွေပဲထဲ့ဖြစ်တယ်ဗျာ။ သွားလဲဝိုင်းမလုပ်ပေးဖြစ်ခဲ့သလို၊ တောင်ရိုက်မြောက်ရိုက်လဲမလုပ်ဖြစ်ခဲ့ဘူး။
ဒါပေမဲ့ အားလုံးသာဓုခေါ်နိုင်စေဖို့  သယ်ရင်းတစ်ယောက်ရှုလာခဲ့တဲ့ ပုံလေးတွေထဲက
တစ်ချို့ ကို
တင်ပေးပြီး ကုသိုလ်ယူလိုက်ပါရစေဗျာ။

ဟောဒီလိုလေးတွေဝိုင်းပြီးလုပ်ကြတယ်ဗျာ။



အားပေးတဲ့ပရိပ်သတ်ကလဲ ဒီလိုဒီလို ...။





ပြီးတော့ ဒီလိုလေးယာဉ်ကျေးစွာရေကစားကြသေးတယ်။


ဒီလိုအချိုပွဲများကလဲပါသေးတယ်ဗျာ ..။
( ဒီအချိုပွဲ ကောင်းလို့ စားတာလား ? ကောင်မလေးလှလို့ စားတာလား ? ဟီးဟီး )




ဒီလိုလေးမှတ်တမ်းတင်ကြသူများကလဲ အများအပြားပါ။




ဟောဒီလို ပျော်ပျော်ပါးပါးလေးလဲဆိုကြ၊ ကကြပေါ့ဗျာ။




မုန့် လုံးရေပေါ်ကတော့ မပါရင်ဘယ်ပြီးမှာတုံး။
သင်္ကြန် နဲ့ မုန့် လုံးရေပေါ်ဆိုတာကတော့ trade mark ပဲမဟုတ်လားဗျာ။


P.S ကျွန်တော်က မအားလို့  မရိုက်လိုက်ရပေမဲ့ ကျွန်တော့်ကိုယ်စား၊
ကြိုးစားပန်းစားရိုက်ခဲ့ပေးတဲ့ သယ်ရင်းညီညီဇော်အားကျေးဇူးတင်ရှိကြောင်းပါခင်ဗျာ။


Peace !

AddThis Social Bookmark Button
Links to this post Email this post


ကျွန်တော်လွှတ်ချခဲ့တာလေး ...  

Tuesday, April 13, 2010

စိတ်အရိုင်းနဲ့ နယ်ကျွံခဲ့တဲ့ကာလတစ်ခုမှာ ကျွန်တော်လွှတ်ချခဲ့တာလေး...
ခုကျွန်တော်
ကောက်ယူမိလေမလားပဲ....


ဟိုးအရင်တုံးကတော့ဂစ်တာကိုအတော်မြတ်နိုးခဲ့ဘူးပါတယ်။
မကိုင်ဖြစ်ခဲ့တော့တာလဲနှစ်ပေါင်းအတော်ကိုကြာသွားခဲ့ပါပြီ။
ကျွန်တော်နဲ့ လက်ရှိအတူနေ အခန်းဖေါ်သယ်ရင်းတစ်ယောက်က ဒီဂစ်တာလေးကိုဝယ်လာလို့ ၊
အဲ့ဒီညက ကျွန်တော်လွန်ခဲ့တဲ့ နှစ်ပေါင်းများစွာဆီကိုပြန်လည်မျောလွင့်သွားခဲ့ရပါတယ်။
အဲ့ဒီ့ညလေးကို အမှတ်တရဖြစ်စေဖို့ လက်ရှိကျွန်တော် အားသန်နေတဲ့ ဓါတ်ပုံ အနုပညာနဲ့ ၊
ကြိုးစားပုံဖေါ်ပြီး မှတ်တမ်းတင်ထားခဲ့တာပါ။
ရင်ခုန်သံခြင်းနီးစပ်မှုရှိပြီး၊
ကျွန်တော့်ရင်ထဲကိုထိုးဖေါက်ဝင်ရောက်ခံစားပေးနိုင်တဲ့ သယ်ရင်းများကို၊
အရမ်းကျေးဇူးတင်နေပါတယ်ဗျာ။





Peace !

AddThis Social Bookmark Button
Links to this post Email this post


Speed(HDR)  



လောလောဆယ်မှာ HDR လုပ်ဖို့ ရည်ရွယ်ပြီး ရှုထားတဲ့ပုံမရှိပါဘူး။
ဒီတော့ရှိတဲ့ပုံလေးတွေထဲကတစ်ပုံကိုပဲ lightroom မှာ +2Ev, -2Ev ထပ်ဖန်တီးပြီး၊
လုပ်ကြည့်ထားတာပါ။ moving capture တစ်ခုကို ရှာရှည်ပြီး စမ်းလုပ်ကြည့်လိုက်တာမို့ ၊
ထွက်လာတဲ့ result ကတော့မြင်တဲ့အတိုင်းပါပဲ။
Noise တွေကလဲ တမင်လုပ်ထားသလားထင်ရအောင်ကို လန်ထွက်နေပါတယ်ခင်ဗျာ။
200mm Lens နဲ့  hand held ရှုထားတာလဲဖြစ်တဲ့အတွက် image ရဲ့ 
result ကအကောင်းကြီးတော့မဟုတ်ပါဘူး။
ဘာပဲဖြစ်ဖြစ်ဝေဖန်ကြည့်ကြပါအုံး။

Peace !

AddThis Social Bookmark Button
Links to this post Email this post


Me By Night Pro.  

Camera Man ဆိုတာ Hunter တွေ သားကောင်းလာတဲ့အချိန်ကိုစောင့်နေသလို
ကိုယ်ကြိုက်တဲ့ ပုံတပုံရိုက်နိုင်တဲ့ အချိန်ကိုစောင့်ရတယ်.. တခါတရံ ကျတော့လည်း လျှပ်တပြတ်ရိုက်ချက်လေးရအောင် နေရာတကာ ပြောင်းကို ဟိုတချိန်ချိန် ဒီတချိန်ချိန်နဲ့၊ တခါတလေတော့လည်း Sniper Man တွေလို ခိုးကြောင်ခိုးဝှက်နေရာယူ
Camera ကိုလဲ Sniper Gun လို
တစစီဖြုတ်လိုက်တပ်လိုက်နဲ့
...
...

ပြီးတော့ sniper လို တချက်တည်းနဲ့
Head Shot ရဖို့ကမလွယ်
သေချာအောင် ၄ / ၅ / ၁၀ ချက်လောက်ရိုက်မှ
စိတ်ကြိုက်တပုံကောင်းကောင်းရတတ်ပါတယ်။

Peace !

AddThis Social Bookmark Button
Links to this post Email this post


How I took HDR for Let's start the celebrate !  

Sunday, April 11, 2010

ဒါလေးကတော့ Photomatix နဲ့  လုပ်ထားတာပါ။
HDR ရဲ့  meaning ကတော့ ...
High Dynamic Range Imaging လို့ ခေါ်ပါတယ်။
ပုံမှန်အားဖြင့် HDR image တစ်ခုကို၊
-2 EV, 0EV, +2EV နဲ့ အနည်းဆုံး ၃ပုံရိုက်ယူပြီး Photomatix မှာ Generate လုပ်ရပါတယ်။
ပြီးမှတစ်ခါ Photoshop မှာထပ်ပြီးညှိယူရပါတယ်။
ကျွန်တော့်ရဲ့  Let's start the celebrate ! ( HDR ) image လေးကတော့
စပြီးရိုက်ယူတဲ့ရည်ရွယ်ချက်က HDR လုပ်ဖို့ မဟုတ်ပါဘူး။
Night Light Painting tec နဲ့ ရိုက်ယူခဲ့တာဖြစ်တဲ့အတွက်
Exposure ၃ မျိုးရအောင်ရိုက်ယူလို့ လဲမဖြစ်နိုင်ပါဘူး။
ဒါကြောင့် 0EV နဲ့ ရိုက်ယူခဲ့တဲ့ original Let's start the celebrate ! image လေးကိုပဲ
Lightroom ကနေပြီးတော့ Exposure +2EV နဲ့ 
Exposure -2EV နှစ်ပုံကိုထပ်ပြီးဖန်တီးခဲ့ပါတယ်။
ပြီးမှထုံစမ်းအတိုင်း Photomatix မှာ Generate လုပ်ပီးပြီး၊ Photoshop မှာထပ်ပြီးညှိယူခဲ့တာပါ။

ဒါလေးကတော့ Night Light Painting tec နဲ့ ရိုက်ယူခဲ့တဲ့
original
Let's start the celebrate ! image လေးပါ။



Peace !

AddThis Social Bookmark Button
Links to this post Email this post


Let's start the celebrate !  

Saturday, April 10, 2010

Let's start the celebrate ! ( original )

I think the setting of a camera is kind of build-in computer software.
All special lens can be called special tools for different special effects.
So...
If no changes are made on computer for a pic, yet use special lens and do some adjustments in the setting of a camera, that image are normally called original, not pp. So i like to call this very pic of mine original.
Camera မှာပါတဲ့ setting တွေဆိုတာက Camera ထဲမှာအစထဲက ထည့်သွင်းပေးလိုက်တဲ့၊
Build in Computer software တွေပဲပါပဲ။
Camera မှာတပ်ပြီးရှုနေကြတဲ့ Special Lens တွေဆိုတာလဲ၊
ပုံရိပ်တစ်ခုကို အပြင်မှာမြင်ရတဲ့အတိုင်းမဟုတ်ပဲ၊
ကိုယ်လိုခြင်သလိုရအောင်ပြောင်းလဲပေးနိုင်စွမ်းရှိသော၊
Special effect tools တွေပါပဲ။
ဒီတော့ အဲ့ဒီဟာတွေကိုသုံးပြီးရှုပေမဲ့
Computer ပေါ်တင်ပြီးဘာဘာညာညာမလုပ်ထားဘူးဆိုရင်၊
အဲ့ဒီ့ image ကို pp လုပ်ထားတယ်မခေါ်ဘူးဆိုခဲ့ရင်တော့။
ကျွန်တော့်ရဲ့  ဒီ image လေးဟာ ...
nothing pp ပါခင်ဗျာ။ 


Peace !

AddThis Social Bookmark Button
Links to this post Email this post


About Photo Art  

Tuesday, April 6, 2010

Photo Art is one kind of art work.

Phono Photot is Phono Photo.

So many difference between these two.

Artကို Art လိုပဲခံစားတတ်သူ၊ အဲ့ဒီ့နှစ်မျိုးကိုခွဲခြားမြင်နိုင်စွမ်းရှိသူတွေ

များများပေါ်ထွက်လာပါစေလို့ဆုတောင်းတယ်ဗျာ။

http://www.gallery-of-nudes.com/corwin-von-kuhwede/

http://www.oneeyeland.com/photo4/portraits/photo10367.jpg

http://www.oneeyeland.com/photo4/conceptual/one_eyeland_smoking_dress_by_mauro_risch_16767.jpg

http://homepage.mac.com/ignacedewitte/pelerin/popups/CARRE-DE-SOI.html

http://www.gallery-of-nudes.com/corwin-von-kuhwede/picture.php?pic=corwin-von-kuhwede-15.jpg



Thanks.

AddThis Social Bookmark Button
Links to this post Email this post


My Dinner  

Monday, April 5, 2010


ဘာရယ်မဟုတ်ဘူး။ စိတ်ကူးတဲ့ရာလုပ်ကြည့်လိုက်တာပါ။

ညတိုင်းအဲ့ဒီညစာ ၃ မျိုးကမစားမဖြစ်စားတယ်။
၁. ချစ်သူနဲ့  chatting.
၂. Nikon Camera ကိုဟိုချိန်ဒီချိန်။
၃. Internet ပေါ်ဟိုမွှေ၊ ဒီမွှေ။
ဟီးဟီး။ အဲ့ဒါကျွန်တော့်ရဲ့ ညစာပေါ့ဗျာ။

Thanks.

AddThis Social Bookmark Button
Links to this post Email this post


Design by Amanda @ Blogger Buster