Pages

2010 Sg သင်္ကြန်  

Saturday, April 17, 2010

ဒီနှစ်သင်္ကြန်ကိုတော့ Sg မှာ တောင်ရိုက်မြောက်ရိုက်လုပ်မယ်လို့ အားခဲထားတာ။
မအားတာနဲ့ ဘာမှကိုမရိုက်ဖြစ်လိုက်ဘူး။ ပြီးခဲ့တဲ့ 4.April.2010 Sunday တုံးက၊
Sg မှာရှိတဲ့ Toparo ဘုန်းကြီးကျောင်းမှာ ကျွန်တော်တို့  Sg ကရွှေမြန်မာတစ်ချို့ 
ကိုယ့်အုပ်စုလေးနဲ့ ကိုယ် အလှုလုပ်ကြတယ်။ စတုသီသာကြွေးကြတယ်ပေါ့ဗျာ။
အဲ့ဒီမှာကျွန်တော်တို့  Co မှာရှိတဲ့ ရွှေညီအစ်ကိုများကလဲ စုပေါင်းပြီး အလှုလုပ်ကြပါတယ်။
ကျွန်တော်ကတော့ အလှုငွေပဲထဲ့ဖြစ်တယ်ဗျာ။ သွားလဲဝိုင်းမလုပ်ပေးဖြစ်ခဲ့သလို၊ တောင်ရိုက်မြောက်ရိုက်လဲမလုပ်ဖြစ်ခဲ့ဘူး။
ဒါပေမဲ့ အားလုံးသာဓုခေါ်နိုင်စေဖို့  သယ်ရင်းတစ်ယောက်ရှုလာခဲ့တဲ့ ပုံလေးတွေထဲက
တစ်ချို့ ကို
တင်ပေးပြီး ကုသိုလ်ယူလိုက်ပါရစေဗျာ။

ဟောဒီလိုလေးတွေဝိုင်းပြီးလုပ်ကြတယ်ဗျာ။



အားပေးတဲ့ပရိပ်သတ်ကလဲ ဒီလိုဒီလို ...။





ပြီးတော့ ဒီလိုလေးယာဉ်ကျေးစွာရေကစားကြသေးတယ်။


ဒီလိုအချိုပွဲများကလဲပါသေးတယ်ဗျာ ..။
( ဒီအချိုပွဲ ကောင်းလို့ စားတာလား ? ကောင်မလေးလှလို့ စားတာလား ? ဟီးဟီး )




ဒီလိုလေးမှတ်တမ်းတင်ကြသူများကလဲ အများအပြားပါ။




ဟောဒီလို ပျော်ပျော်ပါးပါးလေးလဲဆိုကြ၊ ကကြပေါ့ဗျာ။




မုန့် လုံးရေပေါ်ကတော့ မပါရင်ဘယ်ပြီးမှာတုံး။
သင်္ကြန် နဲ့ မုန့် လုံးရေပေါ်ဆိုတာကတော့ trade mark ပဲမဟုတ်လားဗျာ။


P.S ကျွန်တော်က မအားလို့  မရိုက်လိုက်ရပေမဲ့ ကျွန်တော့်ကိုယ်စား၊
ကြိုးစားပန်းစားရိုက်ခဲ့ပေးတဲ့ သယ်ရင်းညီညီဇော်အားကျေးဇူးတင်ရှိကြောင်းပါခင်ဗျာ။


Peace !

AddThis Social Bookmark Button
Email this post


Design by Amanda @ Blogger Buster