Pages

Gtalkboomber  

Tuesday, April 27, 2010

 P.S. ကျွန်တော့်ရဲ့ Mail ထဲကိုဒါလေးအကြောင်းဝင်လာလို့ ၊
စမ်းကြည့်လိုက်တယ်။ ကောင်းတယ်ဗျ။ သုံးရတာလဲလွယ်တယ်။
အသုံးလဲအတော်ဝင်မယ်လို့ ထင်မိပါတယ်။ 
ဒါကြောင့် share လိုက်တယ်ဗျာ။

နာမည်လေးကတော့ GTalk Boomber ပေါ့။ အဓိကက
ကိုယ်မိတ်ဆွေ GTalk Friend တွေအားလုံးကို Message ပို့ချင်တဲ့အခါ
အဆင်ပြေအောင်လို့ပါ။ သူငယ်ချင်း နည်းတဲ့သူ အတွက် သိပ်မလိုအပ်ပေမယ့်
သူငယ်ချင်းတွေ ရာထောင်ချီနေရင်တော့ အတော် ဒုက္ခရောက်ပါတယ်။

ကဲ အဲဒီမိတ်ဆွေတွေ အများကြီးကို Gtalk နဲ့ message ပို့ချင်ရင် တော်တော် ဒုက္ခရောက်တယ်။ 
ကိုယ့်ရဲ့ Gtalk မှာ Caption Message ရေးထားတော့လည်း ကိုယ်လည်း Online, 
သူလည်း Online ဖြစ်မှဖတ်လို့ရမှာ။
နောက် Gmail နဲ့ Group ဖွဲ့ပို့မယ်ဆိုတော့လည်း မေးလ်ဆိုတာ
သိတဲ့အတိုင်း Click တစ်ချက်နှိပ်ပြီး ဖွင့်ဖတ်မှ ဖတ်ဖြစ်တာလေ။ 
Gtalk message ကတော့ သူ online ဖြစ်မနေလည်း offline message အဖြစ်
ပို့ထားနိုင်တော့ အချိန်မရွေး သူ Online ဖြစ်လာတဲ့အခါမှာ “တုံ” ဆိုပြီး
မဖြစ်မနေ ဖတ်မိစေတာပေါ့။

www.itmgmg.com/zmdata/gtalkboomber.exe ကနေ ဆွဲချပြီး သုံးလို့ရပါတယ်။ 
သူကို သုံးဖို့ .NET Frame Work 2.0 ရှိဖို့တော့ လိုတယ်။ 
Vista သုံးတဲ့သူတွေကတော့ စက်ထဲမှာရှိပြီးဖြစ်နေလိမ့်မယ် XP သမားတွေကတော့ 
run လို့မရရင် Internet ကနေဆွဲချပြီး install လုပ်ဖို့ လိုပါလိမ့်မယ်။

သုံးတာကတော့ လွယ်ပါတယ်။ ကိုယ်ရဲ့ Gmail user name, Gmail password နဲ့ SignIn လုပ်။
ပြီးရင် ပေါ်လာတဲ့ သူငယ်ချင်းအမည်တွေထဲက ပို့ချင်တဲ့သူတွေကို Select လိုက်လုပ်။ 
တကယ်လို့အားလုံးကို ပို့ချင်တာဆိုရင် Select All ဆိုတာလေးကို ရွေး။ 
ပြီးရင် Nextနှိတ်။ နောက်တစ်မျက်နှာမှာ ကိုယ် ရေးချင်တာတွေ ထည့်ရေး
ပြီးရင် Send ဆိုတာနှိတ်လိုက်ရုံပါပဲ။ လွယ်မှ သိပ်လွယ်။
ကဲ ဒီလောက်ဆို Gtalk Boomber လေးနဲ့group message ပို့လို့ စမ်းလို့ ရမယ်ထင်ပါတယ်။ 

Peace !

AddThis Social Bookmark Button
Email this post


0 comments: to “ Gtalkboomber

Design by Amanda @ Blogger Buster