Pages

Outdoor Portrait Shoot @ Bukit Timah railway  

Tuesday, April 20, 2010

ဇာတ်လမ်းကစမယ်ဆိုရင်တော့ ... ဒီလိုဗျာ။
ကျွန်တော်တို့  မြို့ တော်ရန်ကုန်က ရထားလမ်းတွေနဲ့ အလားတူ၊
Sg နဲ့  Maly ကိုဆက်သွယ်ထားသောကိုလိုနီခောတ်ကရထားလမ်းအဟောင်းကြီးတစ်ခုရှိလေ၏၊
Location ကတော့ထို ရထားလမ်းကြီးပေါ်မှ
Bukit Timah Railway Station ရဲ့ အနီးမှာပါ။

အဲ့ဒီ့နေရာမှာရှုခြင်လှပါတယ်ဆိုပြီးအစဆွဲထုပ်သူက ... မသက်စု
စီစဉ်ပေးသူကတော့ .. ကို Night
ဝါသနာအရ Model လုပ်ပေးသူများကတော့ သဘောကောင်းတဲ့ ညီလေး ရဲနိုင်ဇော်၊
ညီမလေး Sweet နဲ့  လိုအပ်ချက်အရ Photographer ဘဝကနေ
Model ဘဝကို ခဏပြောင်းရရှာသော Harry

အဲ့ဒီလိုနဲ့ ပေါ့ဗျာ ... ကျွန်တော်တို့  18.April.2010 မနက် ၉နာရီနောက်ဆုံးထားပြီး
clementi bus interchange မှာလုစုကြတယ်ဗျာ။ အဲ့ဒီကနေမှ 154စီး
NgeeAnn Polyကျော်ပြီး ၂မှတ်တိုင်မှာ alightလုပ် .. ရှေ့နည်းနည်းဆက်လျှောက်သွားတော့ ..
တံတားကိုရောက်ပါလေရောပေါ့ဗျာ။

အဲ့ဒီ့နေရာကိုတန်းသွားပြီးကြိုစောင့်နေပါ့မယ်ဆိုတဲ့ ကိုအာတာလွတ် ကတော့နေရာတွေမှား၊
ရွာတွေလည်၊ ကျွန်တော့်ဆီက်ုဖုန်းတွေတဂွမ်ဂွမ်ဆက်၊ နေရာကိုမေး၊
အဲ့လိုတွေဖြစ်ပြီးမှ၊ တော်တော်လေးနောက်ကျမှရောက်လာခဲ့ရှာတယ်ဗျာ။
( တစ်ကယ်ပဲနေရာကိုမှားနေတာလား ? သူ့ ရဲ့ ချစ်ချစ်နဲ့ ပဲ အမျှင်တွေမပြတ်လို့ ဇာတ်လမ်းလုပ်ပြီး၊
ကျွန်တော့်ကိုဖုန်းခဏခဏဆက်နေတာလားတော့သိပါဘူး )

ကိုအာတာလွတ် ထက်နောက်ကျပြီးမှရောက်လာခဲ့သူများကတော့ ...
ကိုညီစု နဲ့ အပေါင်းအပါများပါ။

ဒီလိုနဲ့ အုပ်စုကအတော်တောင့်သွားပြီး၊ ပျော်ပျော်ပါးပါးရင်းရင်းနှီးနှီးနဲ့ ၊
စကြနောက်ကြရှုလိုက်ကြနဲ့ ဗျာ တော်တော်လေးကိုမှပျော်စရာကောင်းခဲ့တဲ့ outing လေးပါ။
မသက်စု ရဲ့ အာသီသကြောင့်ကျွန်တော်သယ်လာခဲ့တဲ့ဂစ်တာလေးကလဲ၊
တော်တော်အလုပ်ဖြစ်တယ်ဗျ။ သူကလဲ အဲ့ဒီ့နေ့ အတွက် မင်းသားတစ်လက်လိုပါပဲ။
သက်မဲ့ Model လေးတစ်ယောက်ပါပဲဗျာ။

ဒီလိုနဲ့ ပျော်ပျော်ပါးပါး အားရပါးရနေ့ ဝက်ကျော်ထိကျွန်တော်တို့ ရှုခဲ့ကြတာပေါ့ဗျာ။
Photographer ၊ Model အားလုံးအားလုံပဲ၊ ပျင်းပြလှတဲ့ Sg ရဲ့ နေရောင်ကိုအန်တုပြီး၊
လသာထဲမှာရှုနေသလို လုပ်နေကြတော့၊ အားလုံးရဲ့ မျက်နှာများဟာနေတွေလောင်ပြီး၊
ရှမ်းမလေးများလိုပဲ ပါးအို့ နီလေးများနဲ့  လှခြင်တိုင်းလှနေတော့တာပါပဲဗျာ။

ဒီလိုနဲ့ အားရအောင်ရှုကြပြီးသကာလ၊ ဝါးတီးဆွဲကြဖို့  McDonal ဆိုင်ကိုတက်ညီလက်ညီချီတက်ပြီး၊
ဆိုင်လဲရောက်ရော .. ဟိုဟိုဒီဒီက စားပွဲတွေကုလားထိုင်တွေကို့ ဆွဲလို့ ၊
ခပ်တည်တည်နဲ့  ဆက်လိုက်ကြပြီး၊ စားရင်းသောက်ရင်းက ထုံးစမ်အတိုင်း ...
ဟိုဟိုဒီဒီပွါးကြလေတော့တာပါပဲဗျာ။

ကဲ ... ကျေးဇူးတင်တဲ့ topic လေးစလိုက်ကြရအောင်ဗျာ။

အစဆွဲထုပ်သူ ... မသက်စု ကျေးဇူး။

စီစဉ်ပေးသူ .. ကို Night ကျေးဇူး။

နောက်ပြောင်မှုတွေကို ခါးစည်းခံပြီး၊ မညီးမညူ Model လုပ်ပေးခဲ့သော၊
သဘောကောင်းတဲ့ညီလေး ... ညီလေး ရဲနိုင်ဇော် နဲ့ ညီမလေး Sweet ... ကျေးဇူး။

လိုအပ်ချက်အရ Photographer ဘဝကနေ
Model ဘဝကို ခဏပြောင်းရရှာသော၊
Model ညီလေးရဲနိုင်ဇော်ကိုခေါ်လာပေးတဲ့ Harry လဲကျေးဇူး။

Camera ပျက်နေပေမဲ့ Lensman ပြီသစွာ၊ လာရောက်အားပေးကူညီပြီး၊
မှန်ထိုးပေးရှာတဲ့ ကိုသက်ပိုင် လဲကျေးဇူး၊

အထာမထားပဲပျော်ရွှင်ရင်းနှီးစွာနဲ့  လာရောက်ဆင်နွဲခဲ့သော Lensman များလဲကျေးဇူး။

Lensman အသစ်များဖြစ်လာကြတဲ့ သယ်ရင်းများကိုခေါ်လာခဲ့သော ကိုညီစု ကျေးဇူး။

Model ညီမလေး Sweet အားကြိုက်သလိုသာလုပ်ပေတော့ဆိုပြီး၊ Lensman များလက်ကိုအပိုင်စားပေးလိုက်သော ကိုတင် ( မယ်တင်မဟုတ်ဘူးနော်၊မသက်စုရေ )လဲကျေးဇူး။

ဂစ်တာလေးကို ကျွန်တော်နဲ့ စိတ်ချလက်ချထဲ့ပေးလိုက်တဲ့ ကျွန်တော့်ရဲ့ သယ်ရင်း ..
အောင်မင်းထွန်း ( အူဝဲ ) ကိုလဲကျေးဇူး။

သက်မဲ့ Model ဂီတာလေး ကိုလဲကျေးဇူး။

အားလုံးအားလုံး McDonal ကိုချီတက်ခါနီးမှ၊ ဂစ်တာကိုင်ပြီး Model လုပ်ပေးခဲ့ရှာသော
ကိုဇစ် ကိုလဲကျေးဇူး။

အစစွဲထုပ်သူ ကိုသက်ပိုင် ကြောင့် မိနစ်အနည်းငယ်အတွင်းမှာ၊
ဆေးလိပ်နှစ်လိပ်ကို မျက်လုံးတွေစပ်၊နှတ်ခမ်းတွေအပူခံဖွာပေးရပြီး Model လုပ်ပေးလိုက်ရရှာသော ..
သနားစရာကျွန်တော်မောင် ဇေယျာလှိုင် လေးအားလဲကျေးဇူး။
( အမှန်က သူ့ ရုပ်ကြီးကိုကျွန်တော်ခဏခဏခိုးရှုလွန်းလို့ လက်စားပြန်ချေတာ )

ချွေးသံတွေတရွှဲရွှဲနဲ့ စုပ်ပြတ်ထွက်နေသော ကျွန်တော့်ရဲ့ ရူပါကို မညာမတာဝိုင်းရှုကြသော
Lensman များကိုလဲကျေးဇူး။

ဇေယျာလှိုင် နဲ့ ငွေအတူမနေ ဆိုတာကိုနားလည်သဘောပေါက်ထားပေးပြီး၊
ကျွန်တော်လုပ်ခြင်ရာတွေလုပ်နေတာကိုခွင့်လွတ်ပေးထားကြရှာသော ...
ကျွန်တော့်၏ မိဘနှစ်ပါး နှင့် ချစ်သူ ယုအောင်လင်း ( ယုမီ ) တို့ ကိုလဲကျေးဇူး။
( ယူပြီးသွားရင်လဲဒီလိုပဲနားလည်ပေးမယ်လို့ ယူဆထားတယ်ချစ်သူ )

အားလုံးအားလုံးကိုကျေးဇူးပါလို့ ပြောကြားရင်း၊
ကျွန်တော်တို့ May.1 မှာပြုလုပ်မဲ့ Lensman ရဲ့ နှစ်ပတ်လည်တွေ့ ဆုံပွဲ

MyanmarLensman.com Annual BBQ Gathering လေးမှာပျော်ရွှင်စွာနဲ့ ပြန်ဆုံကြရအောင်လားဗျာ။

PS. ကျွန်တော်တို့ ရဲ့ သွေးသောက်ဘာသောက်ညာသောက်ရောင်း၇င်းကြီး
ကိုကာကာ မလာတဲ့အတွက်၊ အဲ့ဒီ့နေ့ လေးမှာ လွန်စွာမှသတိရမိပါကြောင်း။
ချစ်ချစ်ဆီမှ permit မရလို့ မလာဘူးလို့ ပဲယူဆလိုက်ပြီဖြစ်ကြောင်း။
ကျွန်တော့်ရဲ့ အဲ့ဒီ့နေ့ ကတောင်ရှုမြောက်ရှုများကိုစိတ်ဝင်စားလို့ ရှုစားတော်မူခြင်ကြရင်ဖြင့်၊
လောလောဆယ် ကျွန်တောတင်ထားပြီးသမျှကို အောက်က Link လေးတွေမှာ
သွားရောက်ကြည့်ရှုနိုင်ကြောင်း။

Portrait ကိုခုမှပထမဆုံးစပြီးရှုဘူးတာမို့နဲနဲတော့သီးခံပြီးရှုစားကြစေလိုကြောင်း၊
ပေးထားသော Link တွင်တင်ထားသောပုံအတော်များများမှာ
အရောင် နဲ့ အလင်းအမှောင်ကို Lightroom., Photoshop တွင်အနည်းငယ်ကစားထားမိကြောင်း
...... ပြောကြားရင်း ....။

ကျွန်တော်နဲ့ ရိုက်ဖေါ်ရိုက်ဖက်များ

Portrait

Story


Peace !

AddThis Social Bookmark Button
Email this post


Design by Amanda @ Blogger Buster