Pages

Peace with me,Wanna Play Guitar 1& 2 ( How I Took It )  

Sunday, April 4, 2010

Peace With Me.
Wanna Play Guitar 1
Wanna Play Guitar 2

ဒီ image ၃ ခုကိုကျွန်တော်ဘယ်လိုလုပ်တယ်ဆိုတာသိပြီးသားဖြစ်ကြမယ်ယူဆပြီး
How I Took It ကိုမရေးပဲထားခဲ့တာပါ။
အခုတော့ ... မေးတဲ့သူတွေကတော်တော်လေးရှိလာလို့ တစ်ယောက်ခြင်းကိုပြန်ဖြေအေရမဲ့အစား၊
post လေးပဲရေးလိုက်ပါအုံးမယ်လို့ တွေးမိပြီးရေးလိုက်ပါပြီ။
အရင်ကကျွန်တော်လုပ်ခဲ့ဘူးတဲ့ ကျွန်တော့်ရဲ့  Night Painting Album ထဲက
တစ်ခြား image တွေလိုပါပဲ။
အခြေခံသဘောတစ်ရားကတော့အတူပါပဲခင်ဗျာ။

ဒီလိုပါခင်ဗျာ ...။
Peace With Me.


step 1 ... ထုံးစမ်အတိုင်း camera ကို tripod နဲ့ ထောင်ပြီး setting လုပ်ပါတယ်။
ကျွန်တော်လုပ်လိုက်တဲ့ setting ကတော့ ...
M Mode မှာ Shutter speed က 30s ၊ Aperture က f/22 ၊ ISO က 400 ပါ။

step 2 ... Guitar ကိုပုံထဲမှာမြင်ရတဲ့အတိုင်း 45 ဒီဂရီခပ်စောင်းစောင်းလေး ကုလားထိုင်မှာမှီပြီးတင်လိုက်ပါတယ်။

step 3 ... ပြီးတော့ Guitar ကို focus ဖမ်းပါတယ်။ လိုခြင်တဲ့ focus ရတော့ camera က lens မှာ
focus ကို A Mode ကနေ M Mode သို့ ပြောင်းပြီး focus lock ချလိုက်ပါတယ်။
camera setting မှာ timer mode ပေးပါတယ်။

step 4 ... အခန်းမီးကိုပိတ်၊ လက်ထဲမှာ LED အဖြူရောင်ဓါတ်မီးကို ready ကိုင်ထားပါတယ်။
shutter release button ကို press လိုက်ပြီး camera shatter စပွင့်တဲ့အချိန်ကို camera နောက်ကနေစောင့်ပါတယ်။

step 5 ... shatter စပွင့်ပြီး 5 sec လောက်ရောက်တော့ Guitar နားကိုသွားပြီး Guitar ရဲ့  body ပေါ်မှာ LED ဓါတ်မီးကိုပိတ်လိုက်ဖွင့်လိုက်လုပ်ပြီးဟိုဟိုဒီဒီ လိုက်ပြီးဖြေးဖြေးခြင်းအလင်းရောင်ပေးပါတယ်။
( ကျွန်တော့်ရဲ့ အတွေ့ အကြုံအရ ဖြေးဖြေးခြင်းအလင်းရောင်လိုက်ပေးတာနဲ့ ၊ ခပ်မြန်မြန်လေးအလင်းရောင်လိုက်ပေးတာဟာ ရလာတဲ့ result ကမတူပါဘူး။ နှစ်မျိုးစလုံးကတော့ကောင်းပါတယ်။ တစ်မျိုးစီ art ဖြစ်ပါတယ်ခင်ဗျာ )

step 6 ... Guitar body ပေါ်မှာဓါတ်မီးကိုကစားပြီးတဲ့အခါ၊ ဓါတ်မီးမလင်းရောင်ကိုလုံးဝပိတ်လိုက်ပါတယ်။
Peace Logo လေးဆွဲမဲ့နေရာမှာဓါတ်မီးကို ready ထားပြီးမှ၊ ဓါတ်မီးကိုပြန်ဖွင်းပြီးစက်ဝိုင်းကိုအရင်စပြီးဆွဲပါတယ်။
စက်ဝိုင်းပြီးတော့ဓါတ်မီးကိုပိတ်၊ အလယ်ကအချောင်း ၃ ခုကိုလဲတစ်ချောင်းဆွဲ၊ မီးပိတ်၊ ပြန်ဖွင့်နောက်တစ်ချောင်းဆွဲ၊
အဲဒီလိုလေးလုပ်ပါတယ်။
Guitar body ပြီးတော့ Logo ဆီသွားတဲ့အခါဓါတ်မီးကိုမပိတ်ခဲ့ပဲဒီအတိုင်းသွားမယ်ဆိုရင်အလင်းတန်းကြီးပါလာမှာပါ။
Guitar နဲ့  Logo ဟာအခုလိုသပ်သပ်ကြီးဖြစ်မနေပါဘူး။
ဒီလိုပဲ Logo ဆွဲတဲ့အခါလဲမီးကိုပိတ်လိုက်ဖွင့်လိုက်လုပ်ပြီးမဆွဲရင် Logo ဟာအားလုံးတစ်ဆက်ထဲဖြစ်နေပါလိမ့်မယ်။
စက်ဝိုင်းနဲ့ အချောင်းလေးတွေသပ်သပ်စီရနိုင်ဖို့ ရည်ရွယ်ပြီးမီးကိုပိတ်လိုက်ဖွင့်လိုက်လုပ်ပြီးတော့ဆွဲခဲ့ပါတယ်။

step 7 ... ကျွန်တော်ပေးခဲ့တဲ့ shutter speed က 30s ဆိုတော့ဒီလုပ်ဆောင်မှုအားလုံးကို shutter စပွင့်ပြီး 5 sec ကနေ 25 sec အတွင်းပြီးအောင်လုပ်ပါတယ်။ 25 sec ရောက်တော့၊ camera နောက်ကိုပြန်ပြေးပြီး ကျန်တဲ့ 5 sec ကိုစောင့်နေလိုက်ပါတယ်။

ဒါပါပဲ။
မြင်ရတဲ့ပုံအတိုင်းရတယ်ဗျာ။ ဘာဆိုဘာနဲ့ မှလဲမပြင်ထားဘူး။ ဘာအမျိုးအစား
Flash ကိုမှလဲမသုံးထားပါဘူး။

Wanna Play Guitar 1
Wanna Play Guitar 2


ဒီ image ၂ ခုကလဲဒီလိုပါပဲ။
Peace with me လုပ်ဆောင်မှုအတိုင်းအားလုံးအတူပါပဲခင်ဗျာ။
Peace Logo လေးကိုမဆွဲခဲ့တာလေးတစ်ခုပါပဲ။
ကျန်တဲ့ လုပ်ဆောင်မှုအဆင့်ဆင့်နဲ့  camera setting တွေကအားလုံးအတူတူပါပဲ။
Wanna Play Guitar 2 မှာကတော့ဂီတာကြိုးညှိတဲ့ key လေးတွေကို
ကြယ်လေးတွေအလင်းရောင်ဖြာထွက်နေသလိုရအောင်ကြိုးစားပြီးလုပ်ခဲ့ပါတယ်။
အဲ့ဒါကိုဘယ်လိုကြိုးစားခဲ့လဲဆိုတော့ ...
Key လေးတွေနားကိုအနီးကပ် ( ထိလုနီးပါး ) ပြီးဓါတ်မီးအလင်းရောင်ကိုခပ်ကြာကြာလေးပေးခဲ့တာပါ။
Guitar body ကလဲအစထဲကတောက်နေတဲ့အပြာရောင်ကြွေသားဖြစ်လို့ ကျွန်တော် Lighting ကစားရတာအရမ်းကောင်းသွားတာပါ။
Wanna Play Guitar 1 နဲ့  2 မှာ Guitar ရဲ့  အရောင်တောက်မှု၊ အလင်းများမှု၊ အလင်းနဲမှု၊ စတဲ့ result တွေကမတူပါဘူး။
pp လုပ်ထားတာမဟုတ်ပါဘူး။
အလင်းရောင်ကိုဖြေးဖြေးခြင်းပေးတာ၊ မြန်မြန်ပေးတာ၊
ကပ်ပြီးပေးတာ၊ ခွာပြီးပေးတာ၊ ပိတ်လိုက်ဖွင့်လိုက်လုပ်တဲ့ အချိန်မတူညီတာ၊
စတဲ့ Lighting ကစားမှုသက်သက်ပါ။ ဒါကိုသိစေခြင်လို့ ဒီ image ၂ ခုကို 1 & 2 ဆိုပြီးချပြလိုက်တာပါ။
အဲ့ဒီညက Guitar နဲ့  Lighting ကိုကစားပြီးကျွန်တော်ရှုခဲ့တာ ပုံပေါင်းမနဲပါဘူး။
အားလုံးချပြရင် MLM site ကြီးလေးသွားမှာဆိုးလို စုစုပေါင်းစီ ၃ ပုံကိုပဲချပြလိုက်တာပါ။
Lighting တွေကစားတာမတူတဲ့အတွက်၊ အလားတူကျွန်တော့်ရဲ့ ကျန်သေးတဲ့ Guitar image တွေဟာတစ်ပုံခြင်းကို မတူညီတဲ့ result တွေနဲ့ ပါ။ ကျွန်တော်ကတော့ Light Painting ကိုလုပ်ရင်းလုပ်ရင်းကပျော်လာပါပြီ။
သယ်ရင်းတို့ အားလုံးလဲ စမ်းကြည့်ကြရင်းပျော်ရွှင်မှု၊ ကျေနပ်ပီတိဖြစ်မှုလေးတွေကိုခံစားနိုင်ကြပါစေဗျာ။

Peace

AddThis Social Bookmark Button
Email this post


Design by Amanda @ Blogger Buster