Pages

About MyanmarLensman.com Annual BBQ Gathering  

Monday, May 3, 2010

HAPPY BIRTHDAY TO U.
HAPPY BIRTHDAY TO U.
Happy birthday to dear MLM ........,
Happy birthday to u.
From old friends and new,
From good friends and true,
May good lord be with you,
And happiness too ...


ဟုတ်ကဲ့ခင်ဗျား ...
MLM ရဲ့ တစ်နှစ်မြောက် B-day ကတော့ May. 30. 2010 ပါ။
ဒါပေမဲ့ ... အားလုံးအဆင်ပြေမဲ့ May.1. 2010 မှာပဲ Changi Beach Park B-15.Singapore မှာကျင်းပခဲ့ပါတယ်။

Sg က MLM member တွေတော်တော်လေးကိုမှစုံစုံညီညီနဲ့ ပျော်ပျော်ပါးပါးလေးရှိခဲ့တဲ့ညလေးတစ်ညပါ။
member အချင်းချင်းရှိနေတဲ့ ရင်းနှီးပွင့်လင်းမှုတွေကို update လုပ်ခဲ့တဲ့ညလေးလို့ ပြောမယ်ဆိုရင်လဲမမှားနိုင်ပါဘူး။

အစကနေစပြောရမယ်ဆိုရင်တော့ ...
MLM founder အကိုနဲ့ အမက Sg $ 100 စိုက်ထုပ်ပြီးမတည်လိုက်ပါတယ်။
Harry နဲ့ ကို Night ကဆက်လက်စီစဉ်ပါတယ်။
ကျွန်တော်နဲ့  ကိုဇစ်ကတတ်နိုင်သလောက်ပါဝင်ကူညီပါတယ်။
ကျန်လိုအပ်ငွေကိုတော့ တက်ရောက်ကြမဲ့ member တွေတစ်ယောက်ကို Sg$ 9 စီထပ်စိုက်ပြီးသကာလ ... အားလုံးကရင်ခုန်စွာမျှော်လင့်နေကြတဲ့ May Day night လေးကိုရောက်ရှိလို့ လာပါတော့တယ်ခင်ဗျာ။



အဲ့ဒီလို မှာထားတဲ့ BBQ ရောက်လာပြီးသကာလ ...
စတွေ့ ပြီခေါ်ရမလား ... ကျွန်တော်ဝယ်လာခဲ့တဲ့ gas မီးချစ် ၁၀ လုံးပါတစ်ထုပ်ကို
အကောင်းတစ်လုံးမှမကျန်ခဲ့ရအောင်ခက်ခဲစွာနဲ့  မီးစမွှေးကြရပါတယ်။
( အမှန်က + 1 လေးတွေပါတယ်ဗျာ။ နေပစေလွတ်ထားလိုက်ဆိုတဲ့စိတ်ကူးနဲ့ 
မီးမွှေးမရပဲ ကွိုင်တွေတက်နေတဲ့ lensman များကိုရက်စက်စွာနဲ့ ကြည့်နေရက်ကြတာဗျ )



ဒီလိုနဲ့ နောက်ဆုံးတော့အောင်မြင်စွာပဲမီးစတင်တောက်လောင်ပြီး၊
ညအိပ်ဖို့ နဲ့ ၊ ပါလာတဲ့ ဘာဘာညာညာတွေကိုထားဖို့ တဲထိုသူထိုး၊
ကင်တဲ့သူကကင်၊ အခြားလိုအပ်တာတွေကိုပြင်တဲ့သူကပြင်နဲ့ ပေါ့ဗျာ...
စတင်ပြီး သက်ဝင်လှုပ်ရှားလာပါတော့တယ်။
ပထမဆုံး BBQ တစ်ပန်းလဲရရော ကျွန်တော်တို့ တွေ၊
ကျွန်တော်တို့ ရဲ့  BBQ party လေးကို ကျားလေးစီးပြီးစတင်ဖွင့်လိုက်ပါတော့တယ်။
ကျွန်တော်မှတ်မိသလောက်ပြောရရင် ... drink sponsor တွေကတော့ ...
ကိုကာကာက Black Label တစ်လုံး၊ ကိုညီစုက vodka တစ်လုံး၊ ကိုတင်ကလဲ vodka တစ်လုံး၊
ကိုသက်ပိုင်က chivas တစ်လုံး၊ ကိုအော်စကာကတော့ carlsberg beer တစ်ဖာ၊ ကိုစိုင်းကြည်ရှင်ကလဲ tiger beer တစ်ဖာ နဲ့ 
ဘယ်သူတွေလဲတော့မသိတော့ဘူးဗျာ wine ပုလင်းတွေလဲယူလာကြသေးတော့ ...
lensman များခင်မျှာ၊ ရောသမမွှေတွေဖြစ်ပြီး၊ ပွဲအရှိန်လေးကပိုတက်လာကာ၊
ပိုပြီးပျော်ဖို့ ကောင်းလာပါတယ်။




ဂီတာတွေတီးကြ၊ သီချင်းတွေဆိုကြ၊ နောက်ကြပြောင်ကြနဲ့ တော်တော်လေးကိုမှပျော်စရာကောင်းလာပါတော့တယ်။
+1 များကလဲ မီးမွှေးတုန်းကတော့ရက်စက်ထားပေမဲ့၊ lansman များ အရှိန်တက်လာတဲ့အခါမှာတော့ အလိုက်သိစွာ၊
ချစ်ဖို့ ကောင်းစွာနဲ့ လက်မလည်အောင်ချွေးတစ်လုံးလုံးနဲ့ မီးဖိုဘေးကနေမခွာရအောင် အသားများကိုကင်ပေးပြီးပါရမီဖြည့်ပေးကြပါတယ်။
( ကြော်ညာအနေနဲ့ ပြောရရင်၊ ကျွန်တော့်ရဲ့  +1 လေးကိုလဲအလွန်မှတမ်းတသတိရမိပါကြောင်း )

+1 လေးတွေပါ။



အဲဒီလိုနဲ့ ပေါ့ဗျာ ကျွန်တော်တို့ ရဲ ပွဲလေးကို ရှမ်ပိန်ယောင်ဆောင်ထားတဲ့ ဟောဒီအချိုရေပုလင်းလေးကိုဖွင့်ဖေါက်ပြီးအဆုံးသတ်ခဲ့ကြပါတယ်။


ည ၁၁ လောက်မှာတော့စတင်လူစုကွဲကြပြီး၊ မိုက်မိုက်မဲမဲ နဲ့ ဆက်ပြီးပျော်ဖို့ 
lemsman အချို့ ကျန်နေခဲ့ပါတယ်။
ဟောဒီ့အုပ်စုပါပဲ။



ဒီလိုပွဲမျိုးကို ၁နှစ်တစ်ခါဆိုရင်တော့ မစောင့်နိုင်ကြောင်း၊ ၃လတစ်ခါတော့လုပ်သင့်ကြောင်းကို၊
၃မိနစ်တစ်ခါအော်နေတဲ့ လူတစ်ယောက်ရှိပါတယ်။ ကိုကျော်လွင်ပါ။ ဟော့ဒီမှာပါခင်ဗျာ။




ဒီလိုဒီလိုနဲ့ ပေါ့ဗျာ။ ည ၁နာရီလောက်မှာတော့ အမိုက်မဲဆုံးဘွဲ့ ကိုခံယူမဲ့ ကို Night၊ ကိုကျော်လွင်၊ ကိုတင်နဲ့ ကျွန်တော်ကျန်ခဲ့ပြီး၊ အခြားသော lensman များပြန်သွားကြပါတော့တယ်။
sunset ကိုမီးမွှေးဖို့ ကြိုးစားအားထုပ်နေလို့ မရှုလိုက်ရပါဘူး။ ဒါနဲ့ 
Star Trials ရှုမယ်ဆိုပြီးစတင်ရှုကြပါတယ်။
( ရှိတဲ့ရှားရှားပါးပါးကြယ်လေးအနည်းငယ်ကိုပေါ့ဗျာ )
Star Trials ကိုရှုတော့လဲကျွန်တော်ကတော့ကံဆိုးစွာနဲ့ 
ISO setting ကိုမပြင်မိလို့ ဖြူဖွေးနေသောကောင်းကင်ကြီးကိုပဲရလိုက်ပါတယ်။
ဒါနဲ့ ပဲရန်ကုန်မှာသူ့ ဟာသူငြိမ်းချမ်းစွာအိပ်ပျော်နေသောကျွန်တော့်ရဲ့ ချစ်သူကို
Sg time 2am ကျော်မှာ ဖုန်းခေါ်ပြီးနိုးပါတယ်။ ဖုန်းထဲကနေ အားဘွားပေးပါတယ် ...ဟီး။
ပြီးတော့ ကျွန်တော်တို့ ၎ယောက်အိပ်လိုက်ကြတာမနက် sunrise ရှုမယ်ဆိုတာကလဲအိမ်မက်ပဲဖြစ်သွားပါတော့တယ်။
( မနိုးတော့ပါဘူး )
နိုးလာတော့ လက်ကျန်များကိုထားခဲ့ရင်အလှုရှင်များကစိတ်ဆိုးတော်မှုမည်ကိုစိုးသောကြောင့်ကျန်ဖြတ်လုပ်ကြပါတယ်။
+1 မဖြစ်တစ်ဖြစ်လေးကိုခေါ်မလာမိသော ကိုတင်ကိုအကြောင်းပြုစကားစပြီး၊
ကျွန်တော်တို့  ၄ယောက်ဟာ lensman တွေတစ်ခါမှမဆွေးနွေးခဲ့ဘူးသော အကြောင်းအရာအသစ်ကိုတက်ညီလက်ညီနဲ့ စောစောစီးစီးမှာ အားသက်သရောဆွေးနွေးဖြစ်ကြပါတယ်။
( မိမိကိုယ်ပိုင် +1 လေးများအကြောင်းနဲ့ ၊ အချစ်အကြောင်းပါ )
ပြီးတော့ ရှုရှုလုပ်ကြပါတယ်။
ပါဖောမန့်  art လေးတစ်ခုလဲစမ်းလုပ်ပြီး video မှတ်တမ်းတင်ထားခဲ့ပါတယ်။

ရှုထားတဲ့ပုံများကိုနောက်မှတင်ပေးပါ့မယ်။
အခြားတိုင်းပြည်များက lensman များလဲကျွန်တော်တို့ လိုပဲ
စုစည်းမှုလေးတစ်ခုပြုလုပ်နိုင်ကြပါစေလို့ ဆုတောင်ရင်း ...

တော်ပြီ၊ ကျွန်တော်ကျိုးပြီဗျာ။
ခုထိမကျိုးရသေးဘူး။


P.S.

အောက်က link လေးကို သွားလည်ကြပါအုံး။
comment တွေနဲ့  ပုံလေးတွေထပ်ကြည့်လို့ ရပါတယ်ခင်ဗျာ ...။

http://www.myanmarlensman.com/profiles/blogs/about-myanmarlensmancom-annual?xg_source=msg_com_blogpost&id=3410965%3ABlogPost%3A32475&page=1#comments

Peace !

AddThis Social Bookmark Button
Email this post


Design by Amanda @ Blogger Buster