Pages
Outing @ Choa Chu Kang Cemeter.  
Saturday, May 29, 2010
ဇာတ်လမ်းအစကတော့ဒီလိုပါ။
ဆိုတဲ့ post လေးမှာ ကိုစည်သူပေးထားတဲ့ comment လေးကနေစပါတယ်။
အဲ့ဒီ comment လေးမှာ ကိုစည်သူကဒီလိုရေးထားပါတယ်။
u should go to chua chu kang cemetery there r so many cemeteries ,
at least u can get something from there.isnt that an interesting place.
there r so many cemeteries ,man. jew,muslim,chinese,portugal, 
n so
u can learn their culture n their style of death at there.
ဒါနဲပဲကျွန်တော်လဲစိတ်ဝင်စားသွားပြီး၊ 
ကျွန်တော်စိတ်ဝင်စားတဲ့အကြောင်း၊ ကျွန်တော်အားတဲ့ 28.may.2010 မှာသွားမှာဖြစ်ကြောင်း၊
MLM က CBox မှာအော်ပါတယ်။
ကျွန်တော်မှာရှိသမျှ MLM ရဲ့ Lensman များ ရဲ့ phone number များကို massage ပို့ ပါတယ်။
ကြိုတင်စီစဉ်ထားခြင်းမဟုတ်ပဲ အနီးကပ်မှ အကြောင်းကြားရသလိုဖြစ်သွားတာကြောင့်၊
တော်တော်များများ lensman တွေဟာ၊ မအားမလပ်ဖြစ်နေတာနဲ့ ဆုံပြီးမလိုက်နိုင်ကြပါဘူး။
ကိုနိုက်၊ ကိုဇစ် နဲ့  ကိုအာတာလွတ်တို့  ၃ ယောက်ပဲကျွန်တော်နဲ့ အတူလိုက်ခဲ့နိုင်ကြပါတယ်။
ဝိညဉ်ခြေက်သူများ ...။
Choa Chu Kang Cemeter
( 28.May.2010 )
သူတို့ ဟာသူတို့  အေးအေးနေကြတဲ့ဝိညဉ်တွေကို၊
သွားပြီးခြေက်လှန့် ခဲ့ကြတဲ့လူဆိုးလေးကောင်ဗျာ။
Zay Yar Hlaing. Are Tar Lwot ( Chan Nyein Kyaw ). Ko Zip. Night Pro ( Soe Thi Ha )
ရှုခြင်ပေမဲ့လဲ၊ အဲ့ဒီနေရာမျိုးကိုမလိုက်ရဲလို့ ၊ မလိုက်ဖြစ်တဲ့သူတွေ၊
မအားလို့ မလိုက်ဖြစ်တဲ့သူတွေ၊ အကြောင်းအမျိုးမိျုးကြောင့်သွားဖို့ မဖြစ်နိုင်တဲ့သူတွေ၊
စတဲ့အားလုံးအားလုံးသောသူအမျိုးမျိုးတွေခံစားကြည့်ရှုနိုင်ဖို့ ၊ရှုလို့ ရသမျှရှုမယ်။
ပြီးတော့၊ ဘာသာအမျိုးမျိုး၊ လူမျိုး အမျိုးရဲ့ ၊
First Step.
ပထမခြေလှန်း ...။
ကိုနိုက်ကစပြီးတော့အရင်ခြေချဖို့ လှန်းဝင်သွားခဲ့ပါတယ်။
( ရှုရှုလုပ်ဖို့ ကိုပြောတာနော်။ )
Choa Chu Kang Cemeter ကြီးကတော်တော်လေးကိုမှအကျယ်ကြီးပါ။
ကိုးကွယ်ရာဘာသာအလိုက်၊ အပိုင်းလိုက် အပိုင်းလိုက်စနစ်တကျမြင်တွေ့ ခဲ့ရပါတယ်။
ကျွန်တော်တို့ စတင်ဝင်ရောက်သွားတဲ့နေရာကတော့
ခရစ်ယာန်ခြင်းတူတာတောင်နေရာခြင်းမတူပါဘူး။
ခရစ်ယာန်မှာဂိုဏ်းကွဲတွေရှိတယ်ဆိုတာသယ်ရင်းတို့ လဲသိကြမှာပါ။
ကျွန်တော်တို့ ဗုဒဘာသာမှာ၊ ထေရဝါဒ၊ မဟာရန စသဖြင့် ...
 ဂိုဏ်းကွဲတွေရှိနေသလိုမျိုးပေါ့ဗျာ။
ကံဆိုးစွာနဲ့ မိုးကရွာချပါတော့တယ်။
အခြားနေရာတွေကိုတော့မြေပုံထဲမှာပဲကြည့်ပြီးလေ့လာခဲ့ရပါတော့တယ်။
မိုးမရွာခင်လေးကရှုထားတဲ့ပုံလေးတစ်ချို့ ကို တစ်ခါထဲတင်ပေးလိုက်ပါ့မယ်။
ကျန်တာတွေကိုတော့နောက်မှပဲဖြေးဖြေးချင်း ၊
ယုံကြည်ခြင်းခရီးရဲ့ အစ ...။
ခရစ်ယာန်ဘာသာကိုးကွယ်သူများဟာ၊
သူတို့ သေလွန်သွားပြီးတဲ့အခါမှာ၊
သူတို့ ရဲ့ ဘုရားသခင်ရှိရာကိုရောက်သွားကြတယ် ...
လို့ ယုံကြည်ထားကြတယ်ပါတယ်။
ကျွန်တော်လေ့လာမှတ်သားထားဘူးတာကိုပြောတာပါ။
ဒါကြောင့် ... ဒီပုံလေး ၂ ပုံကို
" ယုံကြည်ခြင်းခရီးရဲ့ အစ ...။ " လို့ 
title name ပေးလိုက်တယ်ဗျာ။
လောကကြီး၏နောက်ဆုံးအမှန်တရားများကို မိမိတို့ သန်ရာသန်ရာဖြင့်ရှာဖွေကြည့်ကြသူများ။
ဒီလိုလဲမြွေပါးကင်းပါးမကြောက်၊ မိမိတို့  လိုခြင်တဲ့ view မျိုးရအောင်ကြိုးစားခဲ့ကြပါတယ်။
သွားနှင့်လေသူများကို သတိရလွမ်းဆွေခြင်းအထိမ်းအမှတ်အဖြစ်၊
ကျန်ရစ်သူများက သက်သေပြတတ်ကြတဲ့ ပန်းစည်းလေးတွေရောင်းတဲ့ဆိုင်ကလေးပါ။
သချိုင်းထဲကဝုတ်ဝုတ်လင်မယား။
( သူတို့ လဲပါမယ်ဆိုတဲ့သဘောနဲ့ ၊ဒီနှစ်ကောင်ကကျွန်တော်တို့ ကိုအတင်းလိုက်ပြီးရှုတ်နေလို့ 
Group photo ကို မနဲရအောင်အသဲအသန်ရှုခဲ့ရပါတယ် )
လွမ်းဆွေးစရာကောင်းတဲ့ရာသီဥတုနဲ့  မြင်ကွင်းလေးပါဗျာ။
Choa Chu Kang Cemeter ဟာလေ့လာစရာများပြီး၊ တော်တော်လေးလဲကျယ်တဲ့နေရာပါ။
ကျွန်တော်တို့ လူဆိုးလေးကောင်ဟာမိုးကြောင့်၊ အချိန်ကြောင့် စိတ်ကျေနပ်မှုသေချာမရခဲ့လို့ 
မကျေပွဲထပ်နွဲကြအုန်းမယ်လို့ ကျိန်းဝါးထားခဲ့ကြပါတယ်။
နောက်ဆက်တွဲပြောစရာလေးကတော့၊ အဲ့ဒီကနေအပြန်
ကိုစိုင်းကြည်ရှင်ကလဲ အလုပ်ကအပြန်ကိုဇစ်အိမ်ကိုဝင်လာပြီး၊
ကျွန်တော်တို့ နဲ့ အတူထမင်းပွဲဝင်နွဲပါတယ်။
Lensman အပေါင်းသရေကျအောင်နဲနဲတော့ပြောလိုက်ပါအုန်းမယ်။
မှိုနဲ့ ငါးခေါင်းဟင်းချို၊ ကြက်ဟင်းခါးသီးမီဖုတ်၊ ကင်းပုန်ရွက်သေးသေးလေးအပြုတ်နဲ့ ၊
စားလို့ လဲအင်မတန်ကောင်းကြောင်း၊
ပျော်ရွှင်ဖွယ်ရာ ထမင်းဝိုင်းလေးဖြစ်ခဲ့ပါကြောင်းပြောကြားရင်း ...
ကျန်တဲ့ ပုံများနဲ့  comment များကိုကြည့်ခြင်တယ်၊
ဖတ်ခြင်တယ်ဆိုရင်တော့ အောက်က link ကလေးကိုသွားလိုက်ကြနော်။
http://www.myanmarlensman.com/profiles/blogs/outing-choa-chu-kang-cemeter?xg_source=activity
Peace !
P.S
ကျွန်တော် 9.JULY.2010 မှာ YGN ကို Leave ပြန်ပါမယ်။
၁ လကြာပါမယ်။ 8.AUGUST.2010 မှာ Sg ကိုပြန်ရောက်ပါမယ်။
ယနေ့ မှစပြီး မပြန်ခင်အထိလဲမအားတော့ပါဘူး။
ဒါကြောင့် group outing များကိုလဲလိုက်ဖြစ်တော့မှာမဟုတ်ပါဘူး။
ကိုဟာကိုတော့သွားရင်းလာရင်း၊ တောင်ရှုမြောက်ရှုလုပ်နေမိအုန်းမှာပါ။
ပြန်လည်ဆုံတွေ့ ကြမယ်ဆိုတာဒီ post လေးနဲ့ အတူနုတ်ဆက်လိုက်ပါတယ်။
AddThis Social Bookmark Button
Email this post
Design by Amanda @ Blogger Buster