Pages

God Mode for Window 7.  

Saturday, June 26, 2010

God Mode ဆိုသည်မှာ Window 7 ရဲ့ setting အားလုံးနဲ့  Administrative Option တို့ ကို တစ်နေရာထဲမှာအသုံးပြုလို့ ရနိုင်တဲ့ folder တစ်ခုဖြစ်ပါတယ်။
God Mode မှာ Action Center, Backup and Restore, Autorun, Desktop Godgets,
Devices and Printers, Power Options တို့ အပြင် setting တွေအားလုံးကို တစ်နေရာထဲစုပုံထားခြင်းဖြစ်သောကြောင့် ၄င်းတို့ ကိုလွယ်ကူစွာအသုံးပြုနိုင်စေပါတယ်။
God Mode ကိုအသုံးပြုလိုပါကအောက်ပါအတိုင်းအဆင့်ဆင့်လုပ်ဆောင်ပေးရပါ့မယ်။

Folder အသစ်တသ်ခုကို desktop ဒါမှမဟုတ် မိမိကြိုက်နှစ်သက်ရာနေရာတွင်ထားပါ။
၎င်း folder ၏အမည်ကို ...
GodMode.{ED7BA470-8E54-465E-825C-99712043E01C} ဟုအမည်ပေးပါ။
space မခြားပဲဆက်ရေးပါ။ ထိုအခါ God Mode icon အဖြစ်အလိုလိုပြောင်းသွားသည်ကိုတွေ့ ရပါမည်။
၎င်း icon ကို click နှစ်ချက်နှိပ်ကာ တစ်နေရာထဲတွင် Windows 7 ၏ setting များကိုနှစ်သက်သလိုပြောင်းလဲအသုံးပြုနိုင်ပြီဖြစ်၏။

Peace !

AddThis Social Bookmark Button
Email this post


0 comments: to “ God Mode for Window 7.

Design by Amanda @ Blogger Buster