Pages

Germany Night In Singapore  

Tuesday, July 6, 2010

Argentina နဲ့  Germany တို့ ရဲ့  03. July. 2010 မှာကျင်းပခဲ့သော World Cup 2010 ပွဲလေးရဲ့ မှတ်တမ်းလေးပါ။
Singapore ရှိလမ်းဘေးဘီယာဆိုင်တစ်ခုရဲ့ အရှေ့မှာပါ။
Germany က Argentina ကို 4 : 0 နဲ့ ပြတ်ပြတ်သားသားအနိုင်ယူသွားခဲ့တဲ့ Quarter-finals ပွဲလေးအပြီးမှာဖြစ်ပါတယ်။
http://www.fifa.com/worldcup/matches/round=249718/match=300061505/index.html

အောင်နိုင်သူ Greman မမ များကတော့ဒီလိုပျော်မြူးပြီးအောင်ပွဲခံခဲ့ကြပါတယ်။



ကျရှုံးသူ Latin america သူအပြာရောင်စွပ်ကျယ်နဲ့ မမ ကတော့ဖြင့်၊
ဟောဒီလို တိတ်တိတ်လေးကြေကွဲပြီး၊ အသံတိတ်ငေးမောနေရုံမှတစ်ပါး
အခြား ဘာမှမတတ်နိုင်တော့ပါ။


Bye Bye ပဲပြောလိုက်ပါရစေတော့ Coach Diego MARADONA ...



Peace !

AddThis Social Bookmark Button
Links to this post Email this post


ချစ်သူလမ်းကြား ... ။  

Monday, July 5, 2010

ပေါချောင်ကောင်း ... ဆိုတဲ့စကားတစ်ခွန်းရှိပါတယ်။
ပေါတယ်။ ချောင်ချောင်လေးရနိုင်တယ်။
ကောင်းလဲကောင်းတယ်ဆိုတဲ့ meaning ပါ။

အများသူတွေပြောကြားချက်အရ၊ ဒီလမ်းကြားထဲမှသက်ရှိရောင်းကုန်မမများဟာ၊
ပေါတယ်၊ ချောင်ချောင်လေးရနိုင်တယ် ဆိုတာသိထားပြီးဖြစ်ပေမဲ့၊
ကောင်း၏၊ မကောင်း၏ကတော့ စမ်းမကြည့်ဘူးလို့ မသိပါဘူး။
ဒီလမ်းကြားလေးဟာ Singapore နိုင်ငံ၊ Little India
ဆိုတဲ့မြို့ နယ်လေးအတွင်းမှာရှိတဲ့တရားဝင်လမ်းကြားလေးတစ်ခုပါ။

Singapore မှာဒီလိုမျိုးတရားဝင်ဖွင့်ထားတဲ့နေရာလေးတွေတော်တော်များများရှိပါတယ်။
အားလုံထဲမှာဈေးလဲကြီးပြီး၊ ရေပန်းအစားဆုံးနဲ့  အကျော်ကြားဆုံး
လူသိအများဆုံးနေရာကတော့ Geylang ရပ်ကွက်ပါ။
အဲ့ဒီ့ Geylang မှာတော့ဖြင့် Special one တွေကျက်စားပါတယ်။

အခုနေရာလေးကတော့ဖြင့်၊ ဈေးသက်သာပြီး၊
ရောင်းကုန်အဟောင်းတွေဖြစ်တာကြောင့်၊
အသက်ကြီးပေမဲ့ မပျက်စီးခြင်သေးတဲ့ ဖိုးဖိုးများ၊
များသောအားဖြင့် လာရောက်လေ့ရှိတယ်ဆိုတာလဲသိထားပါတယ်။

Special one များရှိရာ Geylang မှာဆိုရင်ဖြင့်၊
အခြားရိုးရိုး သာမာန်အိမ်များနှင့်မမှားလေရအောင်၊
အိမ်ရှေ့မှာမီးပုံးနီလေးထွန်းပြီး အမှတ်အသားပြသထားပါတယ်။
ဒီနေရာမှာကတော့ဒီလိုလေး အမှတ်အသားပြထားတာကိုမြင်တွေ့ ခဲ့ရပါတယ်။


မိုးရွာနေပေမဲ့၊ စိတ်၏စေစားရာကို၊
မလွန်ဆန်နိုင်သောဖိုးဖိုးတစ်ယောက်၊
ဒီလိုလေးထီးဆောင်းပြီး ဝင်ရောက်လာပါတယ်။


ပြီးတော့မမများကိုအပြင်ကနေလှမ်းပြီးလေ့လာပါတယ်။


ကြိုက်သွားပါပြီ။ ဖိုးဖိုးရဲ့ ဖြေလှမ်းများက
စိတ်၏စေလိုရာသို့ ဦးတည်လို့ သွားရပါပြီ။


အမှန်က Personal အရ ဖိုးဖိုးရဲ့ ပုံကိုကျွန်တော်မတင်သင့်ပါဘူး။
ဒါပေမဲ့ အဲ့ဒီ့နေရာမှာ ရှုရှုလုပ်ဖို့ အင်မတန်ခက်ခဲပြီး၊
ဘေးလဲမျာတာကြောင့်၊ ကျွန်တော်ပုံအများကြီးမရှုနိုင်ခဲ့ပါဘူး။
ဒီတော့ရခဲ့တဲ့ပုံလေးတစ်ချို့ ကိုပဲဖြစ်ဖြစ်မည်အောင်ဖေါ်ပြရတော့မှာမို့ 
Sorry ပါဖိုးဖိုး ခင်ဗျား ... ။
ဖိုးဖိုးရဲ့ မျက်နှာကိုတော့ တားတား Blur လုပ်ပြီးကာကွယ်ပေးထားလိုက်ပါတယ်။

သက်ရှိရောင်းကုန်မမ များကိုရှုဖို့ လဲကြိုးစားခဲ့ပါသေးတယ်။
ခိုးပြီးရှုလို့ ကတော့မဖြစ်ပါဘူး။
ခိုးရှုတာကိုသူတို့ ရဲ့ အထိန်းတော်များကတွေ့ သွားခဲ့ရင်၊
မတွေးရဲစရာတွေဖြစ်လို့ သွားနိုင်ပါတယ်။

ဒီတော့ ... ကျွန်တော်ကိုထူးထူးခြားခြား၊
ဖိုးဖိုးမဟုတ်တဲ့စားသုံးသူလို့ ယူပြီး၊
အိမ်ထဲမှ အပြင်ကိုထွက်ခါ၊ မြူဆွယ်စကားလာပြောတဲ့မမ တစ်ယောက်ကို
အစွမ်းကုန်ပြုံးပြပြီး၊
ပီယဝါစာချစ်ဖွယ်သောစကားကိုအတတ်နိုင်ဆုံးကြိုးစားပြောပြီးသကာလ ...
အဲ့ဒီ့မမ ကိုရှုဖို့ ကျွန်တော်ကြိုးစားခဲ့ပါတယ်။
မရပါဘူး။ ချောမောလှပတဲ့မျက်နှာအခံနဲ့ ကျွန်တော်ဖြစ်နေခြင်းကြောင့် ( ဟီးဟီး )
ရိုင်းစိုင်းစွာ ပြန်ပြီးအဆဲမခံရခြင်းပါ။

ဇစ်ကြီး ( ကိုဇစ် )ကတော့၊ ရူးခြင်ယောင်ဆောင်ပြီး၊
ရှေ့တည့်တည့်မှနေ ရှုဖို့ ခပ်တည်တည်နဲ့ အားထုပ်ပါတယ်။
ဒါလဲမရပါဘူး။

ကာကာ ( ကိုကာကာ ) ကတော့ခပ်လှန်းလှန်းမှနေပြီး၊
ready position နဲ့ အခွင့်သာရင်သူလဲဝင်ဆွဲမယ်ဆိုတဲ့သဘောနဲ့ ၊
ကျားချောင်းချောင်းနေပါခဲ့ပါတယ်။

ဒါကတော့ချစ်သူလမ်းကြားမှာစွန့် စွန့် စားစားနဲ့ ၊
တစ်ယောက်တစ်ဂျောင်ကပ်ပြီး ရှုရှု လုပ်နေကြသော
ဇစ်ကြီး နဲ့ ကာကာ။
( ကိုနိုက်၊ ကိုဇစ်၊ ကိုကာကာ နဲ့ ကျွန်တော်တို့ လေးယောက်
တန်းညှိထားခဲ့ကြပါတယ်။
ကျွန်တော်အစ်ကိုခေါ်ဝေါ်သုံးစွဲရတာကြားထဲမှာတစ်ခုခုခံနေသလို
ခံစားရတာကတစ်ကြောင်း၊ ကျွန်တော်တို့ တွေအချင်းချင်း
အသက်ကလဲမကွာလှတာကတစ်ကြောင်းကြောင့်၊
မင်း ... ငါ ... ဟုသုံးစွဲကြပြီး၊
နိုက်ကြီး၊ ဇစ်ကြီး၊ ကာကာ၊ ဇေယျာ ဟုသာခေါ်ဝေါ်သုံးစွဲကြပါတော့တယ် )


ဒီနေရာမှာနိဂုံးလေးကိုပြောခြင်ပါတယ်။
ကျွန်တော်ဟာ Special one များစုဝေးရာ Geylang ရပ်ကွက် 24 လမ်းမှာ၊
တစ်နှစ်ကျော်ကြာအောင်နေခဲ့ဘူးပါတယ်။
တစ်ချို့  Special one များဟာနေ့ စဉ်တွေ့ မြင်နေကြဖြစ်ခဲ့လို့ 
ခင်မင်ရင်းနှီးတဲ့အဆင့်ကိုရောက်ရှိခဲ့ပါတယ်။
ရိုင်းရိုင်းပြောရရင် Free ရနိုင်တဲ့အဆင့်အထိကိုခင်မင်ခဲ့ပါတယ်။
Yangon မှာတုန်းကလဲ၊ ဘော်ဘော်တွေနဲ့  Night Club တွေကိုသွားရင်း၊
Night Club တွေမှာကျင်လည်ကျက်စားတဲ့ သက်ရှိရောင်းကုန်မမ များနဲ့ ခင်မင်ခဲ့ဘူးပါတယ်။
သူတို့ ရဲ့ ဘဝတွေကိုနဲနဲစပ်စုကြည့်ခြင်လို့ အဲ့ဒီလိုခင်အောင်နေခဲ့ရခြင်းပါ။
ထိုသက်ရှိရောင်းကုန်မမ များနဲ့ ဟဝှာပြုခြင်းကိုတော့ဖြင့်၊
ကျွန်တော်ဝါသနာမပါ ပါဘူး။ မှန်ရာကိုပြောရရင်၊
တစ်ခါမှကိုမတစ်ခါကြည့်ခဲ့ဘူးပါဘူး။

အဲ့ဒီလို ကျွန်တော့်အနေနဲ့ ဝါသနာမပါခဲ့ပေမဲ့၊
Singapore အစိုးရရဲ့ ထိုအရာအပေါ်ထိန်းချုပ်ကိုင်တွယ်မှုကိုတော့ဖြင့်၊
ကျွန်တော်အတော်လေးသဘောကြထောက်ခံပါတယ်။
တရဝင်လိုင်စင်ချပေးထားပြီး၊ နေရာလေးတွေလဲသတ်မှတ်ပေးထားပါတယ်။
ကျန်းမာရေးဆေးစစ်မှုများကိုလဲ ပုံမှန်ပြုလုပ်ပေးပါတယ်။
သိသင့်သိအပ်သော ဗဟုသုတများကိုလဲသင်ကြားဖြန့် ဝေပေးပါတယ်။
ထို့ အတွက်ကြောင့်၊ ကျန်မာရေးအတွက်လဲ ဘေးကင်းပြီး၊
ထိုအရာများနဲ့ ပတ်သက်လာသောရာဇဝတ်မှုများကိုလဲ၊
ကောင်းမွန်စွာထိန်းချုပ်နိုင်ပါတော့တယ်။
တရဝင် အဲ့ဒီလိုမလုပ်ပေးထားရင်လဲ၊
မရှိတော့ဘူးမထင်ပါနဲ့ ၊ နေရာအနှံအပြားမှာမှောင်ခိုဈေးကွက်ကတော့ရှိနေမှာပါပဲ။
ထိုသို့ မှောင်ခိုဈေးကွက်ထွန်းကားလာသောအခါ၊
အစိုးရအနေဖြင့်၊ ကျန်းမာရေး၊ ရာဇဝတ်မှု အစရှိသည်များကို
ထိန်းချုပ်ရတာအလွန်မှခက်ခဲသွားပါပြီ။
ဒါကတော့ကျွန်တော့်အမြင်သက်သက်ပါ။
အားလုံး ဘေးကင်းပြီးကျန်းမာသောဘဝများကို
ပိုင်ဆိုင်နိုင်ကြပါစေ ... ။

Peace !

AddThis Social Bookmark Button
Links to this post Email this post


ရောက်တတ်ရာရာ ၊ တိုတိုထွာထွာ ... ၄  

Friday, July 2, 2010

ခရီးသွား ... ။

 Green Life.

The old home town looks the same as I step down from the train,
and there to meet me is my Mama and Papa.
Down the road I look and there runs Mary hair of gold and lips like cherries.
It's good to touch the green, green grass of home.
Yes, they'll all come to meet me, arms reaching, smiling sweetly.
It's good to touch the green, green grass of home.




ဘီယာတစ်ဗူးနဲ့ ၊ ချစ်တဲ့သူ။

သစ်တစ်ပင်အောက် ...
ဘီယာတစ်ဗူးနဲ့ ၊ ချစ်တဲ့သူ။
ချစ်တဲ့သူကနူတ်ခမ်းတွေဆူတော့၊
ဘီယာဗူးလေး နေဝင်ရရှာပေါ့ ...။




Hunting

ပုဇင်းလေးတစ်ကောင်နောက်ကိုလိုက်တာဗျာ။
Macro ရှုမလို့ ပေါ့။
ပုဇင်းလေးက မခံဘူးဗျ။
ပျံပြေးတယ်။
သူကပြေးကိုယ်ကလိုက်နဲ့  ...
နောက်ဆုံးတော့၊ အဲ့ဒီ့နေရာမှာကျွန်တော်ရပ်သွားတယ်။




Ignored

လုပ်ခြင်ရာသာစိတ်ကြိုက်လုပ်ပေတော့ ... အသင်လူသား။
ကျွန်ုပ်ဥပေကာပြုပါ၏။




အလင်းရောင်။

သန်းခေါင်ယံညနက်ထဲ၊
ရောင်စဉ်များကိုဖြန့် ကြဲ၊
မင်းဟာလောကကြီးရဲ့  ...
အလင်းရောင်။





Peace !

AddThis Social Bookmark Button
Links to this post Email this post


ရောက်တတ်ရာရာ ၊ တိုတိုထွာထွာ ... ၃  

Portrait Of Yume.

စိတ်ကူးထဲမှာရှိတဲ့အတိုင်းဖန်တီးနိုင်ခွင့်ရှိတယ်။
နှင်းဆီပန်းလေးတစ်ပွင့်ကိုပြပြီး။
အဲ့ဒါ့ ... " ယုမီ "ကွာဆိုပြီးလဲပြောပိုင်ခွင့်ရှိတယ်။
viewer များဘက်ကလဲ ဘယ်ကလာ
" ယုမီ "ရမှာလဲ၊
နတ်သမီးလေးပါကွာ ဆိုပြီးမြင်ပိုင်ခွင့်ရှိတယ်။
This is call creator, art work & viewer.
ကဲ ... ဘယ်သူတွေ၊ ဘာပြောကြမလဲ ?




Use Ur Illusion ...

Nikon D5000 + Adobe Lightroom + Photoshop = Use Ur Illusion ... By Zay Yar Hlaing.




လမ်းလျှောက် ကြသူများ ...

သွားကြတယ်။ လာကြတယ်။
တစ်ချို့ ကဦးတည်ရာရှိတယ်။
တစ်ချို့ ကဦးတည်ရာမဲ့ကြတယ်။
တစ်ချို့ ကဦးတည်ရာပျောက်နေကြတယ်။
ဘယ်လိုပဲဖြစ်ဖြစ်၊ နောက်ဆုံးဦးတည်ရာကတော့အတူပါပဲ။




Real & Fake .

မွေးလာထဲက အတုတွေကြားထဲမှာကြီးလာခဲ့ရတာဆိုတော့၊
အစစ်ဆိုတာကြီးကိုမြင်ရင်တောင်မှ၊
အတုကြီးပါကွာလို့ ပြောကြမလားပဲဗျာ။




မင်းရယ်၊ ငါရယ် ... လောကကြီးရယ်။

မိုးရွာသောနေ့  ... ။

ကြေကွဲကောင်းကင် ...။

လူသားအားလုံးကြေကွဲခြင်းမှကင်းဝေးကြပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်ဗျာ။




Peace !

AddThis Social Bookmark Button
Links to this post Email this post


ရောက်တတ်ရာရာ ၊ တိုတိုထွာထွာ ... ၂  

Panning 


What ?

ဘာတုန်းဟ ???
ဒီလူသားသောက်လုပ်မရှိသောက်လုပ်ရှာ၊
ငါ့ဟာငါလဲကောင်းကောင်းနှပ်နေလို့ မရပါလား ...။




Time 2 Sleep

အိပ်ချင်ပြီကွာ ...
လာမရှုပ်ကြနဲ့ တော့။
တောင်းပန်ပါတယ်၊
တစ်လောကလုံးဗြောင်းဆန်နေတာပဲ ...။




Union ...


Peace !

AddThis Social Bookmark Button
Links to this post Email this post


ရောက်တတ်ရာရာ ၊ တိုတိုထွာထွာ ... ၁  

Oops ... Miss My Train. 

ရထားကြီး ထွက်လို့ သွားပြီ။
နောက်ကျခဲ့လို့ သွားပြီ ...။




Opposite Way

တက်တဲ့လူကတက်၊ ထွက်တဲ့လူကထွက်။
ထွက်ကြတဲ့သူခြင်းတောင်မှ၊ ထွက်တဲ့ဘက်ခြင်းမတူကြဘူးလေ။




Panning Art

Art တစ်ခုများဖြစ်မလားဆိုပြီးအတွေးနဲ့ ကြိုးစားရှုကြည့်ထားတာပါ။
ဘာလဲကွာ ... မဖြစ်ပါဘူးလို့ ဆိုရင်လဲ ...၊
ကျွန်တော့်ဘက်ကဘာမှတော့ပြောစရာမရှိပါဘူး။




Race & Winner

ကျွန်တော်အကြိုက်ဆုံးအရောင်က 100% black ပါ။
Dark black. Totally black ပေါ့ဗျာ။
ပြီးတော့ dark ဖြစ်နေတဲ့ color တွေအားလုံးကိုလဲကြိုက်ပါတယ်။
soft color လို့ ခေါ်နိုင်တဲ့ အရောင်နုနုလေးတွေလဲကြိုက်တယ်။
ဒီတော့ ကျွန်တော်ရဲ့ ပုံတွေကများသောအားဖြင့် အလင်းနဲနေပြီးအမဲရောင်လွမ်းနေဖို့ များတယ်ဗျာ။ သီးခံပြီးအားပေးကြပါ။




Hug Each Other

ကိုဇစ်ရဲ့ အိမ်မှာပါ။
သူဝယ်ထားတဲ့ အရုပ်လေးနှစ်ရုပ်ရယ်။
ရွေးစေ့လို့ ယူဆရတဲ့အစေ့လေးတွေရယ်၊
ကျောက်စရစ်ခဲလေးတွေရယ်၊
ကျွန်တော်ရဲ့  Nikon cap ရယ်ကို
စားပွဲပေါ်တင်ပြီး ...
စိတ်ထဲရှိသလို installation လုပ်ပြီးရှုထားတာပါ။







Peace !

AddThis Social Bookmark Button
Links to this post Email this post


Design by Amanda @ Blogger Buster