Pages

ဖတ်ခဲ့ဘူးတဲ့ စာအုပ်လေးတစ်အုပ် ... ၁  

Monday, January 17, 2011

ကျွန်တော်ငယ်ငယ်တုန်းက ဖတ်ခဲ့ဘူးတဲ့စာအုပ်လေးတစ်ခုရှိတယ်။
ကြာပြီဗျာ။ စာအုပ်နံမည်ကိုမမှတ်မိတော့ဘူး။
အကြောင်းအရာတွေလဲ အသေးစိတ်တော့မမှတ်မိတော့ဘူး။
အဲ့ဒီ့ထဲက ဇာတ်ကောင်တွေရဲ  ့နံမည်တွေလဲ မမှတ်မိတော့ပါဘူး။
ပြင်သစ်စာရေးဆရာတစ်ယောက်ရေးခဲ့တဲ့ နံမည်ကျော်စာအုပ်ဆိုတာကိုတော့မှတ်မိနေပါတယ်။

မှတ်မိသလောက်လေးနဲနဲပြန်ပြောပြချင်တယ်။
ဒီလိုဗျာ ...
ထားပါတော့ ဇာတ်လိုက်နံမည်က မောင်ဖြူတဲ့။
မောင်ဖြူဟာ ရိုးသားတယ်။ အရာရာတိုင်းကို အရိုးသားဆုံးတွေးတယ်။
အရိုးသားဆုံးပဲ လုပ်ဆောင်တယ်။ လူတိုင်းနဲ  ့လဲအရိုးသားဆုံးပဲဆက်ဆံတယ်။
သူ့ရဲ  ့ရိုးသားစွာ ပြုမူပြောဆိုဆက်ဆံမှုတွေကိုလဲ အားလုံးကနားလည်မယ်လို  ့ပဲသူကယူဆထားတယ်။

သူ့မှာအမေတစ်ယောက်ရှိတယ်။
အဲ့ဒီအမေကြီးနဲ  ့အတူနေပြီး အမေကြီးကိုလုပ်ကျွေးပြုစုနေတယ်လို  ့ပဲအကြမ်းအားဖြင့်ဆိုကြပါစို  ့ဗျာ။
ဒါပေမဲ့ အမေကြီးက မောင်ဖြူနဲ  ့အတူနေချင်စိတ်မရှိဘူး။
သူ့ဟာသူ ဘိုးဘွားရိပ်သာမှာသွားနေချင်တယ်။
ဒီတော့မောင်ဖြူဟာ သူ  ့အမေကြီးရဲ  ့အလိုအတိုင်း ဘိုးဘွားရိပ်သာတစ်ခုကို ပို  ့ပေးလိုက်တယ်။
သူ  ့အမေကြီးဟာ ဘိုးဘွားရိပ်သာမှာ သူနဲ့အရွယ်တူ အဘိုးအဖွားတွေနဲ  ့အတူနေထိုင်ရင်း၊
ဘဝသစ်တစ်ခုပြန်ရသွားသလိုဖြစ်ပြီးပျော်ရွှင်နေခဲ့တယ်။
ဒီ့အပြင် ဘိုးဘွားရိပ်သာက အဖိုးတစ်ယောက်နဲ  ့ချစ်ကြိုးသွယ်မိခဲ့ကြတယ်။
သူ  ့အမေကြီးဟာ လုံးဝပြောင်းလဲသွားတယ်။
လန်းဆန်းလာတယ်။ တက်ကြွလာတယ်။ မျှော်လင့်ချက်တွေရှိလာတယ်။
နေရတာကျေနပ်စရာဆိုတဲ့ အပြုအမူ အပြောအဆိုတွေရှိလာတယ်။
ဒါကိုကြည့်ပြီး မောင်ဖြူဟာကျေနပ်တယ်။ ဝမ်းသာတယ်။
ငါနဲ  ့အတူနေရင် ငါ့အမေဟာ ဒီလိုတွေခံစားကျေနပ်ရမှာမဟုတ်ဘူးဆိုပြီး
အရိုးသားဆုံးတွေးတယ်။ သူ  ့အမေရဲ  ့နောက်ဆုံးအချိန်လေးအတွက် ကျေနပ်ပီတီဖြစ်နေမိတယ်။

ဒီအထိကိုကောက်ချက်နဲနဲချမယ်။

အမှတ် ၁ ... မောင်ဖြူဟာ သူ  ့အမေကြီးကို လုပ်ကျွေးပြုစုရတာညိုညင်လို  ့၊
ဘိုးဘွားရိပ်သာကိုပို  ့လိုက်တာမဟုတ်ဘူး။
သူ့အမေကြီးရဲ  ့တောင်းဆိုချက်ကို လိုက်ရောပေးခဲ့တာ။
ဒီလို လိုက်ရောပေးခဲ့လို  ့သူ  ့အမေကြီး အခုလို စိတ်သစ်လူသစ် ဘဝသစ်ဖြစ်ပြီး၊
နောက်ဆုံးအချိန်တွေကို ကျေကျေနပ်နပ်ကြီး ကျော်ဖြတ်နေတာကိုမြင်ရတော့ မောင်ဖြူဟာ ဝမ်းသာတယ်
ကျေနပ်ပီတိဖြစ်တယ်။ လူတွေကလဲ ဒီလိုပဲမြင်ကြမှာပဲလို  ့သူအရိုးသားဆုံးတွေးတယ်။

အမှန်ကတော့အဲ့ဒီလိုမဟုတ်ဘူး။
လူတွေက မောင်ဖြူဟာ အမေတစ်ခု သားတစ်ခုပဲရှိတာတောင်၊
အမေအိုကြီးကို လုပ်ကျွေးမှုမပြုပဲ ရက်ရက်စက်စက် ဘိုးဘွားရိပ်သာကိုပို  ့ပြစ်တယ်။
ကျေးဇူးမသိတတ်တဲ့ သားဆိုးသားမိုက်လို  ့ယူဆနေကြတာ။

P.S ... တစ်ခါထဲအပြီးရေးရင် လိုက်ဖတ်ရတဲ့ သယ်ရင်းများညီးငွေ  ့ပြီးကျိန်ဆဲကြမှာစိုးလို  ့၊
အပိုင်းခွဲလိုက်မယ်စိတ်ကူးပါတယ်။
ဆက်ရေးပါ့မယ်။


PEACE !

AddThis Social Bookmark Button
Email this post


Design by Amanda @ Blogger Buster