Pages

Modern Photograph  

Thursday, January 13, 2011

ပန်းချီကို Modern လိုဆွဲတော့ Modern ပန်းချီပေါ့ဗျာ။
ဓါတ်ပုံကို Modern လို ရှုကြည့်တော့ Modern ဓါတ်ပုံလို့ခေါ်ရင်ရနိုင်မလား ?
 


ဒီလိုပါဗျာ ...
တစ်ရက်မှာပေါ့ အိမ်နားကမြက်ခင်းပေါ်မှာထိုင်ပြီး
...၂၀၀ ပြောင်းနဲ ့လမ်းမပေါ်ကသွားလာနေကြတဲ့ ကားတွေကို
panning ထိုင်ဆွဲနေခဲ့ပါတယ်။

အဲ့ဒီလိုဆွဲရင်း ပုံမှန်မဟုတ်ပဲ နဲနဲစိတ်ရူးပေါက်ပြီး
click တဲ့အချိန်မှာလက်ကိုလှုပ်ကြည့်ပါတယ်။
ထွက်လာတဲ့ result ကိုသဘောကျမိတာကြောင့် အမျိုးမျိုးစမ်းပြီးလှုပ်လိုက်ရိုက်လိုက်လုပ်ပါတော့တယ်။
ဒီပုံလေးကအဲ့လိုစမ်းခဲ့တဲ့ပုံပေါင်းများစွာထဲက တစ်ပုံပါ။

f/32 , 1/5 sec , ISO 200 နဲ ့
ကားကိုခပ်ဝေးဝေးထဲကနေလှမ်းပြီး focus ဖမ်းထားပါတယ်။
ပြီးတော့ ကားလာရာအတိုင်း camera ကိုအလျှားလိုက်ဆွဲချလာပါတယ်။
click တော့မယ့်အချိန်မှာတော့ ၄၅ ဒီဂရီနီးပါးခပ်စောင်းစောင်းလေး
ဒေါင်လိုက် အထက်အောက်ခပ်စပ်စပ်လေး camera ပြောင်းလေးကိုတင်လှုပ်လိုက်ရင်း တစ်ခါထဲ click လိုက်ပါတယ်။

ဒါနဲ ့ပဲဒီပုံလေးရလာပါတော့
ကြီးကြီးကျယ်ကျယ်နဲ့ Modern Photograph လို့
ခပ်တည်တည်နဲ့ နံမည် တပ်လိုက်ရော ...။ ဟီ ...၊ ဟီး ...။
အားပေးကြတဲ့ သယ်ရင်းများအားလုံး ကျေးဇူးပါ။

PEACE !

AddThis Social Bookmark Button
Email this post


0 comments: to “ Modern Photograph

Design by Amanda @ Blogger Buster